နိုင်ငံရေး၊ စစ်ရေးဆက်စပ်မှုနှင့် ပြောက်ကျားစစ်အခြေခံ သဘောတရား။
နိဒါန်း။
ဤဘာသာရပ်မှ အခန်း (၆) ခန်းစလုံး ခြုံငုံသုံးသပ်ပါက စစ်ရေးနှင့် နိုင်ငံရေးသည် သီးသန့်ခွဲခြားမရ သည်ကို တွေ့ရှိရပေမည်။ ထို့ကြောင့် အခန်း (၆) ခု စစ်ရေးနှင့် နိုင်ငံရေးဆက်စပ်မှုဟုဆိုလျှင် ခြုံမိငုံမိ သည်ဟု ထင်မြင်ယူဆပါသည်။ ၎င်းအပြင် ဤသင်ခန်းစာမှစစ်ရေး၊ စစ်ရာနှင့် ပတ်သက်၍ ပြောက်ကျား စစ်ကို အဓိကပို့ချခြင်းဖြစ်သဖြင့် ပြောက်ကျားစစ်၏ အခြေခံသဘောတရားနှင့် ဆက်စပ်မှုရှိနေပါသည်။ ထို့ ကြောင့် ဤဘာသာရပ်ကို နိုင်ငံရေး၊ စစ်ရေးဆက်စပ်မှုနှင့် ပြောက်ကျားစစ်အခြေခံသဘောတရားဘာသာ ရပ်ဟု အကျဉ်းချုံးခေါ်ဆိုခြင်း ဖြစ်သည်။
ဤဘာသာရပ်တွင် အခန်း (၆) ခန်း ခွဲခြားထားသည်။
၁။ စစ်နှင့် နိုင်ငံရေး အခန်း (၁)
၂။ မဟာဗျူဟာ၊ နည်းဗျူဟာနှင့် တိုက်ပွဲများ အခန်း (၂)
၃။ ပြောက်ကျားစစ်ပွဲသမိုင်းမှ သင်ခန်းစာများ အခန်း (၃)
၎။ ပြောက်ကျားစစ်၏ အခြေခံသဘောတရားနှင့် အခြေခံမူ အခန်း (၄)
၅။ စစ်ရေးလမ်းညွှန် အခန်း (၅)
၆။ အခြေခံဒေသတည်ဆောက်ရေး အခန်း (၆)
အခန်း (၁)
စစ်နှင့် နိင်ငံရေး
ကျွန်ုပ်တို့သည် ချင်းအမျိုးသားတပ်မတော်အတွင်း အရာရာတွင် လက်နက်ကိုင်တိုက်ပွဲတခုတည်းကို သာ အာရုံစူးစိုက်ပြီး လက်နက်စွဲကိုင်တိုက်ပွဲဝင်မှ တော်လှန်ရေးသမားများဖြစ်သည်ဟူသော စစ်ရေးသက် သက်အယူအဆကို ဆန့်ကျင်သလို ပါတီအတွင်းအရာရာနိုင်ငံရေးလုပ်ဆောင်ခြင်းသာ အဓိကဖြစ်၍ မိမိနှင့် စစ်ရေးသည် မည်သို့မှမသက်ဆိုင်ဟု လက်နက်ကိုင်လမ်းစဉ်ကို မထိမဲ့မြင်ပြုသောနိုင်ငံရေးသက်သက်အ ယူအဆကိုလည်း ဆန့်ကျင်ရပေမည်။ နိုင်ငံရေးမသိဟူ၍ သဘောတရားလေ့လာရန် မပျက်ကွက်သင့်သလို စစ်တိုက်ဝါသနာမပါဟူ၍ စစ်ရေးအတတ်ကိုလစ်လျူရှုရန် မသင့်ပေ။ ကျွန်ုပ်တို့တော်လှန်ရေးကာလတ လျှောက်အခြေအနေဖန်တီးလာပါက နိုင်ငံရေးတိုက်ပွဲနှင့် စစ်ရေးတိုက်ပွဲကို အလိုက်သင့်ဆင်နွှဲရမည်သာ ဖြစ်သောကြောင့် စစ်ရေးနှင့် နိုင်ငံရေးနှစ်ခုကို သီးသန့်အနေအထားမျိုးဖြင့် ခွဲခြားမရနိုင်ဘဲ ဆက်စပ်မှုရှိ သည်။
စစ်ဆိုသည်မှာ အမျိုးသား၊ နိုင်ငံရေး၊ လူတန်းစား၊ နိုင်ငံရေး၊ အဖွဲ့အစည်းအချင်းချင်းတိုက်ပွဲဆင်ခြင်း၏ အမြင့်ဆုံးအသွင်လက္ခဏာပင် ဖြစ်သည်။
စစ်သည် နိုင်ငံရေး၏အဆက်ဖြစ်သလို နိုင်ငံရေးသည်လည်း သွေးထွက်သံယိုမှုမရှိသော စစ်ဖြစ်သည်။ နိုင်ငံရေးရည်မှန်းချက်များကို ရရှိရန် လုပ်ဆောင်သည့်ထူးခြားသော နိုင်ငံရေးနည်းလမ်းတခုဖြစ်ပေသည်။ နိုင်ငံရေးသည် ရှေ့သို့တက်လှမ်းမသွားနိုင်သောအခါ နိုင်ငံရေးထွက်လမ်းဖွင့်ပေးရန် စစ်ဖြစ်လာရပေသည်။
စစ်အောင်နိုင်ခြင်း (သို့မဟုတ်) ဆုံးရှုံးခြင်းကို နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် သဘာဝအနေအထား များက အဆုံးအဖြတ်ပေးပေသည်။ ထို့အပြင် စစ်တွင်ပါဝင်သူများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာစွမ်းရည်သာ လွန်မှုအပေါ်မူတည်၍ အနိုင်အရှုံးဖြစ်စေသည်။ စစ်ကိုညွှန်ကြားရာ၌ တဖက်စီ၏ ထိုးထွင်းကြံဆသည့်စွမ်း ရည်ကလည်း အဆုံးအဖြတ်ပေးရာ၌ အရေးပါလှသည်။ “ရန်သူ၏အခြေအနေနှင့် မိမိအခြေအနေကို ပိုင်နိုင် စွာသိရှိထားခြင်းဖြင့် သင်သည်တိုက်ပွဲတရားကိုဆုံးရှုံးမှုမရှိဘဲ အောင်မြင်စွာတိုက်နိုင်မည်” ဟူ၍ စစ်ပါရဂူ များက ဆိုထားသည်။
ကျွန်ုပ်တို့သည် ဗမာမဟာလူမျိုးကြီးဝါဒီနယ်ချဲ့အုပ်စိုးသူတို့၏ မတရားဖိနှိပ်ချုပ်ချယ်မှုမှ လွတ်မြောက် ရန်ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရန်ဟူသော နိုင်ငံရေးဦးတည်ချက်အတွက် အမျိုးသားလွတ်မြောက်ရေး၊ တော်လှန်စစ်ကို ဆင်နွှဲရခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် နိုင်ငံရေးပန်းတိုင်အရောက် (သို့မဟုတ်) နိုင်ငံရေး၊ လုပ်ငန်းများလမ်းပွင့်လာသည်အထိ တော်လှန်စစ်ကို ဆင်နွှဲရမည်ဖြစ်သည်။
အခန်း (၂)
မဟာဗျူဟာ နည်းဗျူဟာနှင့် တိုက်ပွဲများ
(က) အဂ္ဂမဟာဗျူဟာ၊ မဟာဗျူဟာ၊ နည်းဗျူဟာ၊ တိုက်နည်း။
၁။ အဂ္ဂမဟာဗျူဟာ (GRAND STRATEGY)
အဂ္ဂမဟာဗျူဟာ (GRAND STRATEGY) ဆိုသည်မှာ ပဋိပက္ခတခုတွင် မိမိတို့လိုအပ်ချက်များ၊ ပြည့်ဝ စေရေးအတွက် လက်လှမ်းမှီသည့်အင်အားအားလုံးကို (စီးပွားရေး၊ အင်အား၊ နိုင်ငံရေးရင့်ကျက်မှု၊ စစ်တပ် အင်အား၊ စိတ်ဓါတ်အင်အား၊ လုပ်အားအဖွဲ့အစည်းအင်အားစသည်တို့ကို ဆိုလိုပါသည်။) သင့်တော်အောင် သူ့နေရာနှင့် သူမည်သို့သုံးစွဲမည်ဟု ကြိုတင်စီစဉ်ထားခြင်း ဖြစ်သည်။
အဂ္ဂမဟာဗျူဟာ (GRAND STRATEGY) သည် အဖွဲ့အစည်းဆိုင်ရာရည်မှန်းချက်များနှင့် ၎င်းတို့၏အင် အားအရင်းအမြစ်များကို အလေးထားလေ့လာသည်။ ထို့နောက် ပဋိပက္ခတရပ်အားရင်ဆိုင်တိုက်ပွဲဝင်ရာ တွင် အသင့်တော်ဆုံးနည်းလမ်းများကို ရွေးချယ်သည်။ (ဥပမာ- အကြမ်းမဖက်လှုပ်ရှားမှုသမရိုးကျလက် နက်ကိုင် လမ်းစဉ်) အဂ္ဂမဟာဗျူဟာရေးဆွဲရာတွင် တော်လှန်ရေးခေါင်းဆောင်များသည် သုံးသပ်စီစဉ်ရန် လိုအပ်လှ သည်။ ထို့အပြင် အဂ္ဂမဟာဗျူဟာတွင် မည်သည့်အခြေအနေနှင့် အချိန်အခါမျိုးသည် မည်သည့် လျှုံ့ဆော် ဆောင်ရွက်မှုများကု အကောင်အထည်ဖေါ်မည်နည်းဟူသော အချက်လည်းပါဝင်သည်။
အဂ္ဂမဟာဗျူဟာတွင် အကန့်အသတ်နှင့် ထားပြီး ထိုက်သင့်သည့်တိုက်နည်းများကိုလည်း ရွေးချယ်ပြီး ဖေါ်ပြထားရမည်။ မည်သည့်အဖွဲ့အစည်းက မည်သည့်လှုပ်ရှားမှုမျိုးကို လုပ်ရမည်ဟုလည်း ချမှတ်ထားပေး ရမည်။ သုံးစွဲရမည့်ပစ္စည်း၊ ရနိုင်မည့်အကူအညီစသည်တို့ကို မည်သို့ခွဲဝေရမည်ဟုလည်း လမ်းညွှန်ထားရ မည်။
၂။ မဟာဗျူဟာ (STRATEGY)
မဟာဗျူဟာဆိုသည်မှာ မိမိတို့ လိုလားချက်တစုံတခုအတွက် ဘယ်နည်းနှင့် တိုက်ပြီးယူလျှင် အ ကောင်းဆုံးဖြစ်မည်ကို စဉ်းစားထားခြင်းဖြစ်သည်။ မိမိရွေးချယ်ထားသည့်အဂ္ဂဗျူဟာစည်းမျဉ်းစည်းကမ်းကို မကျော်ဘဲ တိုက်ခြင်းဖြစ်သည်။ လိုလားချက်အတွက် တိုက်ပွဲဖြစ်သင့်မဖြစ်သင့်၊ ဘယ်အချိန်တွင် တိုက်မည် မည်ကဲ့သို့တိုက်မည်အထိရောက်ဆုံးဖြစ်အောင် ဘယ်နည်းကိုသုံးမည်စသည်တို့ကို ညွှန်ကြားခြင်းဖြစ်သည်။
ရှင်ရှမ်း D. PHIL (OXON)
ဂျင်ရှပ်
မဟာဗျူဟာဆိုသည်မှာ မိမိ၏ရည်မှန်းချက်ရရှိရေးအတွက် မိမိအားပေးထားသောနည်းလမ်းများကို အ ဆင်ပြေအောင် အသုံးချခြင်းဖြစ်သည်။
(GEN- MOLK) မဟာဗျူဟာဆိုသည်မှာ မိမိရည်မှန်းချက်ရရှိရေးအတွက် ဗိုလ်ချုပ်တဦးသည် မိမိအား ပေးထားသည့်နည်းလမ်းများကို လက်တွေ့အဆင်ပြေအောင် အသုံးချခြင်းပင် ဖြစ်သည်။
(B.H) LITDEL HAND- ပေါ်လစီ၏ ရည်မှန်းချက်များကို ဖြည့်ဆည်းရန် စစ်ဘက်နည်းများကို အသုံးချ ခြင်း၊ ခွဲဝေသုံးခွဲခြင်း၊ ဝိဇ္ဖာပညာရပ် ဖြစ်သည်။
သေနင်္ဂဗျူဟာသည် စစ်အခြေအနေတခုလုံးကို ညွှန်ကြားသည့်တရားများကို စူးစမ်းလေ့လာရေးပင် ဖြစ်သည်။
ရန်သူနှင့် တိုက်သောတိုက်ပွဲအတွင်း မိမိတို့ဘက်က သေချာပေါက်ရှုံးနိုင်သည်ကို ကြိုတင်မြင်ထားနိုင် သဖြင့် တိုက်ပွဲကိုမတိုက်ဘဲ ရှောင်ထွက်ခြင်းမျိုးကဲ့သို့သော စစ်ပရိယယ်များပေါ်ပေါက်ထွန်းကားလာ အောင် ကြံဆောင်လုပ်ကိုင်ခြင်းသည် မဟာဗျူဟာထဲတွင် ပါဝင်သည်။ မိမိတို့အနိုင်ရနိုင်လောက်အောင် အထိ တိုက်ကွင်းတိုက်ကွက်များ တိုးတက်ကောင်းမွန်လာသည့်အခါမှ အောင်ပွဲခံနိုင်မည်ဖြစ်သည်။ မဟာ ဗျူဟာရေးစဉ်ရာတွင် မိမိအောင်ပွဲရသည့်အခါ ရသည့်အောင်ပန်းကိုကောင်းစွာ မည်သို့အသုံးပြုမည်ဆို သည့်နည်းလည်း ပါဝင်သည်။ မဟာဗျူဟာအကောင်အထည်ဖေါ်နိုင်ရန် နည်းဗျူဟာနှင့် လှုပ်ရှားမှုနည်း လမ်းများ (METHOD OF ACTION) လိုအပ်သည်။
၃။ နည်းဗျူဟာ (TACTICS) အသုံးချသည့်အပိုင်း၊ နည်းပရိယယ်
ချက်ချင်းဖြစ်တတ်သည့် အခြေအနေမျိုး။
နည်းဗျူဟာဆိုသည်မှာ အကြပ်အတည်းတခုခုဖြစ်လာသည့်အခြေအနေမျိုးတွင် မိမိတို့၏အင်အားများ ကို အခြေအနေအကောင်းဆုံးဖြစ်အောင် ကျွမ်းကျင်စွာအသုံးချတတ်သည့်နည်းပင် ဖြစ်သည်။
နည်းဗျူဟာကို ကန့်သတ်ထားသောရည်မှန်းချက်ရအောင် လုပ်ဆောင်ရာတွင် အသုံးပြုသည်။ အကြပ် အတည်းတွေ့နေသည့်တိုက်ပွဲဖြစ်လာလျှင်၊ မိမိတို့ရှိသမျှအင်အားကလေးကို မည်သို့ထိရောက်အောင်သုံးပြီး အကောင်အထည်ဖေါ်နိုင်မည်ကို ကြည့်ရမည်။ တကယ်တမ်းထိရောက်စေလိုလျှင် ထိုနည်းဗျူဟာများနှင့် လှုပ်ရှားမှုနည်းလမ်းများကို ကောင်းစွာရွေးချယ်တတ်ရမည်။ ထိုသို့ ရွေးချယ်ထားပြီးမှ ရည်မှန်းထားသော လိုလားချက်များရရှိရန်အတွက် မျက်ခြည်မပြတ်ဂရုစိုက်ပြီး အသုံးချလုပ်ဆောင်ရမည်။ ရည်မှန်းထားသော လိုလားချက်များရရှိအောင် မလုပ်ဆောင်နိုင်သောနည်းဗျူဟာများကြောင့် အချိန်ကုန်လူပန်းဖြစ်သွားနိုင် သည်။
အဂ္ဂဗျူဟာဘောင်အတွင်း မဟာဗျူဟာများကိုဆောင်ရွက်သကဲ့သို့ နည်းဗျူဟာများကိုလည်း မဟာ ဗျူဟာဘောင်အတွင်း၌ သင့်တော်သလို အသုံးချရမည်။ နည်းဗျူဟာဆိုသည်မှာ တိုက်ပွဲတခုအတွက် ရေး ဆွဲထားသောမဟာဗျူဟာ၏ အစိတ်အပိုင်းတခုသာဖြစ်၍ ၎င်းနည်းဗျူဟာကို မဟာဗျူဟာထက်ပိုမိုအချိန် တိုတောင်းသော အခြေအနေများတွင်သာ အသုံးပြုသည်။
မဟာဗျူဟာ၏ ရည်မှန်းချက်များအောင်မြင်မှုရရှိစေရန်အတွက် တိုက်စစ်ဆင်ရေးနည်းဗျူဟာကို ရွေး ချယ်အသုံးပြုသည်။ နည်းဗျူဟာများသည် စစ်ဆင်နည်းရေးဆွဲသူ၏ လက်နက်များပင် ဖြစ်သည်။ ထိုလက် နက်များကို အသုံးချပြီးမိမိရန်သူကို ထိထိရောက်ရောက်တိုက်ခိုက်နိုင်မည့် အခြေအနေကို ဖန်တီးနိုင်သည်။ ထို့ကြောင့် စစ်ဆင်ရေးပြင်ဆင်ရေးဆွဲရန် တာဝန်ရှိသူသည် တိုက်ပွဲ၏အခြေအနေမှန်ကို မှန်ကန်စွာအကဲ ဖြတ်တတ်ရမည်။ အသင့်လျော်ဆုံးနည်းပရိယာယ်ကို ရွေးချယ်တတ်ရန် အထူးအရေးကြီးသည်။
၎။ တိုက်နည်း (METHOD)
တိုက်နည်း (METHOD) ဆိုသည်မှာ သတ်မှတ်ထားသောလက်နက်များ (သို့မဟုတ်) အသုံးပြု သည့်လှုပ်ရှားနည်းများကို ဆိုလိုသည်။
လွတ်မြောက်ရေးတိုက်ပွဲ လှုပ်ရှားမှုများလုပ်ဆောင်သည့်အခါ မည်သည့်နည်းများအသုံးပြုမည်ကို ကောင်းစွာစဉ်းစားထားပြီး အစီအစဉ်များ ဆွဲရမည်။ ထိုးထွင်းညဏ်များကို အသုံးချရမည်။ လိမ္မာပါးနပ်စွာ အစီအစဉ်များကို ကြိုတင်ချမှတ်ထားပါလျှင် ဒုက္ခအမျိုးမျိုးရောက်နိုင်သည်။ မိမိ၏စိတ်ကူးညဏ်ကို ထိ ရောက်စွာအသုံးပြုတတ်လျှင် တိုက်စစ်ဆင်ရမည့်လမ်းစဉ်ကို ချမှတ်နိုင်သည်။ ထိုလမ်းစဉ်အတိုင်း လိုက်နာ ပြီး မိမိတို့ရရှိနိုင်မည့်အင်အားများကို အလိမ္မာနှင့် အသုံးပြုနိုင်လျှင် ပြည်သူတို့အဖို့ လွတ်လပ်ရေးပန်းတိုင်သို့ ခြေချရောက်ရှိသွားနိုင်ပေလိမ့်မည်။
(ခ) စစ်သေနင်္ဂဗျူဟာ၊ စစ်ပရိယာယ်အသုံးချခြင်း၊ တိုက်နည်းသဏ္ဍာန်။
၁။ စစ်သေနင်္ဂဗျူဟာ။
(၁) စစ်သေနင်္ဂဗျူဟာဆိုသည်မှာ တကမ္ဘာလုံးကို သော်လည်းကောင်း၊ နိုင်ငံတနိုင်ငံကို သော်လည်း ကောင်း၊ သီးခြားတည်ရှိနေသော ပြောက်ကျားဒေသကို သော်လည်းကောင်း၊ စစ်ဖြစ်နေသော စစ်မျက်နှာ တခုကို သော်လည်းကောင်း၊ စစ်အခြေအနေတခုလုံးကို ခေါ်ဆိုနိုင်သည်။ အဖက်ဖက်နှင့် အဆင့်အသီးသီး တို့ပါ ထောက်ချင့်ရသည့်အခြေအနေမျိုးကိုဆိုလျှင် စစ်အခြေအနေတခုလုံးဟု ခေါ်ဆိုနိုင်သည်။
(၂) စစ်သေနင်္ဂဗျူဟာဆိုသည်မှာ စစ်ရေးဆိုင်ရာတခုလုံးအမြင် ဖြစ်သည်။ ရေစစ်လမ်းစဉ်နှင့် တပြည်လုံး စီမံချက်များနှင့် သက်ဆိုင်သည်။
(၃) စစ်သေနင်္ဂဗျူဟာ၏ တာဝန်မှာ စစ်ရေးအခြေအနေတခုလုံးကို ညွှန်ကြားမည့်တရားများကို စူးစမ်းလေ့ လာရေး ဖြစ်သည်။
(၄) စစ်ပရိယာယ်နှင့် တိုက်ပွဲကြီးပညာတို့၏ တာဝန်မှာစစ်ရေးအခြေအနေတစိတ်တပိုင်းကို ညွှန်ကြားသည့် တရားများကို စူးစမ်းလေ့လာရေးဖြစ်သည်။
၂။ စစ်ပရိယာယ်ကို ပါးနပ်ကျင်လည်စွာ အသုံးချခြင်း (အဆင်ပြေသလို အသုံးချတတ်ရမည်၊ တတ် ကျွမ်းရမည်)
(က) ဖြန့်ခွဲချီတက်ခြင်းနှင့် ပူးပေါင်းတိုက်ခိုက်ခြင်း၊ ထိုးစစ်နှင့် ခံစစ်အတတ်ဝိုင်းပတ်ချေမှုန်းရေးအတတ်၊ အ လစ်တိုက်ခိုက်ရန် အတတ်နှင့် မိမိအားအလစ်တိုက်ခံရပါက ပြန်လည်တုန့်ပြန်ရန်အတတ်၊ မုန်တိုင်းစစ်နှင့် ချုပ်ငင်းစစ်ရှေ့တက်ခြင်းနှင့် နောက်ဆုတ်ခြင်း၊ အဆင်ပြေသလို ပြောင်းလဲအသုံးချတတ်ရမည်။
(ခ) ရင်ဆိုင်တိုက်ပွဲ၊ ချုံခိုတိုက်ပွဲ၊ အလစ်တိုက်ပွဲ၊ ညတိုက်ပွဲ၊ အနီးကပ်တိုက်ပွဲ၊ လက်တကမ်းတိုက်ပွဲ၊ စခန်း သိမ်းတိုက်ပွဲ၊ အဆင်ပြေသလို ပြောင်းလဲအသုံးချတတ်ရမည်။
(ဂ) ပစ်ခတ်ရေးပညာ၊ ကတုတ်တူးပညာ၊ လှံစွပ်ထိုးပညာ၊ ကိုယ်စီတိုက်ပွဲပညာ၊ ကျွမ်းကျင်တတ်မြောက်သိ နားလည်ထားရမည်။
၃။ တိုက်နည်းသဏ္ဍာန် (၂) မျိုး။
စစ်ရေးတိုက်ပွဲ၏ အခြေခံတိုက်နည်းသဏ္ဍာန်အရဆိုရသော် စစ်ပွဲမှန်သမျှအတွင်းခံစစ်နှင့် တိုက်စစ်ဟူ ၍ တိုက်နည်းသဏ္ဍာန် (၂) မျိုးသာ ရှိသည်။
(ဂ) မဟာဗျူဟာစစ်နှင့် နည်းဗျူဟာစစ် (သို့မဟုတ်) နည်းပရိယာယ်စစ်။
မဟာဗျူဟာစစ် (၄) မျိုး
၁။ ခံစစ် (DEFENCE WAR)
၂။ ထိုးစစ် (OFFENCE SIVE WAR)
၃။ ခွာစစ် (WITHDRAWAL WAR)
၎။ ပြောက်ကျားစစ် (GUARILLA WAR)
နည်းဗျူဟာစစ် (သို့မဟုတ်) နည်းပရိယာယ်စစ်
၁။ ခံစစ်
၂။ ထိုးစစ်
၃။ ခွာစစ်
၎။ ပြောက်ကျားစစ်
၅။ အဖျက်လုပ်ငန်းစစ်
၆။ ကျားဝတ်ချီစစ်
၇။ လင်းမီးဆွဲစစ်
၈။ လင်းယုန်ငှက်ချီစစ်
၉။ မုဆိုးစစ်တိုက်နည်း
၁၀။ လှုပ်ရှားစစ်
၁၁။ ချေမှုန်းရေးစစ်
၁၂။ ဖြိုခွဲစစ် (သို့မဟုတ်) ချွေစစ်
၁၃။ နေရာယူစစ်
၁။ ခံစစ်
ခံစစ်ရှင်နှင့် ခံစစ်သေဟူ၍ နှစ်မျိုးရှိသည်။ ခံစစ်ရှင်ဆိုသည်မှာ နေရာဒေသအတည်အကျမရှိဘဲ ရွေ့ ပြောင်းလှုပ်ရှားခြင်းမျိုး ဖြစ်သည်။ ခံစစ်သေဆိုသည်မှာ နေရာဒေသအတည်တကျရှိပြီး ထိုနေရာဒေသကို လက်မလွှတ်အောင် အခိုင်အမာတည်ဆောက်ထားသော ခံစစ်မျိုးဖြစ်သည်။
၂။ ထိုးစစ်
ဒေသန္တရထိုးစစ်နှင့် အထွေထွေထိုးစစ်ဟူ၍ ရှိသည်။ ဒေသန္တရထိုးစစ်သည် အမြဲတမ်းတပ်စွဲထိုးစစ်ဆင် ခြင်း၊ နေရာဒေသအလိုက် အမြဲတမ်းထိုးစစ်ဆင်ခြင်း ဖြစ်သည်။ အထွေထွေထိုးစစ်မှာ တပြိုင်တည်းနေရာ ဒေသအားလုံးထိုးစစ်ဆင်ခြင် ဖြစ်သည်။
၃။ ခွာစစ်
အခက်အခဲအခြေအနေကြပ်တည်းမှုမှ ပြန်လည်ထိုးစစ်ဆင်နိုင်ရန် အခြေအနေကိုပြန်လည်ထိန်းသိမ်း စုစည်းနိုင်ရန်အတွက် နောက်ဆုတ်ပေးခြင်း ဖြစ်သည်။
၎။ ပြောက်ကျားစစ်
ကိုယ့်ထက်အင်အားကြီးမားသော ရန်သူကိုအနှောင့်အယှက်ဒုက္ခပေးခြင်း ဖြစ်သည်။ ရန်သူစိတ်ဓါတ် ကျအောင် နှောင့်ယှက်ပြုလုပ်ပြီး ရန်သူနွမ်းပန်းလာသည့်အခါ တိုက်ခိုက်ခြင်း၊ ရန်သူ့မထင်မှတ်သည့်အချိန် တွင် မမျှော်လင့်သောဟာကွက်ပျော့ကွက်နေရာကို ပစ်ခတ်ထိုးဖောက်ပြီး ပြန်လည်ထွက်ခွာသွားခြင်းမျိုး ဖြစ်သည်။
၅။ အဖျက်လုပ်ငန်းစစ်
ရန်သူစစ်ဖက်ဆိုင်ရာ လုပ်ငန်းများ၊ ရန်သူအစိုးရဆိုင်ရာလုပ်ငန်းများကို ဖောက်ခွဲ၊ ဖျက်ဆီး၊ မီးရှို့ခြင်း ဖြစ်သည်။ (ဥပမာ- တံတား၊ စက်ရုံ၊ အလုပ်ရုံ၊ မီးရထား၊ ကား၊ သင်္ဘော၊ စစ်ရုံ၊ ရိက္ခာဂိုဒေါင်၊ ကြေးနန်း၊ ဆက်သွယ်ရေးရုံး---)
၆။ ကျားဝတ်ချီနည်း
ရန်သူကို ချဉ်းကပ်ပြီးပိုင်မှဝင်တွယ်၍ အမြန်ဆုံးပြန်လည်ထွက်ခွာသွားခြင်းမျိုး ဖြစ်သည်။
၇။ လင်းမီးဆွဲစစ်
လင်းမီးဆွဲစစ်ငှက်က ကျီးကန်းကိုဘေးပတ်လည်မှ တိုက်ခိုက်သလိုရန်သူကို အမျိုးမျိုးအဖုံဖုံဘေး၊ ရှေ့ နောက်၊ ဝဲယာမှ ဒုက္ခပေးနိုင်သမျှပေးပြီး ရန်သူစိတ်ဓါတ်ကျဆင်း၍ အင်အားချိနဲ့သောအခါမှ ကိုယ်တိုက်ချင် သည့်နေရာမှ အပိုင်ဝင်ရောက်တိုက်ခိုက်ချေမှုန်းခြင်း ဖြစ်သည်။
၈။ လင်းယုန်ငှက်ချီစစ်
ရန်သူ၏ အခြေအနေကို မပြတ်အချိန်ကြာကြာလေ့လာကြည့်ရှုအကဲခတ်ပြီး ရန်သူအငိုက်မိနိုင်လောက် သည့်အချိန်တွင် အပိုင်ဝင်ရောက်တိုက်ခိုက်ပြီး အမြန်ဆုံးပြန်လည်ကိုယ်ရောင်ဖျောက်ခြင်း ဖြစ်သည်။
၉။ မုဆိုးစစ်တိုက်နည်း။
မုဆိုးကသားကောင်ကို ချောင်းမြောင်းချဉ်းကပ်သလို ရန်သူကိုချောင်းမြောင်းချဉ်းကပ်ပြီး တိုက်ခိုက်ခြင်း ဖြစ်သည်။
၁၀။ လှုပ်ရှားစစ်
ရန်သူနှင့် ထိပ်တိုက်ရင်ဆိုင်ရာတွင် ဖြစ်စေ၊ အမြန်ဆုံးအတွင်းပိုင်းသို့ ဆုတ်ပေးပြီး ပိုင်အောင်တိုက်နိုင် မည့်နေရာကောင်းကို အမြန်ဆုံးရွေးချယ်ပြီး ပြင်ဆင်မှုအမြန်လုပ်ရမည်။ နောက်ကျမဖြစ်ပေ။ စောင့်ကြို တိုက်ခိုက်ချေမှုန်းသည့်အခါ အချိန်တိုတိုအတွင်း ပြီးစီးအောင်တိုက်ရမည်။
၁၁။ ချေမှုန်းရေးစစ် (အပိုင်စီးတိုက်ပွဲ)
ရန်သူ၏ဖွဲ့စည်းပုံအရ လက်နက်နှင့် လူအင်အားပြည့်နေသော တပ်ဖွဲ့တဖွဲ့ (ဥပမာ- တပ်မဟာတခု (သို့) တပ်ခွဲတခုကို ဖွဲ့စည်းပုံအလိုက်အကုန်လုံးကို ချေမှုန်းခြင်း (သို့မဟုတ်) ဖမ်းမိခြင်းအားဖြင့် ရန်သူကိုအရင်း အမြစ်မှနေ၍ တိုက်အားဆုံးရှုံးသွားစေမှ ချေမှုန်းစစ်ဟုခေါ်နိုင်သည်။ ချေမှုန်းစစ်ဆိုသည်မှာ ရန်သူ၏ လက် နက်ကိုဖြုတ်ပစ်ခြင်း ဖြစ်သည်။ တနည်းပြောရလျှင် ရန်သူမခုခံနိုင်အောင် လုပ်လိုက်ခြင်းပင် ဖြစ်သည်။
ရန်သူတိုင်း၏ ခနာကိုယ်ကို ချေမှုန်းပစ်ရန်မဟုတ်ပေ။ အကယ်၍ တပ်ဖွဲ့တဖွဲ့တည်းမှတပ်ဖွဲ့ငယ်တခု နှစ်ခုလောက်ကိုသာ ချေမှုန်းပစ်လိုက်ပြီး အဓိကအင်အားကို ချေမှုန်းမပစ်သေးလျှင် ချေမှုန်းရေးသဘောပါ သော တိုက်ခိုက်ခြင်းဟုခေါ်သည်။
သာလွန်သောတပ်အင်အားကို စုစည်းပြီး ရန်သူကိုဝိုင်းဝန်းပန်းတိုက်ခြင်းမဟုတ်လျှင် ချေမှုန်းစစ်မဆင် နိုင်ပေ-
ရန်သူအားလုံးကို ချေမှုန်းစစ်ဖြင့် တခါတည်းချေမှုန်းနိုင်မည်တော့ မဟုတ်။ တိုက်ပွဲကြီးနှင့် တိုက်ပွဲတိုင်း တွင် ရန်သူစစ်ကြောင်းတကြောင်း (သို့မဟုတ်) ရန်သူ၏ တစိုက်တပိုင်းကိုသာ ခြေမှုန်းနိုင်မည်။ ထိုသို့ အ ကြိမ်ကြိမ်အခါခါ အောင်ပွဲခံရပြီးသောနောက်တွင် ရန်သူကအရေးမသာသော အခြေအနေသို့ ပြောင်းလဲပစ် နိုင်သည်။
၁၂။ ဖြိုခွဲစစ် (သို့မဟုတ်) ချွေစစ်
ရန်သူဖွဲ့စည်းပုံအလိုက်တခုမှ အကုန်ချေမှုန်းမပစ်နိုင်ဘဲ ရန်သူကိုအသင့်အတင့်သာ တိုက်ခိုက်နိုင်ပါ လျှင် ဖြိုခွဲစစ် (သို့မဟုတ်) ချွေစစ်ဟုသာ ခေါ်သည်။
ချွေစစ်တွင် အလေးထားချက်သည် ရန်သူ၏ဆက်သွယ်ရေးလမ်းကြောင်းမကြီးများ ကုန်းကြောင်း၊ ရေ ကြောင်းကို နှောင့်ယှက်ဖျက်ဆီးရေးများ လုပ်ရမည်။ ရန်သူ၏ ဂိုဒေါင်များစစ်ရေးလျှို့ဝှက်စခန်းများ၊ စစ် တပ်၊ ညွှန်ကြားရေးရုံးများစသည့်ရန်သူ့နောက်ပိုင်း ပစ်မှတ်များကို မိမိတိုက်ခိုက်ရေးတပ်များဖြင့် တိုက်ခိုက် ရမည်။ ရန်သူ၏ မြို့များ၊ စီးပွားရေးအချက်အချာဒေသများကို အမြဲခြိမ်းခြောက်နိုင်အောင် ပြုလုပ်ရမည်။
၁၃။ နေရာယူစစ်။
နေရာယူစစ်ဆိုသည်မှာ သေနင်္ဂဗျူဟာခံစစ်မှာ ဖြစ်စေ၊ သေနင်္ဂဗျူဟာတိုက်စစ်မှာ ဖြစ်စေ၊ တိုက်ပွဲနှင့် တိုက်ပွဲစဉ်များအတွင်း တပ်ခွဲပြီးနေရာယူတိုက်သည့်စစ်ကို ဆိုလိုသည်။
(ဃ) တိုက်ပွဲများ။
၁။ အဓိပါယ်နှင့် ရည်ရွယ်ချက်များ။
(၁) ခြုံခိုတိုက်ပွဲ၏ အဓိပါယ်နှင့် ရည်ရွယ်ချက်။
ခြုံခိုတိုက်ပွဲဆိုသည်မှာ ရန်သူ၏အင်အားအခြေအနေ၊ လှုပ်ရှားမှုတရားတွေကို နားလည်ပြီးနောက်၊ မိမိ တို့တပ်ကို ရန်သူထက်အရင်ဦးဆုံးလုံခြုံတဲ့နေရာကို ယူထားကာ တပ်ဖြန့်ခွဲဖုံးကွယ်ပြီးမှ ထိုနေရာမှလှုပ်ရှား ရောက်ရှိလာသောရန်သူကို ဗြုန်းကနဲ၊ အလစ်အငိုက်တိုက်ခိုက်ချေမှုန်းခြင်း ဖြစ်သည်။ စောင့်၍ခြုံခိုတိုက် ခိုက်ခြင်းနှင့် မျှားခေါ်ပြီးခြုံခိုတိုက်ပွဲခြင်းဟူ၍ နှစ်မျိုးရှိသည်။ ၎င်းသည် ရန်သူကိုအလွယ်တကူတိုက်ခိုက် သတ်ဖြတ်နိုင်သည်။ ရန်သူစစ်ကူ၊ ထွက်ပြေးသော ရန်သူ၊ ထောက်လှမ်းသော ရန်သူ၊ လှုပ်ရှားသည့်ရန်သူ များကို ချေမှုန်းပစ်ချင်သည်။
ရည်ရွယ်ချက်များ
(က) လှုပ်ရှားနေသော ရန်သူကိုရန်သူမမျှော်လင်းသောအချိန်တွင် အငိုက်ဖမ်းအလစ်တိုက်ချေမှုန်းပစ်ရန် ဖြစ်သည်။
(ခ) ရန်သူအများအပြားသေကြေဒဏ်ရာရစေရန်နှင့် ရန်သူသုံ့ပန်းဖမ်းမိစေရန် ဖြစ်သည်။
(ဂ) မိမိတပီမှ အလိုရှိသည့်သတင်းနှင့် ပစ္စည်းများရရှိရန် ဖြစ်သည်။
(ဃ) ရန်သူတပ်၊ အဖွဲ့အစည်းပျက်ပြားပြီး တိုက်ရည်ခိုက်ရည်ကျဆင်းစေရန်။
(င) ရန်သူတပ်ချီတက်မှု နှောင့်ယှက်နှေးသွားစေရန်။
(၂) အလစ်ဝင်တိုက်ပွဲ။
ရန်သူမမျှော်လင့်သည့် အချိန်၊ နေရာတွင် ရန်သူမမျှော်လင့်သည့်စစ်ဆင်ရေးနည်းနာနှင့် ကြိုတင်ရွေး ချယ်ထားသည့်ဦးတည်ချက်ကို ညအမှောင်ထု (သို့) မြင်ကွင်းမကောင်းသည့်အချက်အလက်ကို အသုံးပြုပြီး လျှို့ဝှက်လျင်မြန်သည့်လှုပ်ရှားမှုနှင့် ရုတ်တရက်တိုင်သည့်စစ်ဆင်ရေးလုပ်ဆောင်ချက် ဖြစ်သည်။
အလစ်တိုက်ခြင်းဆိုသည်မှာ ပြောက်ကျားတပ်အပြည့်အဝစေ့စပ်သေချာစွာ ပြင်ဆင်မှုလုပ်ထားသည့် အခြေခံပေါ်တွင် လျင်မြန်စွာလျှို့ဝှက်စွာ လှုပ်ရှားခြင်း၊ ရန်သူအားရုပ်ချည်းရွပ်ရွပ်ချွံချွံ ထိုးစစ်ဆင်ခြင်းတို့ဖြင့် တိုက်ပွဲကိုအလျက်အမြန်ဖြေရှင်းသော တိုက်ပွဲတိုက်နည်းတမျိုး ဖြစ်သည်။ ပြောက်ကျားတပ်က ရန်သူကို ထိုးစစ်ဆင်ရာ၌ ကျင့်သုံးသည့်အခြေခံနည်းနာတရပ် ဖြစ်သည်။
အလစ်တိုက်ခြင်း၏ ရည်ရွယ်ချက်
သေးငယ်သောရန်သူကို ချေမှုန်းပစ်ရေး၊ ရန်သူလက်နက်များပစ္စည်းကိရိယာများကို လုယူရေးအတွက် ဖြစ်သည်။ သို့မဟုတ် အင်အားကြီးရန်သူကို အမှည့်ချွေရေးနှင့် နှောင့်ယှက်တိုက်ခိုက်ရေး၊ ရန်သူ၏လှုပ်ရှား မှုစီမံကိန်းကို ဖျက်ဆီးပစ်ရေး၊ ရန်သူအားလှည့်စားခြင်းချုပ်ငင်ထားရေးတို့အတွက် ဖြစ်သည်။
အလစ်တိုက်ပုံကို လှုပ်ရှားနေသည့်ရန်သူအား အလစ်တိုက်ခြင်းနှင့် တပ်ခွဲနေသည့်ရန်သူအား အလစ် တိုက်ခြင်းဟူ၍ နည်းနာနှစ်မျိုးခွဲခြားထားသည်။
(၃) တွေ့ဆုံတိုက်ပွဲ
တွေ့ဆုံတိုက်ပွဲသည် ရန်- ငါနှစ်ဖက်စလုံးလှုပ်ရှားမှုအတွင်း ကြုံတွေ့သည့်အချိန်ဖြစ်သည့် တိုက်ပွဲဖြစ် သည်။ ကြိုတင်ခန့်မှန်းထားသော တွေ့ဆုံတိုက်ပွဲနှင့် ကြိုတင်ခန့်မှန်းမှုမရှိသော တွေ့ဆုံတိုက်ပွဲဟူ၍ (၂) မျိုး ရှိသည်။
ပြင်ဆင်မှုရှိလျှင် အခြေအနေအမျိုးမျိုးကို သင့်လျော်စွာရင်ဆိုင်နိုင်သည်။ ရန်သူအခြေအနေစိုးရိမ်စရာရှိ သည့်အခါမျိုး၌ ချီတက်လျှင်ရန်သူနှင့် တွေ့ဆုံနိုင်ခြင်းရှိမရှိ ခန့်မှန်းပြီး ရန်သူနှင့် ရင်ဆိုင်ရန်ပြင်ဆင်မှု ကောင်းစွာ လုပ်ရမည်။
(၄) အနီးကပ်တိုက်ပွဲ
အနီးကပ်တိုက်ပွဲဆင်ရာတွင် ညအမှောင်ထု (သို့မဟုတ်) ကိုယ်အတွက်အဆင်ပြေသော အချက်အ လက်ကို အသုံးပြုပြီး ရန်သူထံအနီးကပ်သွားရမည်။ ရန်သူထံကို အနီးကပ်ပြီးတိုက်ဝံ့ရမည်။ ရန်သူအတွင်း ပိုင်းကြားဝင်ထိုးဖောက်ပြီး တိုက်ရဲရမည်။ ရန်သူများအနီးကပ်လာမှ သေနတ်၊ လက်ပစ်ဗုံး၊ လှံစွပ်ထိုးနှင့် ရုတ်တရက်ရဲရဲရင့်ရင့် တဟုန်းထိုးချေမှုန်းသုတ်သင်ပစ်ရမည်။ ဤသို့လုပ်၍ အမြောက်တင်ကားနှင့် လေ ယာဉ်ပျံစသော သာလွန်အားကောင်းသည့်ရန်သူလက်နက်များကို အသုံးမကျဖြစ်သွားစေသည်။
(၅) ညတိုက်ပွဲ
ညတိုက်ပွဲဆင်လျှင် ရန်သူထံအလွယ်တကူချည်းကပ်သွားနိုင်မည်။ ညတိုက်ပွဲကို ရုတ်တရက်ဆင်နိုင် မည်။ အနီးကပ်တိုက်ပွဲ၏ တန်ဖိုးကိုအပြည့်အဝဖေါ်ထုတ်နိုင်မည်။ ညတိုက်ပွဲဆင်ရန်အတွက် ရန်သူ့အ ကြောင်းနှင့် မြေအနေအထားကို သိကျွမ်းအောင်ဂရုစိုက်လုပ်ထားရမည်။ တာဝန်များကို ရှင်းရှင်းလင်းလင်း ခွဲဝေပြီး ထားရမည်။ စစ်တိုက်ရန်လိုအပ်သော ပူးပေါင်းဆောင်ရွက်ရေးနှင့် အချက်ပြဆက်သွယ်ရေးကို စေ့ စပ်သေချာစွာ ကြိုတင်စီမံထားရမည်။ မိမိတပ်များကို အစုကလေး (သို့မဟုတ်) တဦးတည်းတိုက်ခိုက်သော စိတ်ဓါတ်မျိုးတိုးပွားအောင် လုပ်ရမည်။ လျှို့ဝှက်လျင်မြန်စွာ လှုပ်ရှားရမည်။ ရန်သူကို အငိုက်ဖမ်းဆီးပြီး ကြားဝင်ထိုးဖောက်ပိုင်းခြားရမည်။ ရန်သူကို အနီးကပ်ဖြင့် ချေမှုန်းနိုင်အောင် ကြိုးစားရမည်။
(၆) စခန်းသိမ်းတိုက်ပွဲ။
ရန်သူအခိုင်အမာ၊ အမာခံစစ်ခန်၊ အားချေမှုန်းသိမ်းပိုက်ရန်။
၂။ ဆိုင်ရာတိုက်ပွဲတွင် လုပ်ဆောင်ရမည့်အချက်များ။
ခြုံခိုတိုက်ခိုက်နည်း။
၁။ ကြိုတင်ပြင်ဆင်မှုပထမအဆင့်
(က) ရည်မှန်းချက်အတိအကျ ရွေးချယ်ရန် (ပုံမှန်လှုပ်ရှားမှု)
(ခ) သတင်းထောက်လှမ်းမှုပြည့်စုံစွာ လုပ်ရန် (အချိန်ကြာကြာလေ့လာ)
(ဂ) မိမိတပ်များကို သိပ်သည်းစွာလေ့ကျင့် (ဇာတ်တိုက်ပေး၊ ဘယ်နေရာမှာဆိုသည်ကို ဆုံးဖြတ်ပြီးမှ လေ့ ကျင့်)
(ဃ) တပ်များအတွက် လိုအပ်သည့် ဆေးဝါးလက်နက်ခဲယမ်းမီးကျောက် အဝတ်အစားရိက္ခာများစုဆောင်း လိုအပ်သည့် နေရာများတွင် ရိက္ခာကြိုတင်စုဆောင်းထားရမည်။
၂။ ကြိုတင်ပြင်ဆင်မှု ဒုတိယအဆင့်။
(က) ရည်မှန်းထားသည့် ချေမှုန်းရေးနေရာသို့ တပ်မှူးကိုယ်တိုင်ကွင်းဆင်း ထောက်လှမ်းရန်။
(ခ) ရန်သူလှုပ်ရှားမှုအခြေအနေသုံးသပ်ပြီး မိမိတပ်စတင်လှုပ်ရှားသည့် အချိန်နေရာများကို သတ်မှတ် (အားလုံးပြီးစီးမှ တပ်စု)
(ဂ) စုရပ်နှင့် စုံရပ်များကို သတ်မှတ်နေရာချ
(ဃ) တပ်များ၏ လုံခြုံမှု၊ စိတ်ငြိမ်မှု သတိပြု
၃။ တပ်များစတင်လှုပ်ရှားခြင်း။
(က) ရန်သူလှုပ်ရှားမှုနှင့် ချိန်ကိုက်ဖြစ်နိုင်သော အချိန်ကို သတ်မှတ်၍ တပ်များကိုစုရပ်သို့ လျှို့ဝှက်ပြီး တပ် စုရန်။
(ခ) စုရပ်သို့ရောက်ရှိလာသော တပ်များကို လိုအပ်သည်များစစ်ဆေးခြင်း၊ ညွှန်ကြားချက်ပေးခြင်း၊ လိုအပ် လျှင်တပ်မှူးများအား ချေမှုန်းဧရိယာသို့ သွားရောက်လေ့လာစေရန်။
(ဂ) ရန်သူကို စောင့်နေသည့်အချိန်အတောအတွင်း စားသောက်ရန်ရိက္ခာချက်ပြုတ်ရေးကို စီစဉ်ရန်။
(ဃ) ကျင်းတူးကိရိယာ၊ ဆက်သွယ်ရေးကိရိယာများကို စစ်ဆေးရန်။
(င) သတ်မှတ်သည့်အချိန်ရောက်သည်နှင့် (AMBUSH) ဧရိယာသို့ ဆိတ်ငြိမ်စွာ စမျဉ်းမှကျော်ပြီး နေရာယူ ရန်။
(စ) သတ်မှတ်ထားသည့်အတိုင်း တပ်စိတ်၊ တပ်စု၊ တပ်ခွဲ၊ အလိုက်နေရာယူကျင်းတူးဆက်သွယ်ရေးစံနစ်စီ စဉ်ရန်။
(ဆ) နေရာယူတွင် (POINT) ပစ်ရန် နေရာ၊ လူရွေးချယ်ခြင်း၊ ရှေ့ကာနောက်ကာကင်း (DEFENCE) နှင့် အရေးကြီးသည့် တောင်ကုန်းများကို စိုးမိုးထားရန်။
၎။ နေရာယူရာတွင် သတိပြုရန်အချက်များ။
(က) တပ်ဖွဲ့များနေရာယူရာတွင် ပစ်ကွင်းလမ်းမနှင့် နီးကပ်လွန်းခြင်း၊ အလှမ်းဝေးလွန်း၍ ရန်သူအားမမြင်ရ ဘဲ ပစ်ခတ်ခြင်း၊ မဖြစ်အောင်တပ်မှူး၊ တပ်စိတ်မှူးများကိုယ်တိုင်စစ်ဆေးနေရာချပေးရမည်။ တပ်သားသည် သူ့ဟာသူနေရာမရွေးရ (ယေဘုယျမီတာ- ၂၀ မှ ၅၀ ကြားတွင် ထားသင့်သည်)
(ခ) ကတုတ်ပစ်ကျင်းများအား သဘာဝနှင့် ကိုက်ညီအောင် ရုပ်ဖျက်ဖုံးကွယ်ထားရမည်။ မြေဇာများပေါ်မ နေစေရ။
(ဂ) သာမန်မိုင်း၊ မိုင်းပဒေသများထောင်ထားပါက ရန်သူပစ်ကွင်းသို့ မဝင်သေးခင်လူ၊ တိရိစ္ဆာန်မိမိတပ်နှင့် သစ်ကိုင်းများကြောင့် ပျက်စီးခြင်း၊ ပေါက်ကွဲသွားခြင်းမရှိစေရန်။
(ဃ) လမ်းများပေါ်တွင် ခြေရာ၊ လက်ရာများ၊ ရန်သူမသင်္ကာနိုင်သည့်လက်ရာများ မကျန်စေရန်သတိပြု လုပ်ဆောင်ရမည်။
(င) တပ်သားတိုင်းအား ဆေးလိပ်မသောက်စေရ၊ အမွှေးအနံ့ပြင်းသော ခေါင်းလိမ်းဆီ၊ ရေမွှေးစသည့်တို့မ သုံးစေရ၊ အပေါ့အပါးစွန့်ချိန် ကျင်းတူးပြီး ပြန်လည်ဖုံးစေရမည်။
(စ) စကားပြောခြင်း၊ တစုံတခုသောအသံထွက်စေခြင်းမျိုးလုံးဝ ခွင့်မပြုရ။ ဆက်သွယ်ရေးအတွက် နှီးနွယ် ကြိုးများဖြင့် ဆက်သွယ်ရမည်။
(ဇ) ချေမှုန်းရေးအဆုံးမသတ်ခင် စစ်ကူလာနိုင်သော နေရာ၊ ရန်သူပန်းတက်လာနိုင်သော နေရာများအား ဖြတ်တောက်ရန် အခိုင်အမာတပ်ချရမည်။
(ဈ) ဦးစီးကွပ်ကဲရသော တပ်မှူး၏ကွပ်ကဲရေနေရာသည် (AMBUSH) ကွင်း တခုလုံးအား စိုးမိုးမြင်နိုင်ပြီး လက်အောက်တပ်မှူးများသို့ အလွယ်တကူဆက်သွယ်နိုင်သောနေရာတွင် နေရာယူရမည်။ နီးကပ်လွန်း ခြင်း၊ ဝေးလွန်းခြင်း မဖြစ်စေရ။
(ည) ရန်သူမလာမချင်း (သို့မဟုတ်) သတင်းပေါက်ကြားမှုမရှိမချင်းဆက်သွယ်စောင့်ဆိုင်းနေစဉ် ချက်ပြုတ် စားသောက်ရေးအား ဆိတ်ငြိမ်လျှို့ဝှက်စွာ ပြုနိုင်ရန်စီစဉ်ရမည်။
(၅) လက်တွေ့ချေမှုန်းပစ်ခတ်ခြင်း။
(က) ရန်သူသည် ပစ်ကွင်းသို့ဝင်လာလာခြင်းကြည့်ကင်းမှ အချက်ပေးသည်နှင့် အချင်းချင်းဆက်သွယ်ရေး ကြိုးမှ တဆင့် အချက်ပေးပို့ရမည်။
(ခ) (SCOTT (or) POINT ) ပစ်မှတ်းသို့ ရန်သူဝင်လာသည်နှင့် စုပြုံပြီး မိမိပစ်မှတ်များရှိ ရန်သူများအား ပစ်ခတ်ရမည်။ (SCOTT ) မပစ်ဘဲ မပစ်ရ။ တစုံတခုသောရန်သူအခြေအနေပြောင်းလဲမှုရှိမှသာ ပစ်ခတ်ရ မည်။
(ဂ) မိမိပစ်ပိုင်နယ်သတ်မှတ်ထားသည့် ကွင် အတွင်းမှ ရန်သူများအား ပိုင်ပိုင်နိုင်နိုင်အပြတ်အသတ်ပစ် ခတ်ချေမှုန်းရမည်။
(ဃ) ရန်သူအား အဆုံးအသတ်ချေမှုန်းလိုပါက နောက်ပိုင်းမှပိတ်ဆို့ဝိုင်းပိတ်ပြီး ပစ်ခတ်ရမည်။ တချီတွက် သာ ချေမှုန်းလိုပါက မိမိဖြတ်တောက်လိုသည့်နေရာမှ ထိုးဖောက်ပြတ်တောက်ပြီး တဖက်ခံ၊ တဖက်ပိတ်ဆို့ ချေမှုန်းရမည်။
(င) ရန်သူ၏ ပစ်ခတ်မှုအခြေအနေအားလုံးသုံးသပ်ပြီး အရေးသာသည့်နေရာမှ စတင်၍ထိုးစစ်ဆင်ချေမှုန်း ရမည်။ လက်ပစ်ဗုံး၊ ခွင်းလက်နက်များအသုံးပြုပြီး တဆင့်ပြီးတဆင့် ရှင်းလင်းချေမှုန်းရမည်။
(စ) ဖမ်းဆီးရမည့် ရန်သူလက်နက်ခဲယမ်းပစ္စည်းများအား နောက်ပိုင်းသို့အမြန်ပို့ရမည်။
(ဆ) မလိုအပ်ဘဲ အော်ဟစ်ဆဲဆိုခြင်း၊ ပစ်ခတ်ခြင်းမပြုရ၊ ကျားထိုးချိန်မှတပြုံလုံး အော်ဟစ်ကျားထိုးရမည်။
(၆) ဆုတ်ခွာခြင်း။
(က) သတ်မှတ်ထားသည့်စုရပ်သို့ စနစ်တကျဆုတ်ခွာရမည်။
(ခ) လူထုနစ်နာစေမည့်လုပ်ရပ်များ ဆုတ်ခွာမှုများမဖြစ်အောင် သတိထားရမည်။
(ဂ) ရန်သူကို လှည့်ဖြားပြီးဆုတ်ခွာ ရမည်။
(ဃ) ဆုံရပ်သို့ရောက်ရှိပါက တပ်ဖွဲ့အလိုက်နိဂုံးချုပ်ဆွေးနွေးမှု၊ ပညာပေးမှု ပြုလုပ်ရမည်။
မှတ်ချက်။ ။ ရန်သူပင်မတပ်ဝင်ရောက်လာသည်နှင့် တိုက်ကွက်ကိုလုယူပြီး ခေါင်းကိုတား၊ ခါးကိုဖြတ်၊ အမြီးကိုပိတ်တိုက်နည်းပရိယာယ်အသုံးပြု။ အချက်အချာနေရာကို ချုပ်ကိုင်ထားရမည်။ ရန်သူ တွေ့သွား ခြင်း၊ အင်အားများလွန်ခြင်း၊ ခြုံခိုတိုက်ရန်မဖြစ်သည့် အချိန်၌ ရန်သူ့အစိတ်အပိုင်းကို ချေမှုန်းရန် စဉ်းစားရ မည်။ မီးအားနှင့် ရန်သူကို ထိခိုက်စေပြီး ခြုံခိုနေရာမှ လျင်မြန်စွာဆုတ်ခွာရန် လိုသည်။ ရန်သူ့မီးအား အောက် ဇဝေဇဝါတိုက်ပွဲမဖြစ်မိရန် သတိနှင့် ရှောင်ရမည်။
ရန်သူနှင့် ရင်ဆိုင်တိုက်ခိုက်ခြင်း။
၁။ ရည်မှန်းချက်တခုသို့ စစ်ထွက်သည့်အချိန်တွင် လုံခြုံရေးဆောင်ရွက်ရန် အချက်များ။
(၁) မြေပြင်အခြေအနေ၊ လမ်းပန်းအဆက်အသွယ်၊ ရာသီဥတုအခြေအနေများ လေ့လာခြင်း။
(၂) ကင်းထောက်၊ အထောက်တော်များလွှတ်၍ သော်၎င်း၊ လမ်းသွားလမ်းလာခရီးသည်များထံမှ သော် ၎င်း၊ ရန်သူလှုပ်ရှားမှုသတင်းအား ရယူရန်။
(၃) မိမိလှုပ်ရှားမှု၊ ပြင်ဆင်မှုအား လျှို့ဝှက်စွာလုပ်ဆောင်ရန်။
(၄) မိမိရည်မှန်းချက်အား ရန်သူအထောက်တော်အရပ်သားများတပ်တွင်းနှင့် သော်၎င်း (RUMOUR) ကောလဟာလသတင်းများ လွင့်ရန်။ မမှန်သတင်းဖြန့်ပြီး ရန်သူအားလှည့်ဖြားရန်။
(၅) ကြိုတင်ပြင်ဆင်မှုအားလုံလောက်စွာ လုပ်ဆောင်ထားရန်။
(၆) ရန်သူအားအငိုက်ရနိုင်သည့် လမ်းကြောင်း၊ ရန်သူမမျှော်မှန်းထားနိုင်သည့် လမ်းကြောင်းမှလှုပ်ရှားရန်။
၂။ ရည်မှန်းချက်သို့ ချီတက်ခြင်း။
(၁) ချီတက်ရာတွင် စစ်အင်္ဂါစဉ်၊ ဗျူဟာမြောက်ချီတက်ရန် (ရှေ့ကား၊ ဘေးနံကာ၊ နောက်ကာ ချန်ထားရန်)
(၂) တိုက်ပွဲဝင်ပုံစံနှင့် အသင့်အနေအထားချီတက်ရန်။
(၃) လက်နက်ကြီးပစ်ကူအား ရှေ့ပြေးနှင့် လက်လှမ်းမှီပစ်ကူပေးနိုင်သည့်အဆင့်တွင် ရှိရန်။
(၄) သံသယရှိသည့်နေရာများတွင် ရှေ့ပြေးကင်းအဖွဲ့အား အရင်စေလွှတ်ရှင်းလင်း စေရမည်။
(၅) ရှေ့ပြေးအဖွဲ့တွင် မိုင်းရှင်းအဖွဲ့အားတပါတည်းလိုက်လာ စေရမည်။
(၆) လိုအပ်သည့်နေရာများတွင် ကင်းပုန်းများအရင်ထိုးပြီးမှ ကျော်ဖြတ်ရန်။
(၇) လမ်းဘေးဝဲယာတောင်ကုန်းများနှင့် အချက်အချာနေရာများအား အလျင်အမြန်ဝင်ရောက်စိုးမိုးပြီးမှ ချီ တက်ရန်။
(၈) ထင်ရှားသည်လဟာပြင်ကွင်းပြင်များတွင် စနစ်တကျချီတက်မှုနှင့် လေကြောင်းရန်အတွက် ကြိုတင်ပြင် ဆင်ညွှန်ကြားထားရန်။
(၉) မြစ်ကူးချောင်းကူးရာတွင် ပစ်ကူအင်အားစီမံနေရာချထားပြီးမှ ရှေ့ပြေးတပ်ဖွဲ့တရပ်ဖြတ်ကူးရန်။
(၁၀) ချီတက်ရာတွင် အသံထွက်စေခြင်း၊ စကားပြောခြင်း၊ ဆေးလိပ်သောက်ခြင်း၊ သီချင်းဆိုခြင်း၊ ထင်ရှား မြင်သာသော အရောင်တောက်သည့် ပစ္စည်းအဝတ်အစားများ မဝတ်ဆင်ရ၊ မကိုင်ဆောင်ရ။
(၁၁) စစ်ကြောင်းမှုအမိန့်မရဘဲ တပ်နားခြင်း၊ နောက်ချန်ကျန်ရစ်နေခြင်း မပြုရ။
(၁၂) စစ်ကြောင်း၏ ရှေ့ခရီးဘက်သို့မည်သည့်လူသူခရီးသွားများကိုမဆို အရင်ဦးပြီး မသွားစေရ။
(၁၃) စစ်ကြောင်းချီတက်မှုမပြီးဆုံးမချင်း မည်သူမဆိုစစ်ကြောင်းအား ဖြတ်တောက်သွားလာခွင့် မပြုစေရ။
(၁၄) လမ်းဆုံလမ်းခွများတွင် တဦးချင်းဆီ (သို့) တပ်ဖွဲ့အလိုက် နေရာယူစောင့်ပေးခြင်း လုပ်ရန်။
(၁၅) မသင်္ကာသည့်မိုင်းများတွေ့ရှိပါက အင်ဂျင်နီယာတပ်မှ ဖော်ယူစေခြင်း မိမိမကျွမ်းကျင်ပါက တားဆီး နယ်မြေအဖြစ် သတ်မှတ်ပြီး ကွင်းရှောင်ချီတက်ရန်။
(၁၆) အလွန်မှောင်မိုက်ပြီး တောထူနေပါက ကြိုးတန်းဆွဲပြီး ချီတက်ရန်။
(၁၇) ညဖက်ချီတက်ပါက တဦးနှင့် တဦးမြင်သာသည့်အမှတ်အသားတပ်ဆင်ရန်။
(၁၈) စိုးရိမ်နယ်မြေတွင် ရင်တန်းဖြစ်ပါက လမ်းတလျှောက်လုံခြုံရေးချထားပြီးမှသာ ချီတက်ရန်။
(၁၉) ချီတက်နေစဉ်တဦးနှင့် တဦး အဆက်အသွယ်စကား (word passing) မပြတ်ရန်နှင့် မှန်မှန်ကန်ကန် ပြောကြား ဆက်သွယ်ရန်။
၃။ ရန်သူနှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် လုပ်ဆောင်ရန်။
(၁) ရှေ့ပြေးအဖွဲ့ရန်သူနှင့် ထိတွေ့မှုရှိသည်နှင့် (သေနတ်သံကြားသည်နှင့်) စစ်ကြောင်းတခုလုံးအမြန်ဝပ်၍ နေရာယူရမည်။
(၂) ရှေ့ပြေးအဖွဲ့မီးအားသုံး၍ ရန်သူပစ်အားကို ချိုးနှိမ်ထားရမည်။
(၃) ရှေ့ပြေးအဖွဲ့မှအဖြစ်အပျက်အခြေအနေအားအမြန်ဆုံး နောက်တန်းစစ်ကြောင်းမှူးသို့ သတင်းပို့ရမည်။
(၄) လက်နက်ကြီးအဖွဲ့မှ ရန်သူခုခံနေသည့်နေရာသို့ အမြန်ဆုံးပစ်ကူပေးရမည်။
(၅) မိမိ၏ ဝဲယာအရေးကြီးသည့်တောင်ကုန်းကမှုများကို အမြန်ဆုံးစိုးမိုးရယူရမည်။
(၆) နောက်ချန်အဖွဲ့မှ နောက်ပိုင်းသို့အသင်းနေရာယူထားရမည်။
(၇) စစ်ကြောင်းမှူးမှရန်သူ့အခြေအနေအား ခန့်မှန်းသုံးသပ်မိသည်နှင့် အမြန်ဆုံးတပ်ဖြန့်၍ ရန်သူအားဝိုင်း ပတ်ထိုးစစ်ဆင်ရမည်။
(၈) မိမိပတ်လည်ရှိ ရန်သူနေရာယူပစ်ဆင်မှုအား စနစ်တကျနေရာယူချီတက်ပစ်ခတ်မှု ရှင်းလင်းရမည်၊ ကျည်ရောက်လူရောက်ကျင့်သုံးရမည်။
(၉) ရန်သူဆုတ်ခွာသွားပါက သင့်တော်သည့်တပ်အင်အားနှင့် လိုက်လံတိုက်ခိုက်ချေမှုန်းရမည်။
(၁၀) တပ်ကို အမြန်လိုက်လံစစ်ဆေးပြီါ် အမြန်ပြန်လည်ဖွဲ့စည်းရမည်။
၎။ ရန်သူနှင့် အင်အားမမျှ၍ ဆုတ်ခွာရာတွင် လုပ်ဆောင်ရန်။
(၁) စနစ်တကျဆုတ်ခွာနိုင်ရန်အတွက် တပ်၏ထိခိုက်ကျဆုံးမှုဖြစ်ပျက်မှုအားလုံးကို အမြန်ဆုံးစစ်ဆေး ကြည့်ရမည်။
(၂) ရန်သူခုခံမှုအနည်းဆုံးလမ်းကြောင်းကို ရွေးရမည်။
(၃) ရှေ့ပြေးတပ်ဖွဲ့၊ ပင်မတပ်ဖွဲ့၊ နောက်ချန်အဖွဲ့ဟူ၍ အဖွဲ့ခွဲတာဝန်ပေးရမည်။
(၄) ဆုတ်ခွာရန်အချိန်ကျရောက်သည်နှင့် နောက်ချန်အဖွဲ့မှ ရန်သူရှေ့မှ ယောင်ပြထိုးစစ်ပြုလုပ်စေရမည်။
(၅) ၎င်းအချိန်တွင် ရှေ့ပြေးအဖွဲ့ဖောက်ထွက်၍ ဆုတ်လမ်းထွန်ထားရမည်။
(၆) ၎င်းနောက်ပင်မစစ်ကြောင်းအဖွဲ့ စနစ်တကျခွာစစ်ဆင်ရန်။
(၇) ပင်မစစ်ကြောင်းအဖွဲ့ပစ်ကွင်းမှ အပြီးအပိုင်ခွာစစ်ဆင်ပြီးသည့်အထိ နောက်ချန်အဖွဲ့ကရန်သူကို ထိန်း ထားရမည်။
(၈) နောက်ဆုံးမှနောက်ချန်အဖွဲ့ပစ်အားကို သုံးပြီးဆုတ်ခွာရမည်။
(၉) ဆုံရပ်၌ တပ်ပြန်စုပြီးတပ်ပြန်လည်ဖွဲ့စည်းရမည်။
စခန်းသိမ်းတိုက်ပွဲ
၁။ ကြိုတင်ပြင်ဆင်မှု ပြုလုပ်ခြင်း။
(၁) ရန်သူလှုပ်ရှားမှုအတွင်းအပြင်အား တိကျစွာ ထောက်လှမ်းခြင်း။
(၂) ထောက်လှမ်းချက်တွင် ရန်သူ၏အတွင်းစည်းစီမံချက်နှင့် ခံစစ်အနေအထားအား ပြည့်စုံစွာ စုံစမ်းရ မည်။
(၃) မိမိချေမှုန်းရေးတပ်ဖွဲ့များစမျဉ်းကျော်သည်အထိ ရန်သူနောက်ဆုံးအနေအထားအား သတင်းပို့နိုင်ရန် ကင်းထောက်စီစဉ်ထားရမည်။
(၄) ချေမှုန်းရေးတပ်ဖွဲ့များအား ဖွဲ့စည်းလေ့ကျင့်ခြင်း၊ ဇာတ်တိုက်ခြင်းအား ပြုလုပ်ရမည်။
(၅) ခွင်းလက်နက်ကြီးများအား ပြင်ဆင်ဖွဲ့စည်းလေ့ကျင့်ပေးရမည်။
(၆) အင်ဂျင်နီယာ (မိုင်း) တပ်ဖွဲ့အား ကြိုတင်ပြင်ဆင်ထားရမည်။
(၇) စစ်ကူဖြတ်တောက်ရေးအတွက် ကြိုတင်စီမံစီစဉ်ထားရမည်။
(၈) တပ်ဖွဲ့စားနပ်ရိက္ခာ၊ လက်နက်ခဲယမ်းဆေးဝါးများစုဆောင်းပြင်ဆင်ရမည်။
(၉) ထောက်ပို့အတွက် ပြင်ဆင်ခြင်းပြုလုပ်ရမည်။
၂။ လက်တွေ့စခန်းသိမ်းချေမှုန်းခြင်း။
၁။ စုရပ်မှစခန်းဆီသို့ ချဉ်းကပ်ပြီးနေရာယူခြင်းအား လျှို့ဝှက်စွာလုပ်ဆောင်ရမည်။
၂။ လက်နက်အဖွဲ့နေရာယူမှုမှန်ကန်ရေးနှင့် ပစ်မှတ်အကွာအဝေးမှန်ကန်စွာ တွက်ချက်ချိန်တွယ်နိုင်ရမည်။
၃။ မိမိတပ်စမျဉ်းကျော်မည့်နောက်ဆုံးအချိန်အထိ ရန်သူနောက်ဆုံးအခြေအနေအား သတင်းရယူပြီး သုံး သပ်ဆုံးဖြတ်ချက်ချမှတ်ရမည်။
၎။ ချေမှုန်းရေးတပ်ဖွဲ့များစမျဉ်းသို့ ဆိတ်ငြိမ်စွာချဉ်းကပ်နေရာယူထား ရမည်။
၅။ စစ်ကူဖြတ်ထောက်ရေးအဖွဲ့အချိန်မှီသတ်မှတ် နေရာယူရမည်။
၆။ အချက်ပြဆက်သွယ်ရေးစနစ်အား တိကျစွာသတ်မှတ်ထားရမည်။
၇။ ရန်သူအလစ်အငိုက်ရရှိရေးအား အဓိက သုံးသပ်ရမည်။
၈။ အတားအဆီးအား ဖျက်ဆီးနိုင်ရေးအတွက် ပြင်ဆင်မှုပြည့်စုံရမည်။
၃။ အင်ဂျင်နီယာတပ်နှင့် လက်နက်ကြီးတာဝန်။
၁။ ( ) နာရီကျရောက်သည်နှင့် မိုင်းအဖွဲ့မှ ရန်သူတပ်ခြံသို့ ချဉ်းကပ်ပြီး အတားအဆီးများအား မိုင်းဖြင့် ဖောက်ခွဲရမည်။
၂။ မိုင်းအဖောက်တာဝန်ပြီးဆုံးသည်နှင့် လက်နက်ကြီးအဖွဲ့မှ အဆက်မပြတ်ပစ်ကူရမည်။
၃။ လက်နက်ကြီးအဖွဲ့သည် ရန်သူအဓိကကွပ်ကဲရေးဌါနချုပ်နှင့် အပေါ်ဖုံးပန်ကာများအား ထိရောက်စွာ ဖြိုခွဲ ရမည်။
၎။ အချက်ပြဆက်သွယ်ရေးစနစ်အား တိကျစွာလိုက်နာရမည်။ ရန်သူနှင့် ပုံတူမဖြစ်အောင် ဂရုစိုက်စီစဉ်ရ မည်။
၎။ ချေမှုန်းရေးတပ်ဖွဲ့၏ တာဝန်။
(၁) လက်နက်ကြီးတပ်ဖွဲ့တာဝန်ပြီးဆုံးသည်နှင့် (သို့မဟုတ်) အချိန်ကျရောက်ပြီဟု အဆုံးအဖြတ်ရသည်နှင့် မိုင်းဖောက်ရှင်းထားသော ဝင်ပေါက်မှမီးအားသုံး ထိုးစစ်ဝင်ရမည်။
(၂) ပစ်အားကို စုပြုံအသုံးပြုပြီး ရန်သူပထမခံကတုတ်ကို ခြေကုတ်ယူနိုင်အောင် ကြိုးစားရမည်။
(၃) ရန်သူခံကတုတ်များအား တဆင့်ပြီးတဆင့်သိမ်းပိုက်သည့်စနစ်ဖြင့် လိုအပ်ပါက စစ်မျက်နှာနှစ်ခုသုံးခု ဖွင့်ပြီး ညှပ်ပိတ်ချေမှုန်းရမည်။
(၄) ရန်သူထောင်ချောက်ကျင်း၊ ညှောင့်ကျင်းများသတိပြုရမည်။
(၅) ပစ်အားလက်ပစ်ဗုံး၊ ဒုံးများကိုအသုံးပြုပြီး နောက်ဆုံးအရ သိမ်းပိုက်ရမည်။
(၆) စစ်ကူဖြတ်ထောက်ရေးအဖွဲ့သည် စခန်းသိမ်းတိုက်ပွဲမပြီးမချင်း ရန်သူကို အဆင့်ဆင့်ခုခံရမည်။
အခန်း (၃)
ပြောက်ကျားစစ်ပွဲသမိုင်းမှ သင်ခန်းစာ။
ကမ္ဘာ့သမိုင်းတလျောက်ဖြစ်ခဲ့သော စစ်ပွဲများတွင် ပြောက်ကျားစစ်ပွဲများ၏ ကွာခြားချက်များထူးခြား သောသွင်ပြင်လက္ခာဏာများ၊ လုပ်ငန်းစဉ်များနှင့် အပြီးသတ်မှုများသည် ၎င်းစစ်ပွဲများတွင် သွေးမြေကျခဲ့ သူများ၏ အတွေ့အကြုံဖြစ်သဖြင့် ကျွန်ုပ်တို့သည် လေးစားရမည့်အပြင်အကျိုးအမြတ်ဖြစ်အောင် ရယူ တတ်ရမည်။ များစွာသော ပြောက်ကျားစစ်ပွဲများ၏ မအောင်မြင်ကျဆုံးခန်းအကြောင်းရင်းများကို ကျွန်ုပ်တို့ သေချာစွာ စုံစမ်းလေ့လာမှတ်သားရမည့်အပြင် များစွာသောပြောက်ကျားစစ်ပွဲများ၏ အောင်မြင်မှုရရှိသည့် အကြောင်းများကိုလည်း ကျွန်ုပ်တို့မှတ်သား၍ သင်ခန်းစာယူတတ်ရမည်။ ထိုအတွေ့အကြုံကောင်းများကို ကျွန်ုပ်တို့ချင်းအမျိုးသားလွတ်မြောက်ရေး၊ တော်လှန်စစ်ပွဲတွင် မိမိတို့ဆင်နွဲလျက်ရှိသော လက်နက်ကိုင် လမ်းစဉ်နှင့် အညီ ပြောက်ကျားစစ်ဆင်ရာတွင် ကောင်းနိုးရာရာများကို အခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်အောင် အသုံးပြုတတ်ရန် လိုအပ်သည်။ မိမိတို့ စစ်ပွဲ၊ တိုက်ပွဲများမှရရှိသော အတွေ့အကြုံများနှင့် ပေါင်းစပ်၍ စစ်အတတ်ပညာကို ဆည်းပူးလေ့လာသွားရပေမည်။ ထိုမှမဟာလူမျိုးကြီးဝါဒကျူးကျော်ရန်သူ များအပေါ် အပြီးသတ်အောင်ပွဲ (လုံးဝအောင်ပွဲ) ရသည်အထိ မိမိကိုယ်ကို မိမိယုံကြည်စိတ်ချမှုနှင့် အတူ ရည်မှန်းချက်မျက်ချည်မပျက်ထားလျက် အသက်ပေးတိုက်ပွဲဝင်သွားကြရမည် ဖြစ်သည်။
၁၈၁၂ ခုနှစ်၊ စက်တင်ဘာလတွင် နပိုလီယံ (၁၇၆၉- ၁၈၂၁) သည် ဥရောပတခွင်သိမ်းပိုက်နေချိန်အ တောအတွင်း သူ၏သိမ်းပေါင်းများစွာသော ခြေလျင်တပ်၊ မြင်းတပ်၊ အမြောက်ကြီးတပ်များဖြင့် ရုရှားသို့ဦး တည်၍ အင်အားအလုံးရင်းဖြင့် ကျူးကျော်ဝင်ရောက်ခဲ့သည်။ ထိုအချိန်တွင် ရုရှားတို့သည် စစ်ရေးပြင်ဆင် မှု၊ စိတ်အာရုံစူးစိုက်မှုတို့တွင် လွန်စွာမှပင် အားနည်းချို့တဲ့နေခဲ့ကြသည်။ ရုရှားတို့၏ အဓိကအရေးကြီး သော ဗျူဟာသည် ဝန်တင်မြင်းတပ်ဖွဲ့များနှင့် တောင်သူလယ်သမားများပါဝင်သော တပ်ဖွဲ့များကို ပြောက် ကျားစစ်ဆင်ရေးများတွင် တာဝန်ထမ်းဆောင်အသုံးချခြင်း ဖြစ်သည်။
မော်စကိုမြို့ကျဆုံးပြီးနောက် ရုရှားတို့သည် တပ်မတခုလျှင် လူအင်အား (၅၀၀) ခန့်ပါဝင်သော ပြောက်ကျားတပ်မ (၉) ခုကို တည်ထောင်လိုက်ကြသည်။ ထိုအဖွဲ့များက တောင်သူလယ်သမားများကို ကျယ်ပြန့်စွာစည်းရုံးခဲ့ကြပြီး၊ အမာခံများအဖြစ် လုပ်ဆောင်ကြ၍ ပြင်သစ်တပ်များကို အဆက်မပြတ်နှောင့် ယှက် တိုက်ခိုက်ခဲ့ကြသည်။ ပြင်သစ်တပ်များဆုတ်ခွာသောအခါ ရုရှားပြောက်ကျားများသည် ပြင်သစ်တပ် များဆုတ်ခွာမည့်လမ်းတွင် ပိတ်ဆို့ခဲ့ကြပြီး ရုရှားပုံမှန်စစ်တပ်များနှင့် ပူးပေါင်းကာတန်ပြန်တိုက်ပွဲများ ဆက်တိုက်ပြုလုပ်ပြီး ပြင်သစ်တပ်များအပေါ် အောင်ပွဲခံခဲ့ကြသည်။ နပိုလီယံသစ္စာခံအာဇာနည်ပြင်သစ် စစ်တပ်သည် အားလုံးနီးပါးရုရှားတို့၏ ချေမှုန်းခြင်းကို ခံခဲ့ကြသည်။ ရုရှားပြောက်ကျားများကများစွာသော ပြင်သစ်အရာရှိများ၊ စစ်သားများ၊ အမြောက်များ၊ ရိုင်ဖယ်သေနတ်များကို သိမ်းပိုက်ခဲ့ကြသည်။ ဤ အောင် မြင်မှုသည် အကြောင်းအမျိုးမျိုးကြောင့် ရရှိသည်ဖြစ်သော်လည်း-
(က) ပြောက်ကျားလှုပ်ရှားမှုများကျယ်ပြန့်စွာ အားထားခြင်း၊
(ခ) အမာခံတပ်ဖွဲ့များ၏ လုပ်ဆောင်ချက်ထိရောက်မှုရှိခြင်းစသည့် အရေးကြီးအကြောင်းနှစ်ချက်သည် အဓိ ကအခန်းကဏ္ဍမှ ပါဝင်ကြောင်းတွေ့ရှိရသည်။
ဤတွင် ရုရှားတို့သည် ၎င်းတို့၏ပြောက်ကျားတပ်ဖွဲ့တွင် (၁) စစ်ပွဲအတွင်း လက်နက်ခဲယမ်းမီးကျောက် ကိရိယာတန်ဆာပလာများ မလုံလောက်မှု၊ (၂) အပြည့်အဝတိုးတက်သော ပြောက်ကျားတပ်ဖွဲ့စည်းရန် အ ရည်အချင်းမရှိမှု (၃) ရုရှားနိုင်ငံသည် ပျက်စီနေရာချိနဲ့စွာဖွဲ့စည်းထားခြင်းစသည့် အားနည်းချို့တဲ့မှုများရှိ နေခဲ့သည့်ကြားမှပင် ဥရောပတခွင်အကျော်ကြားဆုံး၊ အရည်အချင်းအပြည့်စုံဆုံး၊ ပြင်သစ်စစ်တပ်မတော် တခုကို အနိုင်ယူဖျက်စီးနိုင်ခဲ့ကြသည်။ ဤတိုက်ပွဲသည် လက်သီးနှင့် ပုဆိန်ကြားတွင် ဖြစ်ပွားသောတိုက် ပွဲဖြစ်သည်ဟု ရုရှားတို့က ပြောဆိုကြသည်။
၁၉၁၈- ခုနှစ်မှ ၁၉၂၀ ခုနှစ်အထိ ဆိုဗီယက်ရုရှားတို့သည် နိုင်ငံခြားနယ်ချဲ့တို့၏ ဝင်ရောက်စွက် ဖက်ခြင်း၊ ရုရှားများ၏အတွင်းရေးအနှောင့်အယှက်ပေးခြင်းနှင့် ဆန့်ကျင်ခြင်းတို့ကြောင့် ၎င်းတို့နယ်မြေသိမ်း ပိုက်ရန် စစ်ပွဲဆင်နွှဲရန်အခြေအနေဖန်တီးလာခဲ့သည်။ ဆိုက်ဘေးရီးယားနှင့် အာလာစ်ရှန်တွင် သစ္စာ ဖောက်ဒီနီကင်၏စစ်တပ်နောက်ပိုင်းနှင့် ပိုလန်တပ်နောက်ပိုင်းများတွင် ရုရှားနီပြောက်ကျားတပ်များသည် ရန်သူနောက်ပိုင်းတွင် ဆက်သွယ်ရေးများဖျက်ဆီးခြင်း၊ ချေမှုန်းပစ်ခြင်းများ ပြုလုပ်ခဲ့ကြသည်သာမက ရန် သူ၏စစ်ဦးပိုင်းကိုလည်း မကြာခဏကြိုတင်တားဆီးကာကွယ်နိုင်ခဲ့ကြသည်။ တပ်နီတော်က အနိုင်ရထားခဲ့ ပြီး ပြန်လည်ဖွဲ့စည်းခဲ့သောတပ်ဖြူတပ်ကို ပြောက်ကျားစစ်တပ်များက အခွင့်အခါကောင်းကိုယူ၍ လုံးဝပျက် စီးနိုင်ခဲ့ကြသည်။ ကိုလ်ချော့၊ ဒီရိုင်စကင်၊ ဂျပန်နှင့် ပိုလန်စစ်တပ်များသည် ရှေ့တန်းစစ်မျက်နှာမှ ဆုတ်ခွာ သွားကြပြီး၊ မိမိတို့အင်အားလျော့ချကုန်ဆုံးစေခဲ့သည်သာမက၊ အချိန်တိုင်းလှုပ်ရှားနေသော ပြောက်ကျား တပ်ကို အနိုင်ယူမအောင်မြင်နိုင်ကြောင်း သိမြင်လာကြသည်။
ထိုအချိန်တွင် ပြောက်ကျားတပ်ကို လူအို၊ လူလတ်နှင့် လူငယ်များပါဝင်သော ထောင်ပေါင်းများစွာ သော သီးသန့်အုပ်စုများဖြင့် ဖွဲ့စည်းသည့်အနေအထားအဆင့်သို့ လှမ်းနိုင်ခဲ့ကြသည်။ လူအိုများသည် ၎င်း တို့အခေါ်ဆံဖြူအဖွဲ့ (SILVER HAIRED UNIT) ဟု ဝါဒဖြန့်ချီရေးအုပ်စုများဖြင့် ဖွဲ့စည်းလှုပ်ရှားကြသည်။ လူငယ်များသည် တိုက်ခိုက်ရေးအဖွဲ့များတည်ထောင်ခဲ့ပြီး ကလေးများအတွက် အုပ်စုများအထိတည်ထောင် ခဲ့ကြသည်။ ထိုစဉ်က ၎င်းတို့ခေါင်းဆောင်များသည် ပြည်သူလူထုအကြား အထွေထွေနိုင်ငံရေးဆိုင်ရာလုပ် ဆောင်သူများဖြစ်ပြီး အလွန်အကျွံပြောက်ကျားစစ်ဖြစ်ပွားခြင်း သဘောတရားကို ဆန့်ကျင်ခဲ့ကြသော်လည်း ပြောက်ကျားစစ်ရှုတ်ချသူများကို ဆန့်ကျင်ခဲ့ကြသည့်အမြော်အမြင်ရှိသူများ ဖြစ်ကြသည်။ ၎င်းတို့ အတွေ့အ ကြုံအရ ရှေးရိုးစဉ်လာစစ်တပ်များသည် အခြေခံစွမ်းအားဖြစ်၍ ပြောက်ကျားတပ်များသည် အရံဖြစ်ပြီး၊ ပုံမှန် စစ်တပ်များသည် ချမှတ်ထားသောတာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်ကြောင်း တွေ့ရှိရသည်။ ထိုစဉ် က ရုရှားနိုင်ငံတွင်များစွာသော ပြောက်ကျားအုပ်စုများသည် တိုက်ပွဲအတွင်းဖြစ်သည့် တိုင်အောင် ပုံမှန်တပ် ဖွဲ့များအဖြစ်သို့ ဖြည်းဖြည်းချင်းဖွဲ့စည်းလုပ်ဆောင် တိုးတက်စေခဲ့ကြသည်။ အလွန်ကျော်ကြားသော ဗိုလ် ချုပ်ကြီး ဂါလင် (GALEN) သည် ပြောက်ကျားစစ်တပ်များမှ ပုံမှန်တပ်မတော်အဖြစ်သို့ လုံးလုံးလျားလျား ရ ယူနိုင်ခဲ့သည်။
၁၉၃၅- ခုနှစ်နှင့် ၁၉၃၆ခုနှစ်အတွင်း အဘိုင်စနီးယန်းများက အီတလီကို ဆန့်ကျင်တိုက်ပွဲသည် (၇) လကြာခဲ့ပြီး ဆုံးရှုံးပျောက်ကွယ်ခဲ့သည်။ ယင်းသို့ ရှုံးနိမ့်ရခြင်းမှာ-
(၁) ၎င်းတို့အကြားတွင် နိုင်ငံရေးဆိုင်ရာသဘောထားလွဲသည့် အုပ်စုများရှိခြင်း။
(၂) အရေးအကြီးဆုံးသော နိုင်ငံရေးဆိုင်ရာများကို လုပ်ဆောင်ရန် ပျက်ကွက်ခြင်း။
(၃) အားကောင်းသော အုပ်ချုပ်ရေး၊ ပါတီမရှိခြင်း။
(၄) လှုပ်ရှားစစ်နှင့် ပတ်သက်၍ ကောင်းမွန်ထိရောက်သော၊ အခြေခိုင်သောပေါ်လစီများပြုလုပ်ရန် ပျက် ကွက်ခြင်း စသည့်အကြောင်းများကြောင့် ဖြစ်သည်။
ကြီးမားသော ပြောက်ကျားစစ်ဆင်ရေးများတွင် လှုပ်ရှားစစ်များနှင့် ပူးတွဲဆောင်ရွက်မှုမရှိ ဖြစ်ခဲ့ရသည်။ ဤသို့ဖြင့် အီတလီများကို မခုခံနိုင်တော့ဘဲ ဆုံးရှုံးခဲ့ရသည်။
ထို့အပြင် အဘိုင်စနီးယားသည် အီတလီနှင့် နှိုင်းစာလျှင်-
(၁) သေးငယ်၍ လူဦးရေနည်းပါးပြန့်ကျဲပြီး အထောက်အပံ့မရှိသောနိုင်ငံဖြစ်ခြင်း၊
(၂) အဘိုင်စနီးယန်းတပ်မတော်သည် ချို့တဲ့၊ မပြည့်စုံသည့်အပြင် လက်နက်ခဲယမ်းမီးကျောက်ကိရိယာ တန်ဆာပလာများသည်လည်း ခေတ်မှီတိုးတက်မှုမရှိခြင်းတို့ကို တွေ့ရှိရသည်။
သို့ရာတွင် (၇) လအတောအတွင်း အီတလီတပ်သား (၄၀၀၀၀၀) အနက် (၁၄၀၀၀၀) ကို ထိခိုက်ဒဏ် ရာ ရရှိစေခဲ့ကြသည်။ အကယ်၍ အတွင်းရေးနိုင်ငံရေးဆိုင်ရာများကို ဖြေရှင်းနိုင်ခြင်း၊ ပြောက်ကျားစစ်ဆင် မှုတွင် လှုပ်ရှားစစ်နှင့် ပေါင်းစပ်နိုင်ခဲ့ပြီး အခွင့်အခါကောင်းများကို အမိအရရယူနိုင်ခဲ့လျှင် အပြီးသတ်အောင် ပွဲရယူနိုင်မည် ဖြစ်သည်။
တရုတ်ပြည်သမိုင်းကို လေ့လာကြည့်လျှင်၊ ၁၈၄၁ ခုနှစ်တွင် ဆန်ယွန်လီ (SAN YUAN LI) မှ ရဲရင့် သောပြညသူများက နယ်ချဲ့အင်္ဂလိပ်ကို တိုက်ခိုက်ခဲ့ခြင်း၊ ၁၈၅၀- ခုနှစ်မှ ၁၈၆၄ ခုနှစ်အထိ ဖြစ်ပွားသော သိုင်ပိန်း (TAI PING WAR) စစ်ပွဲ၊ ၁၈၉၉ ခုနှစ်တွင် (၃) ကြိမ်မြောက်ပုန်ကန်ထကြွခြင်းများကို တွေ့ရှိရပေ သည်။ ထိုစစ်ပွဲများတွင် မှတ်သားဖွယ်ရာပြောက်ကျားနည်းစနစ်များ၊ ပြောက်ကျားစစ်ဆင်ရေးများ အမြင့် ဆုံးပြုလုပ်နိုင်ခဲ့ကြောင်း တွေ့ရှိရသည်။ သို့ရာတွင် အပြီးသတ်အောင်ပွဲမရရှိခဲ့ပေ။ ထိုသို့မရရှိခြင်းသည်-
(၁) ထိုစစ်ပွဲများတွင် ပြောက်ကျားလှုပ်ရှားမှု၏ အခြေခံသဘောတရားလမ်းညွှန်မှုများ မရှိခဲ့ခြင်း။
(၂) ပြောက်ကျားစစ်တိုက်ပွဲများသည် ပုံမှန်စစ်ဆင်မှုများနှင့် လိုက်လျောညီထွေစွာ ပူးပေါင်းဆောင်ရွက်မှုမ ရှိခြင်း။
(၃) စစ်ဖက်ဆိုင်ရာတွင် နိုင်ငံရေးဆိုင်ရာပါဝင်ပတ်သက်မှုမရှိခြင်း (စစ်ရေသက်သက်ဖြစ်ခြင်း) စသည့် အ ကြောင်းများကြောင့်ဖြစ်ကြောင်း တွေ့ရှိရသည်။
တဖန် ၁၉၂၇- ခုနှစ်မှ ၁၉၃၆ ခုနှစ်အထိ တရုတ်တပ်နီတော်သည် ပြောက်ကျားနည်းစနစ်များကို အသုံး ပြုလျက်အဆက်မပြတ်ရန်သူကို တိုက်ခိုက်ခဲ့ကြသည်။ ပြောက်ကျားအခြေခံတပ်ဖွဲ့များမှ ပုံမှန်စစ်တပ်အ ဖြစ်သို့ တိုးတက်အောင်ပြုလုပ်နိုင်ခဲ့ကြသည်။ နယ်မြေသစ်များတွင် ပြောက်ကျားအုပ်ချုပ်ရေးနယ်မြေများ အဖြစ် တိုးချဲ့နိုင်ခဲ့ကြသည်။ ထိုအချိန်က ခေါင်းဆောင်များသည် မဟာဗျူဟာ၊ နည်းဗျူဟာနှင့် ပရိယာယ် မြောက်စွာ စစ်ပွဲလှုပ်ရှားမှုနှင့် ပျောက်ကျားစစ်ဆင်ရေးများပေါင်းစပ်နိုင်ခဲ့ကြသည်။ အစတွင် နိုးကြားမှုအ ပေါ် မှီခိုခဲ့ကြပြီး နိုင်ငံရေးဆိုင်ရာနှင့် စစ်ရေးဆိုင်ရာနှစ်ခုစလုံးကို အခြေခံပြုပြင်နိုင်ခဲ့ကြသည်။
ဂျပန်ဆန့်ကျင်ရေးစစ်ပွဲတွင် ရန်သူနှင့် နှိုင်းစာလျှင် တပ်ဖွဲ့ဝင်၊ လက်နက်အရည်အချင်းနှင့် မရေမတွက် နိုင်သော ခက်ခဲမှုများကြားမှ ခုခံရေးကာလ (၁၀) အတွင်း ပြည့်စုံအောင်ဆောင်ရွက်နိုင်ခဲ့ကြပြီး နောက်ဆုံး တွင် ပန်းတိုင်အရောက်လှမ်းနိုင်ခဲ့ကြသည်။ ဤကဲ့သို့ ရရှိစေသည့်အချက်များမှာ-
(၁) ၎င်းတို့အကြားတွင် အတွင်းရေးစည်းလုံးခြင်း၊ ပေါင်းစည်းခြင်းနှင့် ပတ်သက်၍ နိုင်ငံရေးဆိုင်ရာသြဇာရှိ ခေါင်းဆောင်ကြီးများက မရပ်မနားလုပ်ကိုင်ခဲ့ခြင်း။
(၂) ဂျပန်နယ်ချဲ့တို့ကို တွန်းလှန်လှုပ်ရှားရေးသည် တရုတ်လူမျိုးများအတွက် လိုအပ်ချက်ဖြစ်ကြောင်း တ ပြည်လုံးအတိုင်းအတာဖြင့် စည်းရုံးလက်ခံလာနိုင်ခဲ့ခြင်း။
(၃) ထိုစဉ် ခေါင်းဆောင်များသည် ပြည်သူလူထုနှင့် ထပ်တူထပ်မျှအလုပ်လုပ်ကိုင်ကြပြီး ပြည်သူနှင့် စစ် တပ်နှစ်ခုစလုံးနှင့် ပတ်သက်၍ပေါ်လစီများကို လိုက်နာဆောင်ရွက်စေရန် ပြုလုပ်နိုင်ခဲ့ခြင်းစသည့် အခြေခံ အချက်များကြောင့် ဖြစ်သည်။
၁၉၃၁- ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့မှစ၍ ၁၉၃၃- ခုနှစ်၊ ဇန်နဝါရီလအထိ ဂျပန်ဆန့်ကျင်ရေး ပထမအချိန်ကာလတွင်၊ တရုတ်ပြည်အရှေ့မြောက်ပြည်နယ် (၃) ခုမှ ဂျပန်စစ်တပ်များက ဖိနှိပ်ချုပ်ချယ်၊ ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည်သူလူထုအပေါ် ပြုကျင့်ကြသည့်ကြားမှပင် ပြောက်ကျားလှုပ်ရှားမှုဖြင့် ကြံ့ကြံ့ခံခဲ့ကြသည်။ သို့ရာတွင် နောက်ဆုံးတွင်ရန်သူ၏ အနိုင်ယူခြင်းကိုခံခဲ့ကြရသည်။ ထိုသို့ ဖြစ်ရသည့်အ ကြောင်းများမှာ-
(၁) ရန်သူ၏ ဖိနှိပ်ချုပ်ချယ်မှုခံခဲ့ရသည့် ပြည်သူလူထုဦးရေများပြားလာပြီး ဂျပန်ဆန့်ကျင်ရေးစစ်ပွဲတွင် တ ရုတ်ကွန်မြူနစ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။
(၂) စေတနာဝန်ထမ်းများ၏ ကောင်းသောအကျိုးရှိ အလုပ်လုပ်ကိုင်ပေးခြင်း။
(၃) ပြောက်ကျားများသည် နောက်ဆုံးတွင် ပြောက်ကျားသဘောတရားကို (အနက်အဓိပါယ်) ကို ပြည်သူ လူထုထံသို့ ပြန့်နှံ့အောင် ပညာပေးနိုင်ခဲ့ခြင်းစသည်တို့ကြောင့် ဖြစ်သည်။
နယ်ချဲ့ဂျပန်တို့သည် တလပြီးတလ၎င်းတို့တပ်ဖွဲ့များကို ပို့လာသောအခါ အရေးကြီးအဆင့်ဖြစ်လာ၍ နယ်ချဲ့ဂျပန်တို့ကို အဆက်အပြတ်တိုက်ခိုက်အနှောင့်အယှက်ပေးလျက်၊ နောက်ဆုံးတွင် အရှေ့မြောက် ပြည်နယ်မှ ဂျပန်ထိန်းချုပ်မှုကို လုံးဝဖြိုဖျက်နိုင်ခဲ့ကြသည်။ တချိန်တည်းမှာပင် ၎င်းတို့သည်ကိုးရီးယားတွင် အမျိုးသားတော်လှန်ရေးစိတ်ဓါတ်နိုးကြားဖွံ့ဖြိုးလာအောင် လုပ်ဆောင်နိုင်ခဲ့ကြသည်။
ဤလှုပ်ရှားမှုကာလတွင် အချို့သောအားနည်းချက်များမှာ-
(၁) အမျိုးသားကာကွယ်ရေးပေါ်လစီသည် လုံလောက်စွာမတိုးတက်ခဲ့ခြင်း၊
(၂) ပြည်သူလူထုသည် အထွေထွေပူးပေါင်းဆောင်ရွက်မှု မရှိခြင်း၊
(၃) အတွင်းရေး၊ နိုင်ငံရေးဆိုင်ရာအဖွဲ့အစည်းသည် အခြေခံအဆင့်တွင်သာ ရှိနေခြင်း၊
(၄) နယ်ချဲ့ဂျပန်ကို တိုက်ခိုက်အင်အားဇွတ်အတင်းအသုံးပြု တိုက်ခိုက်ခြင်း၊
(၅) ရုပ်ပြအစိုးရသည် လုံလောက်မှုမရှိသေးခြင်း စသည်တို့ဖြစ်သည်။
ဂျပန်တို့သည် ပရိယာယ်အမျိုးမျိုးဖြင့် ပြည်သူလူထုအပေါ် ကျင့်သုံးစေကာမူ၊ ပြည်သူတို့၏ ခုခံသည့် ပြောက်ကျားစစ်ပွဲသည် အရှေ့မြောက်ပြည်နယ် (၃) တွင် ငြိမ်းသတ်ဖျက်ဆီးနိုင်မည်မဟုတ်ကြောင်း နား လည်လာခဲ့ကြသည်။
ယခုလက်ရှိစစ်ဖြစ်ပွားနေသော သီရိလင်္ကာနိုင်ငံမှ ပဋိပက္ခကို အနည်းငယ်ဆွေးနွေးလိုပါသည်။ ဤနိုင်ငံ တွင် ဆက်ဟာလိလူမျိုးများနှင့် တမိတ်လူမျိုးတို့သည် ဤကျွန်းပေါ်တွင် မိမိတို့လူမျိုးများသည် အိန္ဒိယမှအ ရင်ဦးဆုံးရောက်ရှိသောလူမျိုးများ ဖြစ်ကြသည်ဟု အသီးသီးဆိုကြသည်။ တဖန်ဆင်ဟာလိလူမျိုးတို့က တ မိတ်လူမျိုးတို့သည် အိန္ဒိယနိုင်ငံတောင်ပိုင်းမှ နောက်ပိုင်းတွင် ရောက်ရှိလာကြသူများဖြစ်ကြသော်လည်း မိမိတို့သည် (A.D ၁၂၀၀) မတိုင်ခင် အနှစ်ထောင်ချီဟူ၍ ဤကျွန်းပေါ်တွင် ဝင်ရောက်မှီတင်နေထိုင်ပြီးဖြစ် သည်ဟု ဆိုကြသည်။ တမိတ်လူမျိုးတို့ကလည်း ယင်းတို့၏ဘိုးဘွားများသည် ဆင်ဟာလိလူမျိုးတို့နှင့် အ တူ ရောက်ရှိပြီး (သို့မဟုတ်) ထိုထက်စော၍ ရောက်ရှိပြီးဖြစ်သည်ဟု ဆိုကြပြန်သည်။ ဤသို့ဖြင့် သမိုင်း ဆိုင်ရာတွင် နားလည်မှုမရှိကွဲပြားခြားနားလျက်ရှိသည်။
တမိတ်လူမျိုးတို့ကို အုပ်စုနှစ်ခုအဖြစ် ခွဲခြားနိုင်သည်။ အရင်က ကျွန်းပေါ်တွင်ရောက်ရှိနှင့် ပြီးသော ဆီ လောင်တမိလ် (CYLON TAMIL) အုပ်စုနှင့် ၁၉- ရာစုနှင့် ၂၀- ရာစုအစောပိုင်းမှ ရောက်ရှိလာသော အိန္ဒိယ တမိလ် (INDIA TAMIL) အုပ်စုဟူ၍ ခွဲခြားနိုင်သည်။ ထိုအိန္ဒိယတမိလ်လူမျိုးများသည် ဇာတ်နိမ့်များဖြစ်ကြ ပြီး ဆင်ဟာလိလူမျိုးရော ဆီလောင်တမိလ်များကပါ အမြဲလိုနှိမ်လျက်ရှိကြသည်။ ၎င်းပြင် ပညာရေး၊ ကျန်း မာရေး၊ ဝင်ငွေစသည်တို့တွင်လည်း နောက်ကျကျန်လျက်ရှိကြသည်။
တမိလ် (အိန္ဒိယ) တို့ကို နိုင်ငံရေး၊ အခွင့်အရေးများဖြစ်ကြသော နိုင်ငံသားဖြစ်မှု၊ မဲဆန္ဒပေးပိုင်ခွင့်၊ ကျွန်းပေါ်လွတ်လပ်စွာနေထိုင်နိုင်ခွင့်မရှိဘဲ မောင်းထုတ်ခံရခြင်းများ ရှိသည်။ ထိုသို့ ဖြစ်သည့်တိုင် ထိုနိုင်ငံ တွင်မြမြံစွာ နေထိုင်လျက်ရှိကြသည်။
ဘာသာရေးဘက်တွင် လူများစုဆင်ဟာလိလူမျိုးတို့သည် ဗုဒဘာသာကိုကိုးကွယ်ကြပြီး အနည်းစုက ခရစ်ယန်ဘာသာကို ကိုးကွယ်ကြသည်။ တမိလ်လူမျိုးတို့သည် အများစုဟင်ဒူဘာသာကို ကိုးကွယ်ကြပြီး အနည်းစုက မူစလင်ဘာသာကို ကိုးကွယ်ကြသည်။ ဤသို့ဖြင့် လူမျိုးနှစ်မျိုးတို့အကြား ဘာသာအယူဝါဒ ကွဲပြားခြားနားသည့်အပြင် ဘာသာရေးအမှတ်လက္ခဏာတိုးတက်မှုလည်း ကွဲပြားခြားနားလျက်ရှိကြသည်။
လူဦးရေအရဆိုလျှင် တနိုင်ငံလုံးတွင် သန်းပေါင်း (၁၄. ၈၅) သန်းရှိသည့်အနက် ဆင်ဟာလိလူမျိုး သည် (၁၀. ၉၈) သန်း (၇၄ %) ရှိပြီး တမိလ်လူမျိုးသည် (၁. ၈၇) သန်း (၁၂. ၆%) သာရှိသည်။ ကျန်ရှိ သောလူဦးရေသည် မလေးလူမျိုးများနှင့် ဥရောပမျိုးနွယ်များ (၁၁၀၀၀၀) (၀. ၇%) အသီးသီးရှိကြသည်။ ဤသို့ လူများစုနှင့် လူနည်းစုတို့အကြား မဟာလူမျိုးကြီးဝါဒီဆင်ဟာလိလူမျိုးအဖြစ်သို့ တွန်းပို့ပေးသလို ဖြစ် နေသည်။ လူနည်းစုတမိလ်စကားပြော ၄- ပုံ ၁- ပုံတို့က လူနည်းစုအဖွဲ့အစည်းအတွက် သင့်လျော်သော လုပ်ဆောင်ချက်များ၊ အခွင့်အရေးများရရှိရန်၊ နိုင်ငံရေးဆိုင်ရာအခွင့်အရေးများ ရရှိရန် ရုန်းကန်နေကြရာ ထိုကိစ္စများအပေါ် နှစ်ဖက်ရပ်တည်ချက်သည် အရင်ကတည်းကကွာဟခြားနားလျက် ယခုထိမဖြေရှင်းနိုင် ဘဲ ဖြစ်နေသည်။ ထို့ကြောင့် ဤပဋိပက္ခသည် တမိလ်အမျိုးသားဝါဒီများနှင့် ဆင်ဟာလိမဟာလူမျိုးကြီးဝါ ဒီတို့အကြား ဖြစ်ပွားသောစစ်ပွဲပင် ဖြစ်သည်။
၁၉၄၈- ခုနှစ်၊ လွတ်လပ်ရေးရရှိပြီးနောက် လူမှုရေးဆိုင်ရာတွင် ဆင်ဟာလိလူမျိုးများသည် တမိလ်လူ မျိုးများထက် အကျိုးခံစားခွင့်ပိုမိုရရှိကြသည်။ ပညာရေး၊ ကျန်းမာရေး၊ အစိုးရဝန်ထမ်းများတွင် တမိလ်လူ မျိုးပါဝင်မှုအချိုးအစားအလွန်ပင် နည်းပါးလာသည်ကို တွေ့ရှိရသည်။ ဥပမာပြရလျှင် ၁၉၇၄- ခုနှစ်တွင် တ က္ကသိုလ်ဝင်နိုင်ရန် သတ်မှတ်ထားသော အမှတ်များကို လေ့လာလျှင် ဗိသုကာအတတ်ပညာ (ARCHITEC TURE) ဘာသာရပ်တွင် ဆင်ဟာလိလူမျိုးများက (၁၀၀) မှတ်သာလိုအပ်ပြီး၊ တမိလ်လူမျိုးများသည် (၁၉၄) မှတ်၊ အင်ဂျင်နီယာတွင် ဆင်ဟာလိလူမျိုးဖြစ်ပါက (၁၇၅) မှတ်၊ တမိလ်လူမျိုးဖြစ်ပါက (၂၅၀) မှတ်စသဖြင့် အလွန်ကွာခြားအောင် ခွဲခြားပြုလုပ်ထားသည်ကို တွေ့ရှိရသည်။ ၁၉၄၈- ခုနှစ်မှ ၁၉၈၆ ခုနှစ်အကြား အစိုးရ ဝန်ထမ်းသို့ ဝင်ရောက်အမှုထမ်းဆောင်သည့် တမိလ်ဦးရေသည် (၃၀%) မှ (၆%) အထိ လျော့ကျသွားခဲ့ သည်။ ပညာသည် လိုင်းနှင့် အသက်မွေးဝမ်းကျောင်းသူတမိလ်လူမျိုးများသည် ၁၉၅၆- ခုနှစ်တွင်မူ (၆၀%) မှ ၁၉၇၀- ခုနှစ်တွင်မူ (၁၀%) အထိ ကျဆင်းသွားခဲ့သည်။
ဤသို့သော ကွာဟမှုများ၊ အဖိနှိပ်ခံဘဝမှ လွတ်မြောက်နိုင်ရန် (LIBERATION TIGER OF TAMIL EELAM (L.T.T.E) ) ပြောက်ကျားအုပ်စုသည် ပရာဘာဟာကရန် (PRABHA KARAN) က သူ၏အပေါင်း ပါတံငါးသည်များကို ဦးဆောင်ပြီး ၁၉၇၁- ခုနှစ်တွင် ဖွဲ့စည်းရာ အကြီးဆုံးပြောက်ကျားတပ်ဖွဲ့ ဖြစ်လာသည်။ ၁၉၇၅- ခုနှစ်တွင် (E.R.S.O ခေါ် EELAM REVOLUTIONARY ORGANIZATION OG STUDENT) ကို လန်ဒန်တွင်၎င်း တည်ထောင်ခဲ့ကြသည်။ (T.U.L.F, T.E.L.O, P.L.O.T.E) စသော တော်လှန်ရေးပြောက် ကျားအဖွဲ့များလည်း အသီးသီးဖွဲ့စည်းကြသည်။
၁၉၇၈- ခုနှစ်အထိ (L.T.T.E) သည် အစိုးရကုန်ထုတ်လုပ်ငန်းဆိုင်ရာများ၊ ပုလိပ်များ၊ ဆင်ဟာလိနိုင်ငံ ရေးသမားများနှင့် ဘဏ်များကို အရှိန်မြှင့်တင်၍ တိုက်ခိုက်ခဲ့ကြသည်။ ထို့ကြောင့် ကိုလံဘိုအစိုးရသည် (P.T.A) ခေါ် (PREVENTION OF TERRORISM ACT) အကြမ်းဖက်ကာကွယ်ရေးအက်ဥပဒေကို ပြဌါန်းရ သည်အထိ ဖြစ်ခဲ့ရသည်။ ၁၉၈၁- ခုနှစ်၊ နှစ်လယ်လောက်တွင် ဂျဖါနာ (JAFFNA) မြို့နယ်အတွင်း ပုလိပ်စ ခန်း (၁၆) ခုရှိသည့်အနက် (၉) ခုကို အပြီးအပိုင်တိုက်ခိုက်ခဲ့ကြသဖြင့် အစိုးရပုလိပ် (၅၀၀) ကို စစ်ကူအ ဖြစ် အရာရှိ (၁၅၀) ကို စေလွှတ်ခဲ့သည်။
၁၉၈၂- ခုနှစ်၊ ရောက်လာသည့်အခါ (L.T.T.E, P.L.O.T.E, T.E.L.O, E.R.O.S) စသည့်အဖွဲ့များသည် (E.P.R.L.F, ခေါ် EELAM PEOPLE REVOLUTIONARY LIBERATION FRONT) အဖြစ် အဖွဲ့တစ်ခုတည် ထောင်ခဲ့ကြပြီး ပြောက်ကျားတပ်ဖွဲ့များက မြောက်ပိုင်းနှင့်အရှေ့ပိုင်းကို ဝင်ရောက်ကြ၍ (BRIG- RANATU NGE) ၏ တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ကြသည်။ ပြောက်ကျားတို့၏ မောင်းပြန်သေနတ်များ၊ လက်ပစ်ဗုံးများ နှင့် မိုင်းများ၏ထိရောက်မှုဒဏ်ရာကို အစိုးရလက်နက်ကိုင်တပ်ဖွဲ့ကလေးများက မယှဉ်သာအောင် ဖြစ်ခဲ့ရ သည်။ ထိုအချိန်မှ တိုက်ပွဲအရှိန်သည် မြင့်တက်လာခဲ့သည်။ ၁၉၈၃- ခုနှစ်၊ ဇူလိုင်လတွင် ဂျဖါနာအနီး၌ အ စိုးရတပ်ကို ခြုံခိုတိုက်ခိုက်ကြရာ စစ်သား (၁၃) ယောက်သေဆုံးသွားခဲ့သည်။ ထိုဈာပနာသည် နိုင်ငံ တော်ဈာပနာအဖြစ် ကျင်းပမည်ဟုရေဒီယိုက ကြေညာခဲ့အပြီး တမိလ်တို့၏ အိုး၊ အိမ်၊ ပစ္စည်း၊ ဆိုင်၊ စီးပွား လုပ်ငန်း၊ မိန်းမယောင်္ကျားပါမကျန်လုယက်သတ်ဖြတ်ခြင်း ခံကြရသည်။ ဤသို့ ဖြစ်ရသည်မှာအစိုးရသည် နောက်ကွယ်မှကြိုးကိုင်ခဲ့သည်ဟု စွပ်စွဲခြင်းခံခဲ့ရသည်။ ထို့ကြောင့် ကိုလိဘိုသည် ရက်ပေါင်းများစွာအခြေ အနေအရပ်ရပ်ကို မထိန်းသိမ်းနိုင်ဘဲ ဥပဒေစိုးမိုးမှုမရှိ ဖြစ်ခဲ့ရသည်။
သီရိလင်္ကာနိုင်ငံစီးပွားရေးသည် အကြီးအကျယ်ပျက်ဆီးကျဆင်းသွားခဲ့ရသည်။ ၎င်းတို့၏ ဘဏ္ဍာရေး ဝန်ကြီးက ကုန်ထုတ်လုပ်ငန်းပျက်စီးမှုပမာဏသည် ရူပီငွေ သန်းပေါင်း (၂၀၀၀) ရှိပြီး ပြန်လည်နေရာချ ထားရေးအတွက် သန်းပေါင်း (၄၀၀၀) ရူပီနှင့် အပင်များပြန်စိုက်ရန်ကိရိယာများတပ်ဆင်ရန် ရူပီသန်း (၁၇၅၀) လိုမည်ဟု ခန့်မှန်းပြောဆိုသည်အထိ ဖြစ်လာရသည်။
၁၉၈၅- ၈၆ ခုနှစ်တွင် ကိုလိဘိုအစိုးရသည် ကာကွယ်ရေးအသုံးစရိတ်ကို ပိုမိုသုံးစွဲလာပြီး တပ်အင်အား လည်း တိုးချဲ့ခဲ့ရသည်။ ပါကိစ္စတန်နိုင်ငံသို့ သင်တန်းစေလွှတ်ခြင်း၊ အစ္စရေးနှင့် ဗြိတိန်နိုင်ငံမှ လက်နက် ကိုင်သူပုန်များကို တန်ပြန်တိုက်ခိုက်နှိမ်နှင်းရေးကျွမ်းကျင်သူများကို စည်းရုံးခြင်းနှင့် အထူးသင်တန်းများပေး စေခဲ့ကြသည်။
ထိုနှစ်တွင်ပင် တမိလ်တို့၏တောင်းဆိုချက် (၄) ချက်ကို တောင်းဆိုခဲ့သည်။ ယင်းတို့မှာ-
(၁) တသီးတခြားလူမျိုးအဖြစ် အသိအမှတ်ပြုရေး၊
(၂) ခိုင်မြဲသော တမိလ်ပိုင်နက်နယ်မြေကို အသိအမှတ်ပြုရေး၊
(၃) ကိုယ့်ကြမ္မာကို ဖန်တီးခွင့်၊
(၄) ကျွန်းပေါ်ရှိ တမိလ်လူမျိုးအားလုံး နိုင်ငံသားရရှိရေးတို့ ဖြစ်သည်။
၁၉၈၆- ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ ပါဝင်စွက်ဖက်မှု၊ တိုက်တွန်းချက်ကြောင့် တမိလ်ပြောက်ကျားများအ ကြားတွင် သဘောထားကွဲလွဲလာကြပြီး အချင်းချင်းသတ်ဖြတ်မှုများ ပဋိပက္ခဖြစ်ပွားခဲ့သည်။ (L.T.T.E) ခေါင်းဆောင်ပါရာဘဟာကရန်အိန္ဒိယ၏ အလိုကို (တိုက်တွန်းချက်) ကို ပယ်ချခဲ့သည်။ ကျန်သောအဖွဲ့ (၃) ဖွဲ့ကို တိုက်ခိုက်ခဲ့သည်။
၁၉၈၇- ခုနှစ်တွင် အိန္ဒိယနိုင်ငံသည် သီရိလင်္ကာနိုင်ငံတွင် ငြိမ်းချမ်းရေးပုံမှန်ဖြစ်စေရန်ဟုဆိုကာ သီရိ လင်္ကာနှင့် အင်ဒို- သီရိလင်္ကာသဘောတူစာချုပ်ချုပ်ဆိုခဲ့ကြသည်။ ထိုအချက်အရ အိန္ဒိယစစ်တပ်များကို ငြိမ်းချမ်းရေး၊ ထိန်းသိမ်းရေးတပ်ဟုဆိုကာ သီရိလင်္ကာသို့ အလုံးအရင်းဖြင့် စေလွှတ်ခဲ့သည်။ (L.T.T.E) ပြောက်ကျားအင်အား (၂၅၀၀) ခန့်က ထိန်းသိမ်းထားသော ဂျဖါနာမြို့ကို အိန္ဒိယစစ်တပ်က တိုက်ခိုက်ရာ၊ မြို့ကို (၁၆) ရက်ဝိုင်းပြီးမှ စစ်သားအမြောက်အများစတည်းပြီး သိမ်းနိုင်ခဲ့သည်။ အိန္ဒိယတို့ဖက်မှ ဗိုလ်မှူး ကြီးနှစ်ဦးအပါအဝင် (၄၀၀) သေဆုံးပြီး၊ (၇၀၀) ထိခိုက်ဒဏ်ရာရရှိ၍ (၃၆) ဦး ပျောက်ဆုံးသွားသည်။ ဂျဖါ နာမြို့သိမ်းပိုက်ထိန်းချုပ်ပြီး ပြောက်ကျား (၈၀) သာ ဖမ်းဆီးနိုင်ခဲ့သည်။ ပြောက်ကျားများသည် စနစ်တ ကျဂျဖါနာသစ်တောထဲသို့ ဆုတ်ခွာသွားနိုင်သည်။ အိန္ဒိယစစ်တပ်၏ တရက်အသုံးစရိတ်သည် ရူပီငွေသန်း (၃၀) ထုတ်ကြသည်။ ၁၉၈၈- ခုနှစ်၊ အောက်တိုဘာလလယ်လောက်တွင် အိန္ဒိယစစ်သား (၆၀၀) ကျော် ဆုံးရှုံးပြီး ဖြစ်သည်။ (L.T.T.E) တို့၏ တိုက်ခိုက်မှုသည် ၁၉၈၉- ခုနှစ်၊ ဇန်နဝါရီအထိ၊ အိန္ဒိယငြိမ်းချမ်းရေး တပ်ကို အလွန်ပင် အထိနာစေခဲ့သည်။ ထို့ကြောင့် ထိုစဉ်က အိန္ဒိယဝန်ကြီးချုပ် (V.P SINGHT) သည် အိန္ဒိ ယစစ်တပ်ကို အကုန်အစင်ရုတ်သိမ်းခဲ့သည်။
သီရိလင်္ကာနိုင်ငံတွင် ခန့်မှန်းခြေအစိုးရစစ်သားအင်အား (၆၅၀၀၀) နှင့် တမိလ်ပြောက်ကျားဦးရေ (၁၀၀၀၀) ကျော်တို့သည် ဆက်လက်တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ ပြောက်ကျားတပ်သားဦးရေသည် အစိုး ရစစ်သားဦးရေ၏ ၆- ဆမျှသော ၆ပုံတပုံသာရှိသော်လည်း ပြောက်ကျားမဟာဗျူဟာစစ်ကို အသုံးပြု၍ ယ နေ့အထိကောင်းမွန်စွာ ခုခံတိုက်ခိုက်ကြောင်း သက်သေသာဓက ဖြစ်သည်။
(၁၃) နှစ်ကျော်ကာလတွင် လူပေါင်း (၁၀၀၀၀ ကျော်) ခန့်မှန်းသေဆုံးပြီး ဖြစ်သည်။ တမိလ်ပြောက် ကျားများသည် အဖျက်လုပ်ငန်းစစ်၊ နေရာယူစစ်၊ ပြောက်ကျားစစ်များကို ပေါင်းစပ်စစ်ဆင်နေသည်ကို တွေ့ ရှိရသည်။ ခြုံခိုတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲ၊ အလစ်အငိုက်တိုက်ပွဲ၊ ညတိုက်ပွဲများနှင့် အနီးကပ်တိုက်ပွဲများ အပြင် အသေခံကွန်မန်ဒိုများဖြင့် အင်အားဖြည့်တိုက်ပွဲဝင်လျက်ရှိကြောင်း တွေ့ရှိရသည်။ ၁၉၈၂- ခုနှစ် နောက်ပိုင်းအစိုးရစစ်တပ်ကို ချေမှုန်းစစ်များ ဆင်နွှဲနိုင်သည်။ ချွေစစ်များများဖြင့် ရံထားသည်။ ယခုနောက် ပိုင်းတွင် ခေတ်မှီလက်နက်များအထိ အသုံးပြုလာနေသည်ကိုလည်း တွေ့ရှိရသည်။ တမိလ်တို့၏ ပြောင် မြောက်သော သတ္တိ၊ အနိုင်မခံအရှုံးမပေးသောစိတ်ဓါတ်တို့သည် ကမ္ဘာကအံ့သြရသည်အထိ ဖြစ်လာသည်။
ဤသို့ အောင်မြင်မှုများရှိနေလင့်ကစား အားနည်းချက်များကို ဖေါ်ပြရလျှင်-
(၁) တော်လှန်ေ၇းအဖွဲ့အချင်းချင်းပေါ်လစီတခုတည်းဖြစ်အောင် မလုပ်နိုင်ခြင်း၊
(၂) တော်လှန်ရေးအဖွဲ့အကြားတွင် ဖြစ်စေ၊ တမိလ်ပြည်သူကြားတွင် ဖြစ်စေ၊ စည်းလုံးညီညွတ်မှုလိုအပ်နေ သေးခြင်း။
(၃) တမိလ်ပြည်သူလူထုက ပြောက်ကျားလှုပ်ရှားမှုတွင် အထွေထွေပူးပေါင်းပါဝင်မှုသည် အဆင့်တခုသို့ ရောက်အောင် နိုင်ငံရေးအသိနိုးကြားရန် လိုနေသေးခြင်း။
(၄) ယခုနောက်ပိုင်းကာလတွင် မြောက်ပိုင်းဒေသ၌ ပြောက်ကျားများသည် ခံစစ်သေအနေအထားမျိုးဖြစ် စေခြင်း စသည်တို့ကို တွေ့ရှိနေရသည်။
အခန်း (၄)
ပြောက်ကျားစစ်၏ အခြေခံတရားနှင့် ပြောက်ကျားစစ်၏ အခြေခံမူ
၁။ ပြောက်ကျားစစ်၏ အခြေခံသဘောတရား။
နိုင်ငံရေးပေါ်လစီနှင့် ပြောက်ကျားစစ်
ပြောက်ကျားစစ်ကို စစ်မက်ဖြစ်ပွားခြင်း၏ သီးခြားပုံစံကဲ့သို့ စဉ်းစား၍မရပေ။ ပြောက်ကျားစစ်ကို ကျွန်ုပ် တို့အားလုံး (သို့မဟုတ်) ပြည်သူလူထုစစ်ပွဲ၏ ပုံသဏ္ဍာန်ကဲ့သို့ စဉ်းစားဆင်ခြင်ရပေမည်။ အဘယ်ကြောင့် ဆိုသော် ပြည်သူလူထုသည် လွတ်လပ်ရေးဆုံးရှုံးမှု၊ အခွင့်အရေးဆုံးရှုံးမှု၊ ဖိနှိပ်ချုပ်ချယ်ခံရမှုမှ လွတ်မြောက် ရန်အတွက် တော်လှန်ရေးရုန်းကန်လှုပ်ရှားမှု၊ ဖိနှိပ်ချုပ်ချယ်ခံရမှုမှ လွတ်မြောက်ရန်အတွက် တော်လှန်ရေး ရုန်းကန်လှုပ်ရှားမှုများ၏ အရေးကြီးအမှတ်အက္ခဏာတခုဖြစ်သောကြောင့် ဖြစ်သည်။ ပြောက်ကျားစစ်၏ တိုးတက်မှုနှင့် ပြည်သူလူထု၏ အရည်အချင်းသည် ပြောက်ကျားစစ်ဖြစ်ပွားခြင်းအတွက် ပကတိလိုအပ် ချက် ဖြစ်သည်။
အမျိုးသားဆိုင်ရာပေါ်လစီနှင့် ပြောက်ကျားစစ်သည် သီးခြားခွဲခြားစဉ်းစား၍ မရပေ။ ကျွန်ုပ်တို့ဆုံးရှုံးခဲ့ သော လွတ်လပ်ရေး၊ နယ်မြေ၊ အခွင့်အရေး၊ ကျွန်ဘဝမှလွတ်မြောက်ရန်အတွက် အမျိုးသားဆိုင်ရာပေါ်လ စီများဖြစ်သည်နှင့် အညီ ကျွန်ုပ်တို့၏နိုင်ငံရေးပန်းတိုင်ကို မျက်ချည်မပြတ်ဘဲ ကြိုးပမ်းလုပ်ဆောင်ရမည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်၊ ပေါ်လစီများကို အကောင်အထည်ဖေါ်ရာတွင်-
၁။ ပြည်သူလူထုကို စည်းရုံးခြင်းနှင့် နိုးကြားထကြွစေခြင်း။
၂။ အဖွဲ့အစည်းအတွင်း နိုင်ငံရေးအရ တစုတပေါင်းတည်းဖြစ်စေရန် ဆောင်ရွက်ခြင်း။
၃။ အခြေခံများကို တည်ဆောက်ခြင်း။
၎။ တပ်အင်အားများတည်ဆောက်တပ်ဆင်ခြင်း။
၅။ အမျိုးသားဆိုင်ရာ အင်အားပြန်လည်ရယူခြင်း။
၆။ ရန်သူ၏ အမျိုးသားဆိုင်ရာအင်အားများ ဖျက်ဆီးခြင်း။
၇။ ဆုံးရှုံးသော နယ်နိမိတ်များကို ပြန်လည်ရယူခြင်းစသည့် အခြေခံကျသည့်အဆင့်များကို မလွဲမသွေလုပ် ဆောင်ရပေမည်။
ပြောက်ကျားစစ်သည် စစ်ရေးဆိုင်ရာသက်သက်ဖြစ်၍ နိုင်ငံရေးနှင့် မည်သို့မျှမသက်ဆိုင်ဟုပြောဆို သူများသည် ပြောက်ကျားလှုပ်ရှားမှုကြောင့် နိုင်ငံရေးဆိုင်ရာ အကျိုးသက်ရောက်မှုနှင့် နိုင်ငံရေးဆိုင်ရာ ပန်း တိုင်ကိုမျက်ခြေပျက်နေသူများဖြစ်ကြောင်း သိသာထင်ရှားစွာ တွေ့မြင်နိုင်သည်။
ပြည်သူလူထုနှင့် ပြောက်ကျားစစ်
ပြောက်ကျားစစ်၏ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်သည် ပြည်သူလူထု၏လိုလားချက်ဆန္ဒနှင့် ထပ်တူ ထပ်မျှမဖြစ်ပါက ယင်းတို့၏ကူညီမှု၊ သက်ညှာမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို မရရှိနိုင်။ တနည်းဆိုရသော် ရည်မှန်းချက်ပန်းတိုင်မရှိသော ပြောက်ကျားစစ်သည် အမှန်မုချဆုံးရပေမည်။ ပြောက်ကျားစစ်၏ ဤအနှစ် သာရများကပင်လျှင် တော်လှန်ရေးအသွင်သဏ္ဍာန်ကို ဆောင်နေပေသည်။
တခြားတဖက်တွင် တန်ပြန်တော်လှန်ရေးသဘောရှိသောစစ်တွင် ပြောက်ကျားစစ်ဆင်ရေးအတွက် နေ ရာမရှိပေ။ အဘယ်ကြောင့်ဆိုသော် ပြောက်ကျားစစ်သည် အရင်းခံအားဖြင့်ပြည်သူလူထုထံမှ ထွက်ပေါ် လာသည်ဖြစ်၍ ယင်းတို့၏ထောက်ခံမှုကို ရရှိရပေသည်။ ပြည်သူလူထု၏ သက်ညှာမှုပူးပေါင်းထွက်မှုကင်း သွားပါက ပြောက်ကျားစစ်သည် မကြီးထွားနိုင်သည့်အပြင် ရပ်လည်းမရပ်တည်နိုင်ပေ။
အမြဲတမ်းတပ်မတော်ကသာ ပြောက်ကျားစစ်ကို ဆင်နွှဲနိုင်သည်ဟူသော ကောက်ချချသူများသည် ပြည်သူ့ပြောက်ကျားစစ်၏ ထူးခြားသောသွင်ပြင်လက္ခဏာကို သဘောမပေါက်ကြသဖြင့် ပြောက်ကျားလှုပ် ရှားမှုကို မခြုံမိ၊ မငုံမိကြသူများသာ ဖြစ်ကြသည်။ အချို့က ပြောက်ကျားစစ်ဆင်ရေးသည် အမှုထား လောက်သောအရာမဟုတ်သည့်အပြင် ပြင်းထန်စွာအထူးလေ့ကျင့်ရသည်ဖြစ်၍ ယင်းကဲ့သို့သော တိုက် ခိုက်ရေးမျိုးတွင် ပြည်သူလူထုအတွက် နေရာမရှိဟု ဆိုကြပေသည်။ ပြောက်ကျားလှုပ်ရှားမှု၏ နောက်ဆုံး လုံးဝအောင်ပွဲခံရသည်ကို မယုံကြည်ကြသောကြောင့်သာ ဤကဲ့သို့ မှားယွင်းစွာ ဆိုကြပေသည်။ ခုခံရေးစစ် ပွဲကို သိပ်ပျင်းအောင်ပြောဆိုသူများလည်း ရှိပေသေးသည်။
ပြည်သူလူထုနှင့် ကင်းကွာသောခုခံရေးစစ်ဆင်နွှဲလျှင်၊ အပြီးသတ်အောင်ပွဲခံနိုင်ရေးရည်မှန်းချက်ရရှိရန် ဝေးကွာနေမည်။
တပ်နှင့် ပြည်သူ၊ ငါးနှင့် ရေ
ရန်သူ၏ နောက်ပိုင်းတွင် ပြောက်ကျားများကြာရှည်စွာ ရပ်တည်ရေးသည် မဖြစ်နိုင်ဟုအချို့က ထင် မှတ်ကြသည်။ ယင်းကဲ့သို့ အထင်ရှိခြင်းသည် တပ်များနှင့် ပြည်သူလူထု၏ရှိသင့်သောဆက်ဆံရေးကို ခြုံငုံ မိခြင်းမရှိကြောင်းကို ပြသပေသည်။ ပြည်သူလူထုသည် ရေနှင့် တူ၍ တပ်များသည်ငါးများနှင့် တူပေသည်။ ယင်းတို့နှစ်ဦးအတူမရပ်တည်နိုင်ဟု အဘယ်ကြောင့်ဆိုပါသနည်း။ စည်းကမ်းသေဝပ်မှုမရှိသောတပ်များ သာ ပြည်သူလူထုအား မိမိတို့၏ရန်သူ ဖြစ်သွားစေသည်။ ငါးသည် မိမိ၏နေရင်းဒြပ်၏ အပြင်ဘက်သို့ ရောက်သွားသည်နှင့် တပြိုင်နက်အသက်မရှင်နိုင်ကဲ့သို့ပင် ဖြစ်သည်။
စည်းရုံးရေးနှင့် ပြောက်ကျားစစ်
အားလုံးသော ပြောက်ကျားတပ်များသည် ၎င်းတို့၏ အဖွဲ့အစည်းတည်ဆောက်သည့်ကာလ၌ စည်းရုံး ရေးအားနည်းခြင်းကြောင့် လူထုနှင့် ကင်းကွာခြင်းခံစားရသော်လည်း၊ ဖြစ်နိုင်တတ်နိုင်သော စည်းရုံးရေးပြု လုပ်ပြီးသည့်အခါ ယေဘုယျကျသော အခြေခံအရည်အချင်းများနှင့် ၎င်းတို့ပြည့်စုံလာကြသည်။ အားလုံး သော ပြောက်ကျားတပ်ဖွဲ့များသည် နိုင်ငံရေးဆိုင်ရာနှင့် စစ်ရေးဆိုင်ရာဦးဆောင်မှု ရှိကြရမည်။
ပြောက်ကျားစစ်ဒေသတွင် နေထိုင်သူများအား မိမိတို့ရည်မှန်းချက်ပန်းတိုင်ကို တိကျစွာရှင်းလင်းစည်း ရုံးပြီး အမျိုးသားရေးအသိနိုးကြားလာအောင် ပြုလုပ်ရမည်။ အချို့သောပြည်သူတို့ကို မိမိဘက်ပါလာ အောင် နိုင်ငံရေးယုံကြည်ချက်များ မှန်ကန်လာအောင် လုပ်သင့်ကလုပ်ဆောင်ပေးရမည်။ ပြောက်ကျားစစ် လှုပ်ရှားမှုနှင့် ပြည်သူလူထုတွင်းစည်းရုံးရေးကို အားတက်သရောတိုးချဲ့ လုပ်ဆောင်သွားရပေမည်။
ပြောက်ကျားတပ်ဖွဲ့အတွင်းတွင်လည်း စည်းရုံးရေးကို အထူးပြုလုပ်ထားရမည်။ စည်းရုံးရေးမလုပ်ထား သော ပြောက်ကျားစစ်တပ်သည် ပြောက်ကျားလှုပ်ရှားမှု၏ သဘောသဘာဝကို နားမလည်ကြသဖြင့် ဓါးပြ သောင်းကျန်းမှုနှင့် မင်းမဲ့ဝါဒီကို ပေါင်းစပ်သကဲ့သို့ တိုက်ခိုက်လှုပ်ရှားသူများ ဖြစ်လာကြပြီး အောင်မြင်မှုမရ ရှိနိုင်ပေ။ ဤကဲ့သို့ လှုပ်ရှားမှုများကြောင့် ပြောက်ကျားတပ်ကို အကြံပျက်စစ်ဝါဒီများ၊ ခြေသလုံးအိမ်တိုင်အ ခြေတကျမရှိသူများနှင့် ဓါးပြများ၏ခိုလှုံရာဖြစ်သည်ဟု ကဲ့ရဲ့ခြင်းခံရမည် ဖြစ်သည်။ ထို့ကြောင့် ဥပဒေမဲ့ လှုပ်ရှားမှု၊ ချစားလာဒ်စားပြောက်ကျားတပ်သားများ မဖြစ်လာအောင် ကျွန်ုပ်တို့သည် နိုင်ငံရေးစည်းရုံးရေး အရ ပြောက်ကျားစစ်တပ်သားများ၏ အရည်အချင်းကို မြှင့်တင်ပေးနေရမည်။ အမှန်မှာ ပြောက်ကျားစစ် တွင် ထိုကဲ့သို့သောမကောင်းမှုမရှိသော်လည်း စည်းရုံးရေးမလုပ်ထားသောအခါ မင်းမဲ့စရိုက်၊ မကောင်းမှု လက္ခဏာများ ရှိလာခြင်းသာလျှင် ဖြစ်သည်။
အချို့သောစစ်ရေးသက်သက်အမြင်ရှိသူတို့က ကျွန်ုပ်တို့သည် နိုင်ငံရေးတွင် စိတ်မဝင်စားလက်နက်၏ ကြေးစားလုပ်ငန်းသဘော၌သာ စိတ်ဝင်စားသည်ဟု ဆိုကြသည်။ နိုင်ငံရေးနှင့် စစ်ရေးစစ်ရာတို့၏ ခွဲခြား၍ မရနိုင်သော ဆက်စပ်မှုရှိသည်ကို ဤသမရိုးကျစိတ်ထားရှိကြသော စစ်ဖက်ဆိုင်ရာများသဘောပေါက် လက်ခံလာသည်အထိ ရှင်းပြစည်းရုံးရန်အထူးလိုအပ်ပေသည်။ စစ်ရေးလှုပ်ရှားမှုသည် နိုင်ငံရေးရည်မှန်း ချက်ပန်းတိုင် အရောက်ချီတက်ရာတွင် အသုံးပြုသော နည်းတနည်းပင် ဖြစ်သည်။
ရန်သူတပ်မှလာရောက်ပူးပေါင်းသူများရှိပါက (သို့မဟုတ်) ရန်သူ့တပ်မှဖမ်းဆီးရမိသော စစ်သုံ့ပန်းများ ရှိပါက၊ ၎င်းတို့ကို ဝါဒဖြန့်ချီရေးလုပ်ငန်း၊ နိုင်ငံရေးအသိပညာပေးရေးတို့ကို သဘောပေါက်နားလည်လာ အောင် စည်းရုံးလုပ်ဆောင်ရန် အရေးကြီးပေသည်။ ဤကဲ့သို့ ပြုလုပ်နိုင်လျှင် ရန်သူတပ်တွင်းတွင် အက် ကြောင်းများ၊ မကျေနပ်မှုများ၊ စစ်တိုက်ချင်စိတ်လျော့ကျမှုများနှင့် စိတ်ဓါတ်အရ ချိုးနှိမ်ထားသလို ဖြစ်စေ နိုင်ပါသည်။ အခြေအနေပေးလျှင် မိမိတို့၏အင်အားတွင် ပြန်လည်အသုံးပြုနိုင်ပါသည်။
စံပြပြောက်ကျား ခေါင်းဆောင်
ပြောက်ကျားခေါင်းဆောင်များသည် ယင်းတို့၏ပေါ်လစီအပေါ် ကြံ့ကြံ့ခံသော၊ သစ္စာရှိသော၊ ရိုးသား ဖြောင့်မတ်သော၊ သန်မာသော၊ မည်သည့်အခါမျှ အရှုံးမပေးသော ပုဂ္ဂိုလ်များဖြစ်ရပေမည်။ ထိုပုဂ္ဂိုလ်များ သည် တော်လှန်ရေးဆိုင်ရာစနစ်တွင် ပညာကောင်းစွာ တတ်မြောက်ရမည်။ မိမိကိုယ်ကို ယုံကြည်စိတ်ချ သူ၊ တင်းကြပ်ပြင်းထန်သော စည်းကမ်းဘောင်တွင် ပျော်မွေ့နိုင်သူ၊ ဝါဒဖြန့်ချီရေး၊ စည်းရုံးရေးကို ပိုင်နိုင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်သူ ဖြစ်ရမည်။ ထိုခေါင်းဆောင်များသည် အဖွဲ့အစည်းအတွက်ရော ပြည်သူလူထုအ တွက်ပါ စံပြနမူနာကောင်းပြန်သူများ ဖြစ်ရပေမည်။ စစ်ပွဲဖြစ်ပေါ်တိုးတက်မှုကြောင့် တပ်တွင်းစည်းကမ်း လျော့နည်းမှုကို နိုင်နင်းစွာတည်ဆောက် ကျော်ဖြတ်နိုင်သူ၊ စစ်ကြောင်း ပြည်သူလူထုထိခိုက်နစ်နာမှုများကို ပြန်လည်ထူထောင်ပေးပြီး ပညာပေးစည်းရုံးနိုင်သူများ ဖြစ်ရပေမည်။
အသီးသီးသော တပ်တာဝန်ခံများ (ခေါင်းဆောင်များ) သည် မိမိတို့တပ်သားများနှင့် အခြေအနေများအ ရပ်ရပ်တို့တွင် အတူတကွ နေထိုင်သွားရပေမည်။ အဘယ်ကြောင့်ဆိုသော ယင်းနည်းလမ်းတခုတည်းဖြင့် သာ စစ်တွင်သေရေးရှင်ရေးတမျှအရေးကြီးသည့် မိမိတပ်သားများထံမှ လေးစားမှုနှင့် ယုံကြည်မှုကို ရရှိနိုင် ပေသည်။ တပ်သားများနှင့် အတူစစ်အန္တရာယ်နှင့် အကြပ်အတည်းများတွင် တန်းတူရည်တူရင်ဆိုင်ရပ် တည်မှု ရှိရမည်။ တပ်သားများနှင့် လူနေမှုအဆင့်အတန်းများစွာ ကွာဟမှုမရှိရန် သတိပြုနေရမည်။
ပြောက်ကျားများ၏ အခြေခံလုပ်ငန်းဆောင်တာ (၃) ရပ်
၁။ ပထမလုပ်ငန်းမှာ အပြင်စည်းဝိုင်းတွင် စစ်ရေးငင်ရန်တနည်းအားဖြင့် ရန်သူ၏နောက်ကျောတွင် လှုပ်ရှား တိုက်ခိုက်ရန်။
၂။ ဒုတိယလုပ်ငန်းမှာ အခြေခံစခန်းများကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်ရန်။
၃။ တတိယလုပ်ငန်းမှာ စစ်နယ်မြေတိုးချဲ့သွားရန် တို့ဖြစ်သည်။
ပြောက်ကျားစစ်၏ သေနင်္ဂဗျူဟာ
ပြောက်ကျားစစ်၏ သေနင်္ဂဗျူဟာကို ယေဘုယျအားဖြင့်-
(၁) အစဉ်နိုးကြားလျှက်ရှိမှု၊
(၂) လျှင်မြန်ဖျက်လက်စွာ လှုပ်ရှားနိုင်မှု၊
(၃) တိုက်ခိုက်မှုတို့အပေါ်တွင် အခြေခံရမည်။
ပြောက်ကျားစစ်ပရိယာယ်အဖြစ် အရှေ့ဖက်မှလာသယောင် နောက်ဘက်မှတိုက်ခိုက်၊ အစိုင်အခဲကို ရှောင်၊ ပါးလွှာချက်ကျသည်ကို တိုက် (အမာကို ရှောင်၊ အပျော့ကို တိုက်) ၊ ပြင်းထန်သောထိုးနှက်ချက်ကို ရှောင်၊ ထိရောက်သော ဆုံးဖြတ်ချက်ကို ရှာ၊ တိုက်ပြီး လျင်မြန်ဖျက်လက်စွာ ဆုတ်၊ လျှပ်တပြက် ထိုးနှက်၊ လျှပ်တပြက်အသုံးချသည့် ပရိယာယ်တို့ကို ရွေးချယ်တတ်ရမည်။ ပြောက်ကျားများသည် အင်အားကြီးမား သော ရန်သူနှင့် တိုက်ပွဲဖြစ်သည့်အခါ ရန်သူရှေ့သို့တိုးတက်လာလျှင် သူတို့ဆုတ်ပေးသည်။ ရန်သူရပ်နား လျှင် အနှောင့်အယှက်ပေးသည်။ ရန်သူပင်ပန်းလျှင် ယင်းအားထိုးနှက်သည်။ ရန်သူဆုတ်လျှင် ယင်းအား တိုက်ခိုက်ခြေမှုန်းသည်။ (ဆောင်ပုဒ်။ ။ ရန်တက်- ငါဆုတ်၊ ရန်နား- ငါရှုတ်၊ ရန်ပန်း- ပါတိုက်၊ ရန်ဆုတ်- ငါ လိုက်)။ ပြောက်ကျားစစ်သေနင်္ဂဗျူဟာတွင် ရန်သူ၏ နောက်ကျောဘေးတဖက်တချက်နှင့် အခြာထိုးနှက် နိုင်သောနေရာများသည် ယင်း၏ပျော့ကွက်ပင် ဖြစ်သည်။ ယင်းပျော့ကွက်နေရာများတွင် ယင်းအား အ နှောင့်အယှက်ပြုတိုက်ခိုက်၊ ကစဥ့်ကလျားဖြစ်အောင် လုပ်၊ ပင်ပန်းနွမ်းနယ်စေပြီး ယင်းအားပျက်သုဉ်းသွား အောင် ချေမှုန်းပစ်ရမည်။
တပ်မကြီးတစ်ခုလုံးကို ငါတို့မဝိုင်းပတ်ထားနိုင်သည့် တိုင်အောင်၊ အစိတ်အပိုင်းလောက်ကို အနည်းဆုံး ဖျက်ဆီးနိုင်သည်။ ဒေသအလိုက်များစွာသော အောင်ပွဲခံရမှုတို့ကို စုပေါင်းလိုက်ခြင်းဖြင့် အင်အားအနေအ ထားကို ပြောင်းလဲသွားစေနိုင်မည် ဖြစ်သည်။ ပြောက်ကျားများသည် ရန်သူ၏အားနည်းချက်ကို နှလုံးသွင်း ထားပါက လက်ဦးမှုကိုပင် ရရှိနိုင်သည်။ ရန်သူ၏ အင်အားလုံလောက်မှုကြောင့် ပြောက်ကျားများသည် ကျယ်ပြန့်သောနယ်မြေဒေသများတွင် လှုပ်ရှားတိုက်ခိုက်နိုင်သည်။ ရန်သူသည် လူမျိုးခြားဖြစ်ပြီး ရက်စက် ကြမ်းကြုတ်သောကြောင့် ပြောက်ကျားများသည် ပြည်သူလူထု၏ ယုံကြည်အားကိုးမှုကို ရရှိနိုင်မည်။
အခြေအနေဆိုးဝါးလာပါက ပြောက်ကျားများသည် သွက်လက်စွာနှင့် သက်တောင့်သက်သာရွေ့လျား ရမည်။ ပြောက်ကျားများရှေ့လျားမှု၏ အခြေခံလက္ခာဏာရပ်မှာ ကျောထောက်နောက်ခံဒေသမရှိဘဲ၊ စစ်ပွဲ တခုကို တိုက်ခိုက်နိုင်ခြင်းပင် ဖြစ်သည်။ သို့သော် အခြေခံဒေသတည်ဆောက်ရန်မလိုဟု ဆိုလိုခြင်းမဟုတ် ပေ။
မည်သည့်ဒေသတွင်မဆို ရန်သူအားရှုံးစေပြီး နောက်ရန်သူ၏ပြန်လည်စုစည်းရန် လိုအပ်သောအချိန် ပိုင်းကို အခွင့်ကောင်းယူ၍ အပြီးသတ်ချေမှုန်းသုတ်သင်ရေးအတွက် ဖိတိုက်ရမည်။
ဤသို့ ပြောက်ကျားစစ်သေနင်္ဂဗျူဟာရည်မှန်းချက်မှာ ရန်သူ၏ ခံစစ်အနေအထားကို ရှည်ကြာစေရေး အတွက် ဖြစ်သည်။ ၎င်းနောက် စစ်ရေးလှုပ်ရှားမှုနှင့် ပြည်သူလူထုအတွင်း စည်းရုံးရေးအလုပ်ကို အားသွန် ခွန်စိုက်တိုးချဲ့သွားရမည်။
ထို့ကြောင့် နိဂုံးချုပ်အားဖြင့် ကွန်ုပ်တို့သည် ချင်းအမျိုးသားတပ်မတော်အတွင်းတွင် ဖြစ်စေ၊ ပြည်သူလူ ထုအတွင်းတွင် ဖြစ်စေ၊ နိုင်ငံရေးအရ စည်းရုံးလှုံ့ဆော်မှုဝါဒဖြန့်ချီမှု၊ ပညာပေးမှုများ ပြောက်ကျားစစ်သ ဘောတရားများကို အနှံအပြားထိရောက်စွာ လုပ်ဆောင်ကြရမည်။ မိမိတို့၏ အတွင်းအပြင်ရန်သူမှန်သမျှ တို့ကိုလည်း တိုက်ခိုက်ချေမှုန်းပစ်ရမည်။ မိမိတို့နိုင်ငံရေးရည်မှန်းချက်၊ ပေါ်လစီများကို ပြည်သူတရပ်လုံး၏ လိုအင်ဆန္ဒနှင့် လည်း ကိုက်ညီပြီး၊ ပြည်သူတရပ်လုံး (သို့မဟုတ်) ကွန်ုပ်တို့အားလုံး၏ ပြည်သူ့တော်လှန် ရေးစစ်ဖြစ်လာလျှင် အပြီးသတ်အောင်ပွဲကို မလွဲမသွေရရှိမည်။
၁။ ပြောက်ကျားစစ်အခြေခံများ။
ပြောက်ကျားစစ်၏ အခြေခံလမ်းညွှန်မှုသည် ထိုးစစ်ဖြစ်သည်။ လှုပ်လည်းမလှုပ်၊ တိုက်လည်းမတိုက် (သို့မဟုတ်) လှုပ်သာလှုပ်ရှားပြီး၊ မတိုက်ခိုက်ခြင်းဆိုသည့် သဘောထားမရပေ။ ပြောက်ကျားစစ်၏ ပရိ ယာယ်များကို အကျဉ်းချုံးဖေါ်ပြလျှင်၊ တပ်ဖြန့်ပြီး လူထုကိုစည်းရုံးလှုံ့ဆောင်တပ်စုစည်းပြီး ရန်သူကိုတိုက် ရမည်။ ရန်တက်- ငါဆုတ်၊ ရန်နား- ပါရှုပ်၊ ရန်ပန်း- ငါတိုက် အတိုင်းလုပ်ရမည်။ အားကောင်းသော ရန်သူ ကလိုက်လာလျှင် ပတ်ချာလည်လှည့်တိုက်သောနည်းကို ကျင့်သုံးရမည်။
(၁) ရန်တက်- ငါဆုတ်။
ရန်တက်- ငါဆုတ်ခြင်းသည် အင်အားသာလွန်သော တပ်၏ ထိုးစစ်ကိုအင်အားသေးငယ်သည့်တပ်က ရင်ဆိုင်သောအခါတွင် စီမံကိန်းရှိရှိကျင့်သုံးသော သေနင်္ဂဗျူဟာခြေလှမ်း ဖြစ်သည်။ နောက်ကို တလှမ်း ဆုတ်မပေးလျှင် တပ်အင်အားထိန်းသိမ်းရန် အန္တရာယ်ရှိလိမ့်မည်။ နောက်ဆုတ်ခြင်းသည် ရှေ့တက်ရန် ဖြစ်သည်။ လက်ဦးမှုမဲ့ရာမှ လက်ဦးမှုရှိလာအောင် ရန်သူကို ကိုယ့်နယ်အတွင်းပိုင်းသို့ မြှားခေါ်လာပြီး အခွင့်ကောင်းစောင့်၍ ရန်သူကိုချေမှုန်းနိုင်အောင် ကိုယ်တပ်အင်အားထိမ်းသိမ်းနိုင်အောင် မိမိတို့ရှောင် သွားသောနည်းကို ကျင့်သုံးရမည်။ စိတ်ဓါတ်ကျဆင်းပြီး ထွက်ပြေးခြင်း၊ ကိုယ့်အသက်ငဲ့ညှာ၍ နောက် ဆုတ်ခြင်းမဟုတ်ဘဲ အားကောင်းသောတပ်ကို အားနည်းသောတပ်မှ တိုက်ခိုက်ရာတွင် စစ်အစဦးပိုင်းတွင် လိုက်နာကျင့်သုံးရမည့် လမ်းညွှန်ဖြစ်သည်။
သေနင်္ဂဗျူဟာအရ ထုတ်ခွာခြင်းသည် ပြန်လှန်ထိုးစစ်အဖြစ် ကူးပြောင်းရန် ဖြစ်သည်။ ထို့ကြောင့် ဆုတ်ခွာနေသောအဆင့်တွင် ပြန်လှန်ထိုးစစ်ဆင်ရန်အတွက် စဉ်းစားထားရမည်။ တက်တက်ကြွကြွ ပြင် ဆင်ထားရမည်။ မိမိတို့အခွင့်သာပြီး ရန်သူအတွက်အခွင့်မသာသော အခြေအနေကို ဖန်တီးရမည်။ အောက်ပါအချက်များထဲမှ အနည်း ၂- ချက် မိမိတို့ရရှိမှသာ မိမိအခွင့်သာပြီး ရန်သူအတွက် အခွင့်မသာဘဲ ပြန်လှန်ထိုးစစ်ကို ကူးပြောင်းနိုင်မည်။
(၁) မိမိတို့ကို စိတ်အားထက်သန်စွာ ကူညီသော ပြည်သူလူထု
(၂) စစ်တိုက်ရန် အခွင့်သာသော နေရာစခန်း
(၃) မိမိအဓိကတပ်များအားလုံး စုစည်းနေခြင်း
(၄) ရန်သူပျော့ကွက်ကို တွေ့ရှိခြင်း
(၅) ရန်သူကို ခြေကုန်လက်ပမ်းကျပြီး စိတ်ဓါတ်ပျက်ပြားအောင် လုပ်ခြင်း
(၆) ရန်သူကို အမှားမှားအယွင်းယွင်းဖြစ်အောင် လုပ်ခြင်းတို့ဖြစ်သည်။
၎င်းတို့အထဲတွင် စိတ်အားထက်သန်စွာ ကူညီနေသောပြည်သူလူထုဆိုသည့်အချက်သည် အရေးကြီး ဆုံးအချက် ဖြစ်သည်။ ထို့အချက်နှင့် ပြည့်စုံလျှင် စတုတ္ထ၊ ပဉ္စမ၊ ဆဌမအချက်တို့ကိုလည်း လွယ်ကူစွာဖန် တီးနိုင်သည်။ အကောင်အထည် ဖေါ်နိုင်သည်။
စတင်ဆုတ်ခွာမည့်အချိန်ကို သတ်မှတ်ရေးမည့်အရေးကြီးဆုံးပြသာနာ ဖြစ်သည်။ စောလွန်းသော ဆုတ်ခွာမှုနှင့် နှောင်းလွန်းသောဆုတ်ခွာမှုပါ နစ်နာစေနိုင်သည်။ သို့သော် ယေဘုယျအားဖြင့် အချိန် နှောင်းလွန်းခြင်းသည် စောလွန်းခြင်းထက်ပိုမိုနစ်နာစေသည်။ မိမိတို့၏ ရည်ရွယ်ချက်နှင့် အကြောင်းကို ပေါ်ကုန်စေသည်။ နှောင်းလွန်းသော ဆုတ်ခွာမှုကြောင့် မိမိတို့တပ်မတော်က မတက်သာဘဲ ကတိုက်က ရိုက်နှင့် ရင်ဆိုင်ရတတ်သည်။ အချိန်မှီဆုတ်ခွာမှသာ မိမိကလုံးဝလက်ဦးမှုရစေနိုင်သည်။ မိမိတို့တပ်မ တော်က အဆုံးသတ်ဆုတ်ခွာရမည့် အချိန်ကို၊ နေရာကိုရောက်ပြီး အေးအေးဆေးဆေးပြင်ဆင်နိုင်သည်။ ခြေကုန်လက်ပမ်းကျနေသော ရန်သူကိုနားနားနေနေစောင့်ရင်း ပြန်လှန်ထိုးစစ်ဆင်နိုင်သည်။ စတင်ဆုတ် ခွာရမည့် အချိန်အံကိုက်အောင် လိုအပ်သောအချက်အလက်များကို စုံစမ်းထောက်လှမ်းခြင်း၊ ရန်- ငါ ၂ ဖက် ယေဘုယျအခြေအနေကို ဝေဖန်ပိုင်းခြားခြင်းတို့ကို အထောက်အထားပြုရွေးချယ်ရမည်။
အဆုံးသတ်ဆုတ်ခွာရမည့်နေရာကို ရွေးချယ်ရာတွင် ပြန်လှန်ထိုးစစ်ဆင်ရေးနှင့် ရန်သူချေမှုန်းရေးကို အစပြုပြီးစဉ်းစားရမည်။ အခြေအနေတခုလုံးကို မူတည်ပြီး တစိတ်တပိုင်းအခြေအနေကို အခြေအနေတခု လုံးနှင့် စပ်လျဉ်းကြည့်ပြီးမှ ရွေးချယ်သတ်မှတ်ရမည်။ အဆုံးသတ်နေရာအဖြစ်၊ အခြေခံဒေသ၏ အရှေ့ပိုင်း (သို့မဟုတ်) အလယ်ပိုင်း (သို့မဟုတ်) နောက်ပိုင်းတွင် ရွေးချယ်သင့်သည်။ ထိုသို့ဆုတ်ခွာလျှင် နယ်မြေဆုံး ရှုံးသွားရမည်။ ပြည်သူလူထုကို ဘေးသင့်စေမည်။ ပြင်ပသို့လည်း မကောင်းသောဂယက်ရိုက်မှုများပေါ် ထွက်လာစေမည်ဟု အချို့ကထင်ကြသည်။ ပြသာနာများကို ခြုံပြီးမကြည့်တတ်ဘဲ တစိတ်တဒေသကိုသာ ကြည့်တတ်ကြသည်။ ဤအမြင်သည် မှားသည့်ဆန္ဒခွဲဝါဒီမျိုး ဖြစ်သည်။ အဆုံးရှုံးခံမှသာ မဆုံးရှုံးဘဲနေနိုင် မည်။ အခိုက်အတန့်အားဖြင့် တချို့သော ပြည်သူလူထုအဖျက်အဆီးခံမှ ပြည်သူတရပ်လုံးအချိန်ကြာမြင့်စွာ ပစ္စည်းများအဖျက်အဆီးမခံဘဲ နေနိုင်မည်။ အခြေခံဒေသဆုံးရှုံးခြင်းနှင့် ပြည်သူလူထုဆင်းရဲဒုက္ခရောက် ရခြင်းသည် ယာယီသာဖြစ်သည်။ အားကောင်းရန်သူထိုးစစ်ဆင်လာလျှင် လက်ဦးမှုရှိရှိဆုတ်ခွာရန် လုံးဝလို အပ်သည်။ ပြည်သူလူထုက မှန်မှန်ကန်ကန်နားလည်နိုင်ရန် ပညာပေးရမည်။
(၂) ရန်နား- ငါရှုပ်
ထိုးစစ်ဆင်သောရန်သူတပ်ချအနားယူသောအခါတွင် ရန်သူကိုဆန့်ကျင်သော ပြည်သူလူထုအားလုံးကို လှုံ့ဆော်ပြီးပြည်သူစစ်များ ပြောက်ကျားစစ်တပ်များနှင့် ပူးပေါင်းပြီး (ပူးတွဲ) ပြည်သူ့စစ်ပွဲအကြီးအကျယ် ဆင်နွှဲရမည်။ ဥပမာ- ရန်သူဦးစီးကင်းကြားဌါန၊ အချက်ပြဆက်သွယ်ရေး၊ အချက်အချာဌါနနှင့် ထောက်ပံ့ ရေးဌါနခွဲကို အလစ်ဝင်တိုက်ခိုက်ခြင်း၊ ရန်သူလမ်းပန်းဆက်သွယ်ရေးကို ဖျက်ဆီးခြင်း၊ သစ္စာဖောက်များကို အရေးယူနှိမ်နှင်းခြင်း၊ ရန်သူစစ်ကင်းကို ဖမ်းခြင်း၊ တပ်နှင့် ကွဲကွာနေသောရန်သူကို ဖမ်းခြင်း၊ ထောင် ချောက်တူးခြင်း၊ မိုင်းဗုံးထောင်ခြင်း၊ မြေအနေအထားအခြေအနေပြုပြင်ပြောင်းလဲခြင်း၊ ရန်သူကို သေကြေ အနာတရရအောင် သေနတ်၊ အမြောက်နှင့် ချောင်းမြောင်းပစ်ခတ်ခြင်း၊ အရှေ့ဖက်ညာသံပေးပြီး အနောက် မှတိုက်ခြင်း၊ တိုက်ပွဲပြီးသည်နှင့် တပြိုင်နက်ဆုတ်ခွာသွားခြင်းစသည်တို့ ဖြစ်သည်။ ရန်သူအေးအေးဆေး ဆေးမနေနိုင်ဘဲ ခြေမကိုင်မိလက်မကိုင်မိဖြစ်အောင် ကာကွယ်ရာ၌ လက်မလည်နိုင်အောင် စိတ်ဓါတ်ကျ ဆင်းသွားအောင် ဟာကွက်ပေါ်လာအောင် အားပျော့သါားအောင်ဖြစ်စေပြီး မိမိတို့ပြန်လှန်ထိုးစစ်ဆင်နိုင်ရန် အတွက် အခြေအနေဖန်တီးပေးသည်။
(၃) ရန်ပန်း- ငါတိုက်။
ထိုးစစ်ဆင်လာသော ရန်သူသည် မိမိတို့၏အခြေခံဒေသအတွင်း မိမိတို့တပ်နှင့် ပြည်သူလူထု၏ အ လစ်ဝင်တိုက်ခိုက်မှုကို အဆက်မပြတ်ခံရပြီး အကြီးအကျယ်ထိခိုက်အနာတရ ဖြစ်စေရမည်။ ဒုက္ခအမျိုးမျိုး တွေ့ပြီး ခြေကုန်လက်ပန်းကျရမည်။ အားပျော့ပြီး စိတ်ဓါတ်ကျဆင်းသွားမည်။ အတွင်းပဋိပက္ခများပြင်းထန် လာမည် တပ်ဖြန့်လိုက်ရပြီး ထောက်ပံ့ရေးအခက်အခဲမုချ ကြုံတွေ့ရမည်။ ပျော့ကွက်များပေါ်လာမည်။ ထို သို့သော အခြေအနေတွင် တိုက်ပွဲကြီးနှင့် တိုက်ပွဲများအရ အလစ်ဝင်တိုက်ခိုက်နည်းကို အခွင့်ကောင်းလက် မလွှတ်ဘဲ ပြတ်ပြတ်သားသားကျင့်သုံးရမည်။ စုစည်းနိုင်သမျှသော အင်အားကိုစုစည်းပြီး အမြန်တိုက်၊ အမြန်အဆုံးသတ်ခြင်း ရန်သူကိုအကြီးအကျယ် တိုက်ခိုက်ချေမှုန်းပစ်ရမည်။ အချိန်ကြန့်ကြာခြင်းကို အစွမ်း ကုန်ရှောင်ရမည်။ တိုက်ခါနီးတွင် တပ်ဖြန့်တာမျိုး အစွမ်းကုန်ရှောင်ရမည်။
ပြန်လှန်စစ်ဆင်ရေးအဆင့်တွင် ဆင်နွှဲရသောတိုက်ပွဲသည် အပြင်းထန်ဆုံး၊ အရှုပ်ထွေးဆုံး၊ အပြောင်း အလဲအများဆုံး၊ အခက်အခဲဆုံးနှင့် အပင်ပန်းဆုံးတိုက်ပွဲ ဖြစ်သည်။ ဤအဆင့်တွင် အဓိကပြသာနာပြန် လှန်ထိုးစစ်စတင်ရေး၊ တပ်သားစုစည်းရေး၊ လှုပ်ရှားစစ်ဆင်ရေး၊ အမြန်အဆုံးသတ်စစ်ဆင်ရေး၊ ချေမှုန်းစစ် ဆင်ရေးစသော ပြသာနာများ ဖြစ်သည်။ ပဌ္စမပဲါဦးထွက်တိုက်ပွဲကို အနိုင်တိုက်ရမည်။ ပွဲဦးထွက်စစ်ပွဲ၏ အ နိုင်/ အရှုံးအခြေအနေတခုလုံးကို အကြီးအကျယ်ဂယက်ရိုက်နိုင်သည်။ နောက်ဆုံးအဆင့်ထိပင် ဂယက် ရိုက်သွားနိုင်သည်။ ရန်သူအခြေအနေ၊ မြေအနေအထား၊ လူထုအခြေအနေစသော အကြောင်းအချက်တို့ သည် ရန်သူအတွက် အခွင့်မသာဘဲ မိမိတို့အတွက်သာ ပြီးနိုင်ဖို့သေချာမှသာ တိုက်ပွဲဆင်နွှဲနိုင်သည်။ ဤ သို့ မဟုတ်လျှင် နောက်ဆုတ်ပေးပြီး အခွင့်ကောင်းစောင့်ရမည်။ အခွင့်ကောင်းသည် ရှိနေမည်ဖြစ်သော ကြောင့် ပေါ့ပေါ့ဆဆပြန်မတိုက်သင့်ပေ။
(၃) ရန်ဆုတ်- ငါလိုက်။
ထိုးစစ်ဆင်လာသော ရန်သူတပ်များကို မိမိတို့အကြိမ်ကြိမ် မြှားခေါ်ပြီး မြူဆွယ်၊ အကြိမ်ကြိမ်ဝင်ရှုပ်၊ အ ကြိမ်ကြိမ်ထိုးတိုက်လိုက်သည့်အတွက်ကြောင့် ရန်- ငါ အင်အားအခြေအနေသည် အရင်းအမြစ်မှ ပြောင်း လဲပါသည်။ ထိုအချိန်တွင် ဝိုင်းဝန်းခြေမှုန်းမှုအောင်ပွဲရနိုင်မည် မဟုတ်ပေ။ မိမိအခြေခံဒေသတွင်လည်း ရပ် တည်၍မရသည်ကို တွေ့ကြုံသောအခါ ရှုံးနိမ့်မည့်အခြေအနေကို အဖတ်ဆည်ရန်အတွက် လမ်းခုလတ် တွင်ပင် ဆုတ်ခွာသွားတတ်သည်။ (သို့မဟုတ်) အခြေခံဒေသမှနေ ထွက်ခွာသွားတတ်သည်။ ထိုအချိန် မျိုးတွင် အောင်ပွဲလစ်စနှင့် လိုက်တိုက်ရမည်။ လိုက်လံတိုက်ခိုက်ခြင်းသည် ပြန်လှန်ထိုးစစ်နှင့် (ထိုးစစ် အဆက်ပင်) လိုက်တိုက်ခိုက်မှသာ ရန်သူဝိုင်းဝန်းမှုကို အရှုံးတိုင်တိုက်ဖျက်ပစ်နိုင်မည်။ ဆုံးရှုံးသွားသော နယ်မြေကို ပြန်လည်သိမ်းပိုက်နိုင်မည်။ အခြေခံဒေသကို ခိုင်မြဲတိုးချဲ့စေနိုင်မည်။ လိုက်လံတိုက်နည်းတွင် သုံးမျိုးသုံးစားရှိသည်။ ပထမခြေရာခံလိုက်တိုက်နည်း ဖြစ်သည်။ ဒုတိယ- မျဉ်းပြိုင်ပြီး လိုက်တိုက်နည်း ဖြစ် သည်။ တတိယမှာ ခြေရာခံလိုက်တိုက်နည်းနှင့် ယှဉ်ပြီးလိုက်တိုက်ခိုက်ခြင်းကို ပေါင်းစပ်ပြီး လိုက်တိုက် သောနည်း ဖြစ်သည်။ ထိရောက်မှုအရ တတိယနည်းသည် အကောင်းဆုံးဖြစ်သည်။ ရန်သူတပ်များဆုတ် ခွာသွားသောအခါ ပြိုကွဲပြီးထွက်ပြေးခြင်း (သို့မဟုတ်) စည်းရုံးမှုရှိရှိပြန်ဆုတ်ခြင်း မည်သည့်ပုံစံဖြစ်သည်ကို ဝေဖန်ပိုင်းခြားတတ်ရမည်။ ရန်သူတပ်သည် စည်းစည်းရုံးရုံးဆုတ်ခွာသွားလျှင် ရန်သူဆုတ်ခွာမည့်လမ်း ကြောင်းနှင့် သူတို့ကြံရွယ်ချက်ကိုသိရန် အချိန်မှီထောက်လှမ်းရမည်။ လိုက်တိုက်ခိုက်နိုင်ရန်အတွက် အမြန် စည်းရုံးရမည်။ လှုပ်ရှားရာတွင် ရန်သူတပ်တစိတ်တပိုင်းကို ချေမှုန်းသုတ်သင်နိုင်ရန်အတွက် အစွမ်းကုန် ကြိုးစားရမည်။ ရန်သူမတတ်သာ၍ ပြိုကွဲထွက်ပြေးလျှင် ချက်ချင်းပင်ရဲရဲရင့်ရင့်တဟုန်ထိုးလိုက်လံ တိုက် ခိုက်ရမည်။ ရန်သူအသက်ရှုခွင့်မရအောင် လုပ်ရမည်။ ဘယ်လိုတိုက်နည်းသုံးသုံး တပ်အားတချို့ကို အချိန် မှီစည်းရုံးပြီး ဆုတ်ခွာနေသောရန်သူရှေ့ဖက်သို့ ဖြတ်လမ်းမှအလျင်အမြန်သွား၊ အခွင့်သာသော မြေအနေ အထားကို သိမ်းပိုက်၊ ရန်သူဆုတ်ခွာလမ်းကို ပိတ်ပင်၊ ပြည်သူလူထုနှင့် ပြည်သူ့စစ်တို့၏ ကူညီထောက်ပံ့မှု အောက်တွင် ရန်သူအားလုံးချေမှုန်းပစ်ရမည်။
အခန်း (၅)
စစ်ရေးလမ်းညွှန်။
၁။ ပြောက်ကျားစစ်ဆင်ရေးအတွက် သေနင်္ဂဗျူဟာအညွှန်း။
၁။ သေနင်္ဂဗျူဟာခံစစ် (ခံစစ်ရှင်) တွင် နည်းပရိယာယ်အရ ထိုးစစ်ဆင်ရမည်။
(ခံစစ်အတွင်းမှ ထိုးစစ်တိုက်ပွဲများ ပြုလုပ်သွားရမည်။)
၂။ သေနင်္ဂဗျူဟာအရ ငါတို့အင်အားသေးမှု (ငြိမ်ခံနေမှု) နှင့် ရန်သူ့အင်အားကြီးမှု (လက်ဦးမှုရမှု) တွင်၊ နည်းပရိယာယ်နှင့် တိုက်ပွဲတို့အရ၊ ငါတို့အင်အားကြီးမှု (လက်ဦးမှုရမှု) နှင့် ရန်သူအင်အားသေးမှု (ငြိမ်ခံနေမှု) ကို ဖန်တီးယူရမည်။ တနည်းသေနင်္ဂဗျူဟာအရ ငါတို့အင်အားအနည်း (၁- ယောက်) နှင့် ရန် သူ့အင်အားအများ (၁၀- ယောက်) တွင်၊ နည်းပရိယာယ်နှင့် တိုက်ပွဲတို့အရ၊ ငါတို့အင်အားအများ (၁၀- ယောက်) နှင့် ရန်သူ့အင်အားအနည်း (၁- ယောက်) ဖြစ်အောင် ဖန်တီးယူရမည်။
၃။ သေနင်္ဂဗျူဟာအရ ငါတို့၏အတွင်းပိုင်းစစ်ဆင်ရေးနှင့် ရန်သူ၏အပြင်ပိုင်းစစ်ဆင်ရေးနှင့် ရန်သူ၏အပြင် ပိုင်းစစ်ဆင်ရေးတွင် နည်းပရိယာယ်နှင့် တိုက်ပွဲတို့အရ ငါတို့အပြင်ပိုင်းစစ်ဆင်ရေးနှင့် ရန်သူအတွင်းပိုင်းစစ် ဆင်ရေးသို့ ပြန်ကျရောက်ရန် ဖန်တီးယူရမည်။
၎။ သေနင်္ဂဗျူဟာအရ၊ ရေရှည်ဇွဲစစ်ပွဲတွင် နည်းပရိယာယ်နှင့် တိုက်ပွဲတို့အရ၊ အမြန်ပြီးစစ်ကို စစ်ဆင်ခြင်း။
(လက်ဦးမှု၊ လျင်မြန်ဖြတ်လတ်မှု၊ အစီအစဉ်ရှိမှုအပေါ်အခြေစိုက်ပြီး ဆောင်ရွက်သွားရမည်။)
၅။ သေနင်္ဂဗျူဟာအရ၊ ရန်သူကို အထင်သေးခြင်းနှင့် နည်းပရိယာယ်နှင့် တိုက်ပွဲတို့အရ ရန်သူကိုအထင် မသေးခြင်း၊ အရေးထားရမည်။ (ရန်သူ၏ စစ်မြေပြင်တပ်မှူးများသည် စစ်အတွေ့အကြုံရှိထားကြသည်ကို မှတ်ယူထားရမည်။
၆။ သေနင်္ရဗျူဟာအရ၊ မိမိအင်အားထိန်းသိမ်းရေးတွင် နည်းပရိယာယ်နှင့် တိုက်ပွဲတို့အရ ရန်သူကိုချေမှုန်း သုတ်သင်ရေး (ရန်သူကို ချေမှုန်းသုတ်သင်ရေးသည် မိမိအင်အားထိန်းသိမ်းရေးအတွက် အထိရောက်ဆုံး ဖြစ်သည်)
၇။ သေနင်္ဂဗျူဟာအရ၊ တည်တံ့ခိုင်မြဲသော နယ်မြေ (အခြေခံစခန်း) ကို ရရှိရန်၊ နည်းပရိယာယ်အရ၊ နယ် မြေကို အရှင်လုပ်ထားရမည်။ (ခံစစ်ရှင်ကျင့်သုံးခြင်း)
စစ်ရေးခေါင်းဆောင်မှုအညွှန်း။
(၁) ရန်သူအကြောင်းမှန်ကို သိရမည့်ရန်သူ အခြေအနေကို သိရမည်။
(၂) ကိုယ့်အကြောင်းမှန်ကို သိရမည်။ ကိုယ့်အခြေအနေစုံကို သိရမည်။ (ရန်သူအကြောင်း၊ ကိုယ့်အ ကြောင်းသိခြင်းသည် တိုက်ပွဲတရာတွင် အောင်ပွဲတရာ ရမည်။)
(၃) ရန်သူက ကိုယ့်အကြောင်းစုံနှင့် အခြေအနေစုံကို အမှန်အသိရအောင် လျှို့ဝှက်ပိပြားစွာ နေတတ်ရ မည်။
(၄) ရာသီဥတုကို တွက်ဆနိုင်ရမည်။ ကိုယ့်ဘက်အခွင့်သာသော ရာသီဥတုကို အပြည့်အဝအသုံးချနိုင်ရ မည်။
(၅) ပထဝီအနေအထားကို တွက်ဆနိုင်ရမည်။ ကိုယ့်ဘက်အခွင့်သာသော ပထဝီအနေအထားကို အပြည့် အဝအသုံးချနိုင်ရမည်။
(၆) လူထုအခြေအနေကို အကဲဖြတ်နိုင်ရမည်။ ကိုယ့်ထက်အခွင့်သာသော လူထုအခြေအနေဖြစ်လာ အောင် ဖန်တီးနိုင်ရမည်။
(၇) အခါပေးမှန်ရမည်။ (ကာလ၊ ဒေသ၊ အခြေအနေနှင့် ကိုက်ညီအောင် စစ်ချီ၊ စစ်တက်၊ စစ်ဆုတ် လုပ် နိုင်ရမည်။
စစ်ရေးတိုက်ပွဲလမ်းညွှန်။
(၁) တိုက်ခိုက်ရေးအညွှန်း
အားနည်းသော ရန်သူ၊ အဆက်ပြတ်နေသော ရန်သူ၊ ပျော့ညံ့နေသော ရန်သူ၊ စိတ်ဓါတ်ကျဆင်းနေ သော ရန်သူ၊ ပြင်ဆင်မှုမရှိသော ရန်သူ၊ သတိလစ်နေသော ရန်သူ၊ ကျွန်ုပ်တို့ကျော့ကွင်းတွင်မိနေသော ရန် သူ၊ လူထုဆန့်ကျင်နေသော ရန်သူ၊ အမှားကျူးလွန်နေသော ရန်သူများကို အဓိကထား၍ တိုက်ခိုက်ရမည်။ အလစ်အငိုက်ကို ကောင်းစွာအသုံးပြုရမည်။
(၂) ချေမှုန်းသုတ်သင်ရေး အညွှန်း
မိမိတိုက်ခိုက်ရမည့်ရန်သူများအား တိုက်ခိုက်ရာ၌ အညှာအတာကင်းမဲ့စွာ တိုက်ခိုက်ရမည်။ တိုက် ခိုက်ရာ၌လည်း သာလွန်သောအင်အားအမြန်ပြီးသည့် တိုက်ပွဲစနစ်ဖြင့် တိုက်ရမည်။ ရန်သူအားအချိန်ဆွဲ၍ မည်သည့်အခါမျှမတိုင်မိရန် သတိပြုရမည်။
(၃) တိုက်ပွဲအနိုင်အရှုံးစံချိန်
တိုက်ပွဲတိုင်း ရန်သူအထိနာစေရမည်၊ ကျဆုံးဒဏ်ရာ ရစေရမည်။ အဓိကအားဖြင့် ရန်သူထံမှ လက် နက်ခဲယမ်းမီးကျောက်များကို ရယူနိုင်ရမည်။ ထို့ကြောင့် တိုက်ပွဲ၏အနိုင်အရှုံးကို ရန်သူကျဆုံးဒဏ်ရာ ရရှိမှု၊ သုံ့ပန်းဖမ်းဆီးရရှိမှု၊ လက်နက်ခဲယမ်းမီးကျောက်သိမ်းဆည်းရရှိမှုအပေါ်တွင် ဆုံးဖြတ်ရပေမည်။ တိုက်ပွဲအ ရေအတွက်များပြီး ရန်သူကိုမောင်းထုတ်နိုင်ရုံနှင့် မဆုံးဖြတ်သင့်ပေ။
(၄) ရန်သူတပ်ဖြိုခွဲရေး
(က) ရန်သူအား ချေမှုန်းရေးစစ်ဆင်ခြင်း၊ (ခ) နိုင်ငံရေးတိုက်ပွဲဆင်ခြင်းဝါဒဖြန့်ချီရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ (ဂ) မှန်ကန်သော သုံ့ပန်းများအပေါ်သဘောထားများ ချမှတ်ကာ တင်းကြပ်စွာ လိုက်နာ ကျင့်သုံးခြင်းများ ပြုလုပ်ရမည်။ ရန်သူများအား တိုက်ခိုက်ရာတွင် အတတ်နိုင်ဆုံးလူထုကို မထိခိုက်အောင် ဂရုစိုက်ရမည်။
(၅) ဖျက်ဆီးရေးလုပ်ငန်း
ရန်သူ၏ စစ်ရေးနှင့် ပါဝင်ပတ်သက်နေသော လုပ်ငန်းရပ်များအားလုံး (လမ်းပန်းဆက်သွယ်ရေးမီးရ ထား၊ မော်တော်ကား၊ လမ်းရှိတံတားများ၊ ရဲဌါနများ၊ စစ်ရုံးများ၊ စစ်ပစ္စည်းသိုလှောင်ရန် ဂိုဒေါင်များ၊ စစ် တန်းလျားများ၊ စစ်ယာဉ်များ၊ အုပ်ချုပ်ရေးရုံးများ၊ ကုန်လှောင်ရုံကြီးများ၊ စစ်နှင့် ဆိုင်သောအဆောက်အဦး ကြီးများ၊ စက်ရုံအလုပ်ရုံများ) စသည်တို့ကို ဖောက်ခွဲပျက်ဆီးပစ်ရမည်။ အချို့လိုအပ်ပါက အစိုးရနှင့် သက် ဆိုင်သောလုပ်ငန်းရပ်များကိုလည်း ဖျက်ဆီးပစ်ရမည်။
(၆) တပ်ခွဲရန်သူအား တိုက်ခိုက်ခြင်း
လက်ရှိအခြေအနေအရ တပ်ခွဲနေသောရန်သူအား ချွင်းချက်ဖြင့်သာ တိုက်ခိုက်ရမည်။ ရန်သူ၏ အခြေ အနေအပေါ်မူတည်ပြီး ပိုင်နိုင်သောအခြေအနေပေါ်တွင်သာ တိုက်ခိုက်ရမည်။
(၇) တပ်စုစည်းခြင်း
ပြောက်ကျားစစ်သည် နည်းပရိယာယ်တိုက်ပွဲအရ ထိုးစစ်လက္ခဏာဆောင်သည်။ ထိုးစစ်သည် တပ်စု ရေးမှ ဖြစ်သည်။ တပ်စုစည်းတိုက်ခိုက်ရေးသည် အဓိကလက္ခဏာဆောင်သည်။ တပ်စုစည်းခြင်းသည် ရန် သူကိုချေမှုန်းသုတ်သင်ရန် ဖြစ်သည်။ တပ်ဖြန့်ခွဲခြင်းသည် လူထုလုပ်ငန်းလုပ်ရန် (သို့မဟုတ်) ရန်သူ၏ ချေ မှုန်းမှုကို ရှောင်ရန်ဖြစ်သည်။ မြန်မြန်စု- မြန်မြန်ခွဲလှုပ်ရှားသွက်လက်လျှင်မြန် ရမည်။
(၈) ရသမျှလက်နက်များကို အစွမ်းကုန်အသုံးချရေး
ရန်ဗုံးခွင်းလက်နက်များ၊ မိုင်းဗုံးများညှောက်များ ကျယ်ပြန့်စွာသုံးရေး၊ မိုင်းစစ်ပွဲများ ကျယ်ပြန့်လာရေး တို့ကို ကြိုးစားလုပ်ဆောင်ရမည်။ စစ်ဒေသတိုင်းတွင် မိမိတို့ဖာသာထုတ်လုပ်သော လက်နက်၊ ခဲယမ်း၊ ကိရိ ယာများကို အခြေအနေပေးပါက လုပ်ဆောင်ကြိုးပမ်းသွားရမည်။ လက်နက်ကိုယ့်လက်နက်ဖြစ်စေပြီး ရန် သူလက်နက်ဖြင့် ရန်သူကိုအစွမ်းကုန် ချေမှုန်းပစ်ရမည်။
(၉) ဆန့်ကျင်ရမည့် စစ်ရေးအမှား။
(က) ခံစစ်သေကို ဆန့်ကျင်ရမည်။ (ခံစစ်ရှင်ကို စွဲစွဲမြဲမြဲကျင့်သုံး ရမည်)
(ခ) တဖက်သတ်မိမိအင်အားထိန်းသိမ်းရေးကို ဆန့်ကျင်ရမည်။ (ချေမှုန်းသုတ်သင်ရေးကို ကျင့်သုံးရမည်။ ချေမှုန်းသုတ်သင်ရေးမရှိပါက ထိန်းသိမ်းရေးလည်း မပြုလုပ်နိုင်ပါ)
(ဂ) တဖက်သတ်ချွေစစ်ကို ဆန့်ကျင်ရမည်။ (ချေမှုန်းသုတ်သင်ရေးသည် အဓိကအသွင်သဏ္ဍာန် ဖြစ်ရ မည်။ ချွေစစ်သည် အရသာ ဖြစ်စေရမည်။)
(ဃ) အရာရာရှောင်တိမ်းရေး၊ ထွက်ပြေးရေး၊ မခုခံရေး၊ မလိုအပ်ဘဲ ဖြန့်ခွဲရေးများကို ဆန့်ကျင်ရမည်။
(င) မိုက်ရူးရဲဝါဒ၊ အရမ်းတိုက်ခိုက်ခြင်း၊ ကြိုတင်ပြင်ဆင်မှုမပြည့်စုံဘဲ တိုက်ခိုက်ခြင်းများကို ဆန့်ကျင်ရမည်။
(၁၀) လူထုဆန့်ကျင်မှုများ မဖြစ်ရေး
မည်သည့်တိုက်ပွဲတွင်မဆို လူထုဆန့်ကျင်သည့်လုပ်ရပ် မကျူးလွန်စေရ။ လူထုပိုင်ပစ္စည်းများကို တိုက် ပွဲတွင်ယူငင်ခြင်း၊ ဓါးပြတိုက်ပြန်ပေးဆွဲခြင်းစသည့် လုပ်ငန်းများကို ဆိုလိုသည်။
(၁၁) တိုက်ပွဲတွင် လက်ဦးမှုရယူရေး
တိုက်ပွဲတိုင်းမှာ လက်ဦးမှုကို အရယူရမည်။ ကိုယ့်အကြိုက်တိုက်ပွဲရမှ တိုက်ရမည်။ မိမိစိတ်ကြိုက်ရ အောင် (နိုင်ပေါက်ရအောင်) ကြိုးစားဖန်တီးယူ ရမည်။
တပ်မတော်တွင် ဆန့်ကျင်ရမည့် မှားယွင်းသော အယူအဆ။
(၁) စစ်ရေးသက်သက်အမြင်
လက်နက်ကိုင်တိုက်ပွဲတခုတည်းသာ အားထားပြီး၊ အာရုံစိုက်ကြသည့် လက်နက်စွဲကိုင်တိုက်ပွဲမှသာ တော်လှန်ရေးသမားများဖြစ်သည်ဟု ယုံကြည်ကြပြီး စစ်မျက်နှာသို့သာ သွားလိုကြသည်။ နိုင်ငံရေးသဘော တရားလေ့လာရန် ပျက်ကွက်ကြသည်။ ထို့ကြောင့် ကြေးစားတပ်အယူအဆပုဂ္ဂိုလ်စွဲ၊ အတ္တစွဲဝါဒ၊ မင်းမဲ့စ ရိုက်ဆန်ဆန် ဖြစ်လာကြသည်။ နောက်ဆုံးစစ်ဘုရင်ဝါဒ၊ ငါ့မင်းငါ့ချင်းးသမားများဖြစ်လာကြပြီး မိမိတပ်နှင့် ပြည်သူအားမိမိ၏ ခိုင်းစေသဖွယ်အနိုင်ကျင့်ပြုမူ ဆက်ဆံလာသည်။ ထို့ကြောင့် ပြည်သူ၏စစ်တပ်မဟုတ်ဘဲ ပြည်သူ၏ရန်သူတပ်အဖြစ်သို့ ရောက်သွားစေသည်။
(၂) အလွန်အကျွံဒီမိုကရေစီ
တပ်မတော်တွင် တပ်တွင်းဒီမိုကရေစီ ရှိပါသည်။ ဝေဖန်ဆွေးနွေးမှုများထောက်ပြပြုပြင်မှုများ ရှိပါသည်။ သို့သော် တပ်၏တင်းကြပ်သောစည်းကမ်းများ ထိမ်းသိမ်းခြင်း၊ အထက်မှ ပေးအပ်သော တာဝန်ဝတ္တရားများ ကို ကျေပွန်စွာထမ်းဆောင်ခြင်း၊ အထက်အမိန့်အတိုင်း တသဝေမတိမ်းလိုက်နာခြင်းများ ဆောင်ရွက်ရန် လိုအပ်သည်။ ထိုသို့မဟုတ်ဘဲ အရာရာတွင် ဒီမိုကရေစီရှိမှသာလျှင် မှန်ကန်သည်ဟုစွဲလမ်းယုံကြည်ကြ သည်။ အလွန်အကျွံဒီမိုကရေစီ၏ ပင်မအခြေအမြစ်မှာ သက်သက်သာသာလုပ်ကိုင်လို၍ စည်းကမ်းသတ် မှတ်ခြင်းကို မကြိုက်နှစ်သက်သော အချောင်သမားဆန်သော သဘောပင်ဖြစ်ပေသည်။ ဤအယူအဆ ကြောင့် တပ်တွင်းစည်းကမ်းလျော့စေခြင်း၊ သင်းခွဲရေး၊ ပုဂ္ဂိုလ်ကိုးကွယ်မှုသို့ ဦးတည်ခြင်းနှင့် တပ်မတော် တိုက်ရည်ခိုက်ရည်စွမ်းရည် လျော့နည်းလာစေသည်။
(၃) ပုဂ္ဂလိအယူအဆ
အများအကျိုးထက်ကိုယ့်အကျိုးကို ဦးစားပေးဆောင်ရွက်ခြင်း၊ မိမိအစုကလေး၏ အကျိုးစီးပွားအတွက် သာ ဂရုစိုက်ခြင်း၊ အများအကျိုးကို လစ်လျူရှုခြင်း၊ သာယာမှုကို ရှာခြင်း၊ မတက်ကြွခြင်း၊ လှုပ်ရှားမှု ပျော့ ညံ့ခြင်း၊ ခက်ခဲသောလုပ်ငန်းကို ရှောင်ရှားခြင်းနှင့် တပ်မှထွက်လိုခြင်း၊ မိမိကိုယ်ကျိုးမိမိလူမှုကိစ္စကြောင့် တာဝန်ကိုပစ်ပယ်ခြင်းနှင့် ခွင့်တောင်းခံခြင်းစသည့်အလွန်ကျဉ်းမြောင်းသော အယူအဆဖြစ်သည်။
(၄) ရှောင်တိမ်းရေးဝါဒ
ရန်သူ၏အင်အားကို အထင်ကြီးပြီး မိမိအင်အားကို အထင်သေးကာရန်သူနှင့် ရင်ဆိုင်ရန်စိုးရွံ့ခြင်း၊ ရင် ဆိုင်မိသောအခါတွင်လည်း မိမိတပ်သားများအား ရန်သူ၏ အင်အားအရေးပါမှုကိုသာ အသိပေးပြီး၊ မိမိ အင်အားအလေးသာမှုကိုထည့်မတွက်ခြင်း၊ တပ်သားများတိုက်ခိုက်စိတ်လျော့နည်းအောင် ဆောင်ရွက်ခြင်း၊ ပြည်သူတို့၏ စည်းရုံးရေးအင်အားကို လစ်လျှုရှုခြင်းစသည်တို့သည် ရှောင်တိမ်းရေးသမားတို့၏ အခြေအ မြစ် ဖြစ်သည်။ ရန်သူကို မိမိစိတ်တိုင်းကျအနေအထား၊ အခြေအနေ၊ လက်ဦးမှုမဖန်တီးသေးသဖြင့် ရှောင် တိမ်းခြင်းမျိုးမဟုတ်ဘဲ အရာရာတွင် သူရဲဘော်နည်းရှောင်တိမ်းမှုကြောင့် မလိုလားအပ်သော ဆုံးရှုံးမှုအ မြောက်အများ ဖြစ်ပေါ်စေသည်။ ရှောင်တိမ်းရေးဝါဒသည် သက်သာခိုလုံမှု၊ တကိုယ်ကောင်းဆန်မှု၊ အ ချောင်သမားအယူအဆမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။
အခန်း (၆)
အခြေခံဒေသတည်ဆောက်ရေး။
(၁) အခြေခံဒေသ (စခန်း) ၏ အဓိပါယ်။
အခြေခံဒေသ (စခန်း) ဆိုသည်မှာ တော်လှန်ရေးတပ်ဖွဲ့များအတွက် စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး၊ ယဉ် ကျေးမှု (စီး၊ နိုင်၊ စစ်၊ ယဉ်) ကျောထောက်နောက်ခံဒေသဖြစ်ပြီး အနာဂတ်ချင်းလဲန်နိုင်ငံသစ်၏ စံနမူနာပြ ဒေသ ဖြစ်သည်။
(၂) အခြေခံဒေသ (စခန်း) တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်။
(က) အနာဂတ်ချင်းလဲန်းနိုင်ငံတော်သစ်အတွက် ၎င်း၊ ရေရှည်စစ်အတွက် ၎င်း၊ လက်တွေ့အတွေ့အကြုံများ စုဆောင်ပြီး စံပြနယ်မြေထူထောင်သွားရန်။
(ခ) တပ်တွင်း၊ လူထုတွင်း၌ ပညာပေးမြှင့်တင်မှု၊ လေ့ကျင့်မွေးမြူမှု၊ အဆက်မပြတ်လုပ်သွားရန် (တော်လှန် ရေးအဖွဲ့အစည်းများ ပြည်သူ့စစ်၊ တည်ထောင်မှု အပါအဝင်)
(ဂ) ရန်သူကို အကောင်းဆုံးနှင့် စိတ်ကြိုက်ချေမှုန်းနိုင်မည့်သတ်ကွင်းများ ထူထောင်ရန်။
(ဃ) ရန်သူ၏ နိုင်ငံတော်ဟောင်းနှင့် အဖက်ဖက်ကယှဉ်ပြိုင်နိုင်သည့် လက်တွေ့နိုင်ငံရေးယှဉ်ပြိုင်ကွက်တ ကွက် ရှိရန်။
(င) ပြည်သူလူထုများအတွက် လွတ်လပ်သောဒီမိုကရေစီ စံနစ်၊ စီးပွားရေးစံနစ်၊ အခြေခံသော စံပြနယ်မြေ ထူထောင်သွားရန်။
ရေရှည်တော်လှန်ရေးအတွက် အခြေခံဒေသတည်ဆောက်ရေးသည် မလုပ်မဖြစ်သောလုပ်ငန်းတာဝန် တရပ် ဖြစ်သည်။ မိမိတို့၏ အခြေခံဒေသများကို (စီး၊ နိုင်၊ စစ်၊ ယဉ်) သန်မာအောင်ပြုလုပ်ပြီး တကွက်တိုး ချဲ့သွားရမည်။ ထိုမှ တော်လှန်ရေးအောင်ပွဲခံရေးအတွက် အထောက်အကူဖြစ်စေမည် ဖြစ်သည်။
(၃) အခြေခံဒေသတည်ဆောက်ရန် လိုအပ်ချက်များ။
(က) ကောင်းမွန်သော လူထုအခြေခံရှိရမည်။
(ခ) အရည်အချင်းပြည့်ဝသော အဖွဲ့အစည်းများ ရှိရမည်။
(ဂ) သင့်တင့်လုံလောက်သော လက်နက်ကိုင်တပ်မတော်များ ရှိရမည်။ (စီအဲန်အေ ပြည်သူ့စစ်)
(ဃ) စစ်ဆင်ရေးအတွက် အခွင့်အလမ်းသာသော ပထဝီအနေအထား ရှိရမည်။
(တောတောင်ထူထပ်၊ ကျယ်ဝန်းမှု)
(င) ကိုယ့်ကိုယ်ကို ထောက်ပံ့နိုင်သော သင့်တင့်ကောင်းမွန်သည့် စီးပွားရေးအခြေခံကောင်းရမည်။ (စိုက် ပျိုးသီးနှံ၊ ကုန်ထုတ်လုပ်ရေးအခြေခံများ ရှိရန်)
(၄) အခြေခံဒေသအမျိုးအစား အဆင့်ခွဲခြားခြင်း။
(၁) ပြောက်ကျားစစ်အခြေခံဒေသ။
(က) ထိုးဖောက်စည်းရုံးရေး ဒေသ၊
(ခ) ပြောက်ကျားစစ်စည်းရုံးရေး ဒေသ၊
(၂) ပြောက်ကျားဒေသ။
(က) ရန်သူအားသာသော ပြောက်ကျားဒေသ၊
(ခ) မိမိအားသာသော ပြောက်ကျားဒေသ၊
(၃) လွတ်မြောက်ဒေသ။
(က) ခိုင်မာသော အခြေခံဒေသ၊
(ခ) လွတ်မြောက်ဒေသ၊
၁။ (က) ထိုးဖောက်စည်းရုံးရေးဒေသ ဆိုသည်မှာ မိမိမြေအောက်လုပ်ငန်းအခြေကျပြီး ပြောက်ကျားစစ်ဆင် နွှဲရန် ဦးတည်ထားသောဒေသ ဖြစ်သည်။ မြေအောက်တပိုင်းဒေသ ဖြစ်သည်။
(ခ) ပြောက်ကျား စည်းရုံးရေးဒေသ ဆိုသည်မှာ ပြောက်ကျားစစ်ကို တပ်ဖွဲ့အကောင်အထည်မပေါ်စေဘဲ လျှို့ဝှက်နည်းဖြင့် လှုပ်ရှားအကောင်အထည်ဖော်နေသော ဒေသဖြစ်သည်။ မြေပေါ်တပိုင်းဒေသ ဖြစ်သည်။
၂။ (က) ရန်သူအားသာသော ပြောက်ကျားဒေသ ဆိုသည်မှာ မိမိ၏လက်နက်ကိုင်စည်းရုံးရေးစတင်အ ကောင်အထည်ဖော်နိုင်ရန်၊ ရန်သူအား ပြောက်ကျားငယ်များဖြင့် နှောင့်ယှက်လာနိုင်သော ဒေသဖြစ်သည်။
(ခ) မိမိအားသာသော ပြောက်ကျားဒေသဆိုသည်မှာ မိမိ၏စည်းရုံးရေးအဖွဲ့အစည်းများ စတင်ပေါ်ပေါက် လာပြီး ရန်သူအားစစ်ရေးအသာစီးရသော ပြောက်ကျားတိုက်ပွဲမပြတ်ဖေါ်နိုင်သော၊ ရန်သူ၏ အုပ်ချုပ်ရေး အာဏာကို မပြည့်မစုံဖြစ်အောင် နှောင့်ယှက်လာနိုင်သော ဒေသဖြစ်သည်။ ရန်သူသည် အတော်အတန် အင်အားစုဆောင်းပြီးမှ လာရောက်ရသော ဒေသဖြစ်သည်။
၃။ (က) ခိုင်မာသော အခြေခံဒေသဆိုသည်မှာ မိမိစည်းရုံးရေးအဖွဲ့အစည်းများ ခိုင်မာအားကောင်းလာပြီး အုပ်ချုပ်ရေးအဖွဲ့အစည်းများ စတင်ဖွဲ့စည်းစီစဉ်နိုင်သော ဒေသဖြစ်သည်။ ရန်သူ၏ အုပ်ချုပ်ရေးအာဏာ အ ချို့တဝက်ကျန်ရှိနေသေးပြီး ကြီးမားသောအင်အားစုဆောင်းပြီးမှ ရန်သူလာရောက်နိုင်သော ဒေသဖြစ် သည်။ မိမိမှ ပြောက်ကျားတိုက်ပွဲကြီးများဖြင့် ရန်သူအားဖြတ်တောက်တိုက်ခိုက်ချေမှုန်းလာနိုင်သော ဒေသ ဖြစ်သည်။
(ခ) လွတ်မြောက်ဒေသ ဆိုသည်မှာ ယှဉ်ပြိုင်နိုင်ငံရေး၊ အုပ်ချုပ်ရေးထူထောင်ရာ ဒေသဖြစ်သည်။ ရန်သူ မရောက်နိုင်အောင် စစ်ရေးအရတားဆီးနိုင်သော ဒေသဖြစ်သည်။
၎။ အခြေခံဒေသတည်ထောင်ရေးဆိုင်ရာ အခြေခံလုပ်ငန်းတာဝန်များ။
(က) ကာကွယ်ရေးထူထောင်မှု လုပ်ငန်းတာဝန်။
(၁) ပထမနှင့် အဓိကလိုအပ်ချက်မှာ အင်အားတောင့်တင်းသည့်တပ်တတပ် (သို့မဟုတ်) တပ်ဖွဲ့များဖြစ် မြောက်အောင် ထူထောင်ရန်ဖြစ်သည်။ လူအင်အား၊ လက်နက်အရေအတွက်ဖြည့်ဆည်းခြင်းအပြင် တပ် တွင်နိုင်ငံရေးလုပ်ငန်း၊ တပ်တွင်းလုပ်ငန်းလုပ်ကိုင်မှုစံနစ်များကို အခိုင်အမာချမှတ်ရမည်။
(၂) လက်နက်ကိုင်တပ်များကို အသုံးပြုခြင်းဖြင့် ရန်သူအားအနိုင်တိုက်ရေး ဖြစ်သည်။ တော်လှန်ရေးအ ဖွဲ့အမျိုးမျိုး၊ လူထုတရပ်လုံးပါ စစ်ရေးကိုဗဟိုပြုပြီး မိမိတို့ဆိုင်ရာလုပ်ငန်းများကို လုပ်ကြရပါမည်။
ထို့ကြောင့် တော်လှန်ရေးစစ်တပ်ကို ကောင်းအောင်တည်ထောင်ခြင်းနှင့် ရန်သူအားအနိုင်တိုက်သည့် လုပ်ငန်းကိုဦးစားပေးလုပ်ဆောင်ရမည်။
(ခ) အမျိုးသားအကျိုးစီးပွားထူထောင်မှု လုပ်ငန်း။
မိမိလူမျိုးများလည်း ရှိ၊ ရန်သူလည်းရှိသော ဒေသများ၌ အသက်မွေးဝမ်းကြောင်းအတွက် စီးပွားရေး အခြေခံများရှိပြီးသား ဖြစ်သည်။
ပြောက်ကျားစစ်အခြေခံဒေသများ၏ စီးပွားရေးပေါ်လစီမှာ ဘဏ္ဍာရေးတာဝန်ကို တရားမျှတစွာထမ်း ဆောင်ခြင်းဖြစ်သည်။ ကုန်သွယ်ရေးလုပ်ငန်းများအား လွတ်လပ်စွာကုန်သွယ်ခွင့်ပြုရန် အကာအကွယ်ပေး ရန် ဖြစ်သည်။
လွတ်မြောက်ဒေသများ၌ အဓိကအားဖြင့် လယ်ယာလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေး (၃) ခုလုံးကို လုပ်ဆောင်ရန် ဖြစ်သည်။ အစိုးရလုပ်ကိုင်သည့် လုပ်ငန်း၊ ပုဂ္ဂလိဂလုပ်ကိုင်သည့် လုပ်ငန်း၊ ဖက်စပ်လုပ်ငန်းများ အကြုံးဝင်သည်။ ထိုသို့ လုပ်ကိုင်ရာတွင် မိမိ၏မြေယာပေါ်လစီ၊ စီးပွားရေးလမ်းစဉ်များ အတိုင်း ဦးတည်ချက်ရှိရှိ၊ အစီအစဉ်ရှိရှိ၊ အကောင်အထည်ဖော်သွားရန် ဖြစ်သည်။
အခြေခံစခန်းကြီးထွားခိုင်မာရေးအတွက် လူထု၏ထုတ်လုပ်ရေးနှင့် စီးပွားရေးဖြစ်ထွန်းရေးကို ဂရုစိုက် ကြရမည်။ သို့မှသာ တော်လှန်ရေးစစ်ကို ကိုယ့်ဒူးကိုယ်ချွန်ထောက်ပံ့နိုင်ပြီး နယ်ခံလူထု၏ ထောက်ခံကျေ နပ်မှုလည်း ရရှိနိုင်မည် ဖြစ်သည်။
(ဂ) နိုင်ငံရေး၊ စည်းရုံးရေးထူထောင်မှု လုပ်ငန်း။
(၁) ရန်သူ၏ နိုင်ငံရေး၊ စံနစ်နှင့် စည်းရုံးမှုဆိုင်ရာအဖွဲ့အစည်းအားလုံးဖြိုချဖျက်ဆီးပစ်ရမည်။ ရန်သူနိုင်ငံရေး စည်းရုံးရေးအငွေ့အသက်မကင်းသည့် အရာအားလုံးကိုလည်း ဖျက်ဆီးပစ်ရမည်။
(၂) မိမိအခြေခံနိုင်ငံရေးလမ်းစဉ်၊ လုပ်ငန်းစဉ်များကို လူထုအတွင်းစေ့စပ်သေချာစွာ ပြုရမည်။ လူထု၏ လက်ခံကျင့်သုံးမှုကို အမြဲတမ်းလေ့လာနေပြီး တဆင့်စီမြှင့်တင်သွားရမည်။
(၃) လူထုတရပ်လုံး (အလုပ်သမား၊ လယ်သမား၊ လူငယ်၊ ကလေးလူငယ်၊ အမျိုးသမီး၊ ကုန်သည်၊ ကိုယ် ပိုင်လုပ်ငန်းဖြင့် အသက်မွေးဝမ်းသူများ) ကို ၎င်းတို့၏ နိုင်ငံရေးနိုးကြားမှု၊ စိတ်ဓါတ်မြင့်တက်လာမှုအရ ဆီ လျော်ရာခုခံရေးအဖွဲ့အစည်းအမျိုးမျိုးတွင် သိမ်းသွင်းရမည်။ ထိုအဖွဲ့အစည်းအားလုံးကို ဆီလျော်ရာတော် လှန်ရေးတာဝန်များ ပေးအပ်ထမ်းဆောင်စေရမည်။
(၄) မိမိ၏ အဆင့်ဆင့်အုပ်ချုပ်ရေးလုပ်ငန်းများ ထူထောင်သွားရမည်။
(၅) အခြေခံဒေသတွင် နိုင်ငံရေး၊ စည်းရုံးရေးဆိုင်ရာရှေ့တန်းရောက်အတွ့အကြုံများအား အမြဲဝါဒဖြန့်ချီ သွားရမည်။
(၆) မိမိတို့၏ နိုင်ငံရေး၊ စည်းရုံးရေးလုပ်ငန်းများမှ ထွက်ပေါ်လာမည့်အကျိုးရလာဒ်များကို အခြေခံဒေသလူ ထုအားလုံး အကျိုးခံစားစေကြရမည်။
(ဃ) ယဉ်ကျေးမှုနှင့် ပညာရေး၊ ကျန်းမာရေး၊ ထူထောင်မှုလုပ်ငန်း။
(၁) အခြေခံဒေသများသည် ပင်ကိုယ်အားဖြင့် ယဉ်ကျေးမှုအခြေခံအလွန်နိမ့်ကျသဖြင့် လူထု၏အခြေခံ တောင်းဆိုချက်ဖြစ်သည့်အတွက် အဆက်မပြတ်မြှင့်တင်ပေးရန် လိုအပ်သည်။ ပညာရေးနှင့် ကျန်းမာရေး၊ လုပ်ငန်းများကို လူထုတရပ်လုံးမြှင့်တင်တက်လာရန် ဆောင်ရွက်ရန် လိုအပ်သည်။
(၂) ဤလုပ်ငန်းသည် ရန်သူနှင့် အဖက်ဖက်ပြိုင်ဆိုင်ရေးအတွက် မရှိမဖြစ်သော ကိစ္စဖြစ်သည်။ တော်လှန် စစ်ကြီးလာလေလေ လူထု၏ ယဉ်ကျေးမှု၊ ပညာရေးနှင့် ကျန်းမာရေး မြှင့်တင်ရေးလုပ်ငန်းသည်လည်း တောင်းဆိုမှုမြှင့်လေလေ ဖြစ်သည်။
(၃) ရိုးရာ၊ ဓလေ့ထုံးတမ်းများအနက် ခေတ်နောက်ကျသည့်ပြုပြင်ပြောင်းလဲရန် လိုအပ်သည့်မှားယွင်းသော ဓလေ့ထုံးတမ်းများအား လုံးဝမပစ်ပယ်သည့်အနေအထားအောက်၌ စည်းရုံးရေးအရ ရှင်းလင်းပြီး၊ အုပ်ချုပ် ရေးလုပ်ငန်းများနှင့် တွဲ၍ တဆင့်စီတိုက်ဖျက်ရန်၊ ထိန်းသိမ်းသင့်သည့်အရာများကို အခြေအနေသစ် အောက်၌ ခေတ်မှီတိုးတက်စေရန် ဖြစ်သည်။
(၄) ဒေသဖွံ့ဖြိုးရေးစည်ပင် သာယာရေးလုပ်ငန်းများနှင့် ကျန်းမာရေးလုပ်ငန်းများအား လူထုအားလှုံ့ဆော်ပြီး ဦးဆောင်လုပ်ကိုင်သွားရန် ဖြစ်သည်။
၅။ အခြေခံဒေသအား လက်တွေ့တည်ဆောက်ခြင်း။
ပြောက်ကျားစစ်အခြေခံဒေသမှ လွတ်မြောက်ဒေသသို့။
ရန်သူဒေသအဖြူရောင်နယ်မြေများအား မိမိတပ်မှဝင်ရောက်ထိုးဖောက်လှုပ်ရှား၍ ပြောက်ကျားစစ်ကို စတင်စည်းရုံးလုပ်ဆောင်သည့်အဆင့်မှ လွန်၍ နယ်မြေများကို လုံးဝသိမ်းမထားနိုင်သေးပေ။ မကြာခဏ သွားရောက်ပြီး ပြောက်ကျားတိုက်ခိုက်ခြင်းကိုသာ လုပ်နိုင်ပြီး၊ ပြောက်ကျားတပ်များရောက်သည့်အခါ ပြောက်ကျားတပ်လက်ရောက်လိုက်၊ ပြောက်ကျားတပ်များ ထွက်ခွာသွားသည်နှင့် ရန်သူအာဏာပိုင် အောက်သို့ ပြန်ရောက်သွားသောဒေသများကို ပြောက်ကျားစစ်အခြေခံဒေသများ ဟုခေါ်သည်။
ပြောက်ကျားစစ်အခြေခံဒေသများသည်-
(က) ရန်သူအမြောက်အများကို ချေမှုန်းခြင်း (သို့မဟုတ်) အနိုင်တိုက်ခြင်း။
(ခ) ရုပ်သေးအာဏာကို ဖျက်ပစ်ခြင်း။
(ဂ) လူထုတတ်ကြွလာအောင် စိုင်းပင်းလှုံ့ဆော်ခြင်း။
(ဃ) ခုခံရေးလူထုအဖွဲ့အစည်းများ ဖွဲ့စည်းခြင်း (ကျောင်းသား၊ လူငယ်၊ အမျိုးသား၊ အမျိုးသမီး၊ ကုန်သည်၊ အလုပ်သမား၊ လယ်သမား၊ အတတ်ပညာသည်များ၊ အဖွဲ့အစည်းများ)
(င) လူထုလက်နက်ကိုင် တပ်ဖွဲ့၊ ဖွဲ့စည်းခြင်း၊ ကြီးပွားလာအောင် လုပ်ခြင်း။
(စ) ရန်သူအား ခုခံသောနိုင်ငံရေး ထူထောင်ခြင်း။
စသည့်ဖြစ်စဉ်များကို ဖြတ်သန်းပြီးမှ အခြေခံဒေသအဖြစ် ပြောင်းလဲရောက်ရှိလာကြမည် ဖြစ်သည်။
ရန်သူအားချေမှုန်းခြင်းနှင့် လူထုအားလှုံ့ဆော်ခြင်းတို့၏ အခြေအနေမည်သို့ရှိသည်ဆိုသည့်အချက်ပေါ် မူ တည်၍ ပြောက်ကျားစစ်အခြေခံဒေသမှ လွတ်မြောက်ဒေသအဖြစ် ကူးပြောင်း၊ မကူးပြောင်းအဆုံးအဖြတ် ပေးနိုင်ပါသည်။ မိမိတို့၏ နိုင်ငံရေးသြဇာအတိမ်အနက်ကိုလည်း ထိုအခြေအနေအပေါ် မူတည်၍သာ အဆုံးအဖြတ် ပေးနိုင်ပါသည်။
လူထုအားလှုံ့ဆော်မှု အခြေအနေဆိုရာတွင်-
(၁) လူထုလူတန်းစားအဖွဲ့အစည်းအား ဖွဲ့စည်းခြင်း၊
(၂) ၎င်းတို့၏ ဆီလျော်သောဒေသဆိုင်ရာတော်လှန်ရေး တာဝန်ပေးအပ်ခြင်း၊
(၃) ပါတီဝင်ဒေသကေဒါများ မွေးမြူလေ့ကျင့်ပညာပေးခြင်း၊
(၄) မိမိတို့ဒေသကိုကာကွယ်ရေးတာဝန်ကို မိမိတို့ဖာသာတာဝန်ယူခန့်ခွဲနိုင်ခြင်းစသည့် လုပ်ငန်းများလုပ် ဆောင်နိုင်သည့် အခြေအနေကို ဆိုလိုသည်။
ဤအခြေအနေနှစ်ခုဖြစ်သော ရန်သူအား ချေမှုန်းခြင်းနှင့် လူထုအားလှုံ့ဆော်ခြင်းတို့သည် တခုနှင့် တခု သီးခြားရပ်တည်၍ မနေပေ။ အပြန်အလှန်အကျိုးသက်ရောက်မှု ရှိကြသည်။ ထို့ကြောင့် ၎င်းလုပ်ငန်းရပ်များ ကို တခုပြီးတခုခွဲပြီး လုပ်၍မရပေ။
အခြေခံဒေသကို ပြောက်ကျားစစ်တွင် တိုးပွားကြီးထွားအောင် လုပ်ရမည်ဖြစ်ပြီး တဖက်တွင်လည်း ထို ဒေသကိုခိုင်ခန့်အောင်လည်း လုပ်ရမည်။ ထိုသို့ မပြုလုပ်ပါက ရန်သူ့ထိုးစစ်ကို ခံနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် အခြေခံဒေသတည်ဆောက်ရေးလုပ်ငန်းသည် သီးခြားလုပ်ငန်းမဟုတ်ဘဲ အခြားသောသေ နင်္ဂဗျူဟာလုပ်ငန်းများနှင့် အဆက်အစပ်ရှိရှိစီမံကိန်းရှိရှိ လုပ်ဆောင်ရမည့်လုပ်ငန်းတရပ်ဖြစ်ပြီး အခြေအနေ နှင့် လိုက်လျောညီထွေဖြစ်အောင် အကောင်အထည်ဖော် လုပ်ဆောင်သွားရမည် ဖြစ်သည်။
No comments:
Post a Comment