Tuesday, 15 October 2013

ချင်း သမိုင်း

ချင်းအမျိုးသားသမိုင်းကြောင်းနှင့် မြန်မာနိုင်ငံရေးသမိုင်းအကျဉ်း မာတိကာ ၁။ နိဒါန်း ၂။ ချင်းမူလအစတရုတ်ပြည်က (က) ရှိတွန်တီဘုရင် (ခ) ကင်ရှိဟွန်ဘုရင် (ဂ) ပီကင်းဂူ (ဃ) ချင်လုံဂူ ၃။ တရုတ်ပြည်မှ ဆင်းသက်လာပုံ ၄။ ချင်းဟူသောဝေါဟာရ၏ မူလအစ ၅။ နယ်ချဲ့အင်္ဂလိပ်ကျူးကျော်စစ် ဆင်နွှဲခြင်း ၆။ ဗမာပြည်နှင့် အိန္ဒိယပြည်ခွဲခြားအုပ်ချုပ်ခြင်း ၇။ လွတ်လပ်ရေးမတိုင်မှီ အခြေအနေ ၈။ ပင်လုံစာချုပ် ၉။ ပါလီမန်ဒီမိုကရေစီခေတ် မြန်မာနိုင်ငံအခြေအနေ ၁၀။ တောင်ကြီးညီလာခံနှင့် ၁၉၄၇- ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ ပြသာနာရပ်များ ၁၁။ စစ်တပ်မှအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအခြေအနေ (၁၉၆၂- ၁၉၈၈) ၁၂။ ၁၉၈၈- ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံ ၁၃။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက် မြန်မာနိုင်ငံအခြေအနေ။ နိဒါန်း။ ကမ္ဘာ့လူသားအားလုံးတို့သည် သမိုင်းသုတေသီတို့၏တွေ့ရှိချက်အရ အာရှတိုက်မှစတင်ဆင်းတက်လာ ကြသည်ဟု ယူဆကြသည်။ အာရှတိုက်သည် ကမ္ဘာ့တိုက်ကြီး (၆) တိုက်အနက်အကြီးဆုံးတိုက်ကြီးဖြစ်ရာ က မ္ဘာ့လူဦးရေ၏ထက်ဝက်ကျော်ဖြစ်သော သန်းပေါင်း ၃၀၀၀ ကျော်နေထိုင်ကြပြီး ကမ္ဘာမြေပြင်၏သုံးပုံတပုံ (၁/၃) အကျယ်အဝန်းဖြစ်သော စတုရန်းမိုင် - ၁၇ သန်းကျော်ဧရိယာပိုင်ဆိုင်ထားရှိပေသည်။ အာရှတိုက်၏အနောက် ဖက်တွင် (Urals) နှင့် (Suez) ထိကျယ်ဝန်းပြီး အရှေ့ဖက်တွင် ပစိဖိတ်သမုဒ္ဒရာအထိ ကျယ်ဝန်းပေသည်။ အာရှဟူသောစကားလုံးသည် ဂရိစကားဖြစ်ပြီး (ASU) မှ ဆင်းသက်လာခဲ့ရာ နေထွက်ခြင်း (sunrise) ဟု အဓိ ပါယ်ရပေသည်။ သမိုင်းကြောင်းအရအရှေ့အာရှလူမျိုးများ၏ အသုံးပြုသောစကားလုံးတွင် မရှိခဲ့ဖူးပေ။ စိတ်ဝင် စားဖွယ်ကောင်းသည်မှာ (Europe) ဟူသော စကားလုံးသည်လည်း ဂရိစကားဖြစ်သည့် (EREH) မှ ဆင်းတက် လာကာ အဓိပါယ်မှာ နေဝင်ခြင်း (sunset) ဟု အဓိပါယ်ရပေသည်။ အာရှတိုက်သည်ကမ္ဘာရှေးအကျဆုံး ယဉ်ကျေးမှုထွန်းကားရာနေရာလည်း ဖြစ်သည်။ သမိုင်းသုတေသီများ၏ တွေ့ရှိချက်အရ ပထမဦးဆုံးလူသားဟုယူဆရသော အရိုးစုဖြစ်သည့်ထွန်မားအို လူ (YUANMAU MAN) ကို တရုတ်ပြည်၊ ယူနန်းနယ် (YUNNAN PROVINCE) တွင် တူးဖော်တွေ့ရှိခဲ့ရာ လွန်ခဲ့ သောနှစ်ပေါင်း ၁.ရ သန်းက အရိုးစုဖြစ်တန်ရှိသည်ဟု ယူဆထားကြသည်။ ထိုနည်းတူ တရုတ်ပြည်၊ ရှန်ရှိပြည် နယ်(SHANXI) PROVINCE) လန်သီယန်း (LANTIAN) ဒေသတွင် အရိုးစုတစုထပ်တွေ့ခဲ့ရာ အဆိုပါအရိုးစုကို လန်သီယန်းလူ (LANTIAN MAN) ဟုအမည်ထွင်ခဲ့ပြီး ရှေးနှစ်ပေါင်း (၈) သိန်းခန့်ကဖြစ်သည်ဟု ယူဆထား ကြသည်။ ၁၉၃၇- ခုနှစ်တွင် ပီကင်းမှ မိုင်- ၄၀ ကျော်အကွာရှိ (CHAU- KAU- TEIN) အရပ်တွင် ခေါင်းခွံတလုံး တွေ့ရှိပြန်ရာကာသွန်- ၁၃ ခုဖြင့် ဓါတ်ခွဲကြည့်ရှုရာလွန်ခဲ့သော နှစ်ပေါင်း- ၅ သိန်းလောက်ကဦးခေါင်းခွံဖြစ် ကြောင်း တွေ့ရှိရသည်။ အဆိုပါနေရာ၏ မြေကိုစမ်းသပ်ကြည့်ရာ နှစ်ပေါင်း သန်း (၄၀၀) သက်တမ်းရှိပြီဟု ပြော ဆိုကြသည်။ ၎င်းနေရာတွင် ပြင်အရိုးစုတစုတွေ့ပြန်ရာ နှစ်ပေါင်း ၁၀၀၀၀ က အရိုးဖြစ်ကြောင်းတွေ့ရှိရသည်။ ၎င်းအရိုးစုတွေ့ရှိသည့်နေရာနားတွင် ပြင်ပြာတွေ့ရှိခဲ့ရာ ယင်းခေတ်ကတည်းက မီးအသုံးပြုပြီးဖြစ်ကြောင်း ယူဆ ရသည်။ အနီးအနားရှိပတ်ဝန်းကျင်ကို ကြည့်ခြင်းအားဖြင့် ကျောက်ခွဲ၊ ထင်းခွဲလည်းတတ်မြောက်နိုင်ကြောင်း တ ရုတ်လူမျိုး (YANWAN) က ရေးသားထားသည်။ သမိုင်းအထောက်အထားအရကမ္ဘာ့လူသားများသည် အာရှတိုက်ရှတရုတ်ပြည်မှတဆင့် ဥရောပ၊ အာဖ ရိကနှင့် တခြားတိုက်ကြီးများသို့ပြန့်နှံ့ကြဖွယ်ရှိသည်ဟု ယူဆရသည်။ ၁၉၈၁- ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့ တွင် ဗီအိုအေ (V.O.A) မှ ကျေညာ၍ ယခုအမေရိကရှိအချို့သူများသည် ပီကင်းမြို့မှ မိုင် (၁၅၀) ကွာဝေးသော အရပ်မှ စတင်ဆင်းသက်လာခဲ့ကြသည်။ ထိုမှ ဆိုက်ဘေးရီးယား (SIBERIA) သို့ သွားရောက်ခဲ့ကြပြီး ထိုမှတ ဆင့် (ALASKA) သို့ သွားရောက်ခဲ့ကြသည်။ ထိုမှတဆင့် (SPAIN) သို့၊ ထိုမှတဆင့် (MAXICO) သို့၊ ထိုမှတ ဆင့် အမေရိကန် (AMERICA) သို့ ရောက်ရှိခဲ့ကြသည်။ လွန်ခဲ့သောနှစ်ပေါင်း ၁၁၀၀၀၀ ကတည်းက တရုတ် ပြည်မှအမေရိကန်သို့ ထွက်ခွာကြပြီးဖြစ်သည်ဟု ကျေညာခဲ့သည်။ ချင်းအမျိုးသားများသည် တရုတ်ပြည်မှဆင်း သက်လာခဲ့ကြပြီး ချင်းလဲန်သို့ရောက်မလာမီ လွန်ခဲ့သောဘီစီ- ၂၀၀၀ ကတည်းက တရုတ်ပြည်တွင် နေထိုင်ခဲ့ ကြကြောင်း သမိုင်းကြောင်းအရတွေ့ရလာသည်။ ချင်းမူလအစ တရုတ်ပြည်က တရုတ်ပြည်သမိုင်းကိုကြည့်လျှင် ဘီစီ- ၂၁၀၀ မှ ဘီစီ- ၂၁၁ အကြားတွင် မင်းဆက် (၃) ဆက်အထိ ပြောင်းလဲအုပ်ချုပ်ခဲ့ရာ ၎င်းမင်းဆက်များမှာရှန်းမင်းဆက် (SHANG DYNASTY) ၊ ချာအိုမင်းဆက် (CHAN DYNASTY) ၊ ချင်းမင်းဆက် (CHIN DYNASTY) တို့ ဖြစ်သည်။ ဘီစီ- ၁၇၆၆ တွင် ရှန်မင်းဆက် (SHANG DYNASTY) နန်းတက်ခဲ့ပြီး ဘီစီ- ၁၁၂၂ တွင် ချာအိုမင်း ဆက် (CHOU DYNASTY) မှ တိုက်ခိုက်အနိုင်ယူခဲ့ရာ ချာအိုမင်းဆက် နန်းတက်အုပ်ချုပ်ခဲ့သည်။ တရုတ်ပြည် သမိုင်းကြောင်းအရ ဘီစီ- ၇၇၀ လောက်ကချာအိုမင်းဆက်မွေးမှိန်လာချိန်တွင် ချင်းများအားတိုင်းပြည်မပြိုလဲ အောင် အားအထားရဆုံးလူမျိုးများဖြစ်ခဲ့သည်ဟု ဆိုသည်။ ချာအိုမင်းဆက်၏ ရှင်ဘုရင်တစ်ပါးဖြစ်သော မူကုန်း (MUKUNG - ဘီစီ ၆၅၉ - ၆၅၁) ရှင်ဘုရင်လက်ထက်တွင် တိုင်းပြည်၏အနောက်ဖက်၌ ချင်းများသည်အင်အား အကောင်းဆုံးဖြစ်သည်ဟု ဆိုရသည်။ ထိုမှ ဘီစီ- ၂၂၄ တွင် ချာအိုမင်းဆက်ကျဆုံးသွားကာ ချင်းမင်းဆက်မှ ဆက်လက်အုပ်စိုးလာခဲ့ကြသည်။ တရုတ်ပြည်တွင် ချင်းဟူသောအမည်နာမတခုတည်းသာမဟုတ်ဘဲ ယခုချင်း မျိုးနွယ်စုဝင်များ၏ အမည်နာမကိုပင် တွေ့ရှိရသည်။ (WANG – SHO- TENG) ၏ ၁၉၅၅ ခုနှစ်တွင် ရေးသားခဲ့ သော (CHINA LAND OF MANY NATIONALITIES) စာအုပ်တွင် (LAI, YAO, TUNG, CHUANG, SALA, TAI, KHALKHA) နှင့် တီးဘတ် (TIBET) များသည် တရုတ်ပြည်အလယ်ပိုင်းတွင် နေထိုင်ခဲ့ကြပြီး တောင်ပိုင်း တွင် ( YAO, TUNG, LIANG, LAI) နှင့် အခြားလူမျိုးနွယ်စုကလေးများ အမြောက်အမြားရှိပြီး လူဦးရေအားဖြင့် (၉) သန်းခန့်ရှိမည်ဟု ခန့်မှန်းရသည်။ ယခုအထိ တရုတ်ပြည်တွင်အချို့မှာ ဆက်လက်ရှိနေသေးသည်။ သို့ သော် လူနည်းစုများဖြစ်ကြသည်ဟု ရေးသားထားသည်။ အဆိုပါ မျိုးနွယ်စုကလေးများသည် ချင်းမျိုးနွယ်စုဝင် ဖြစ်နိုင်ပြီး အမည်နာမအခေါ်အဝေါ်အနည်းငယ်သာကွဲပြားခြားနားပြီး တချို့မှာတူညီနေသည်ကို တွေ့ရသည်။ ဥပမာ- ( LAI= LAI, TUNG= (20) TUNG, KHALKHA= HALKHA, YAO= ZO, SALA= SALAI, CHUANG= CHAO) ဖြစ်ဟန်တူသည်။ ရှိဟွန်တီ (SHI- HUANG- TI) ဘုရင် ရှိဟွန်တီ (SHI- HUANG- TI) ဘုရင်သည် တရုတ်ပြည်တွင်ထင်ရှားသော ဘုရင်ဖြစ်သည်။ ဘီစီ- ၂၁၁ တွင် နန်တက်ခဲ့ပြီး နှစ်ပေါင်း (၃၆) နှစ် အုပ်ချုပ်ခဲ့သည်။ ၁၉၇၄ ခုနှစ် သမိုင်းအမွေအနှစ်လေ့လာသူ (Archaeologists) များက ပီကင်းမြို့မှမိုင်ပေါင်း (၅၅၀) ဝေးသောနေရာဒေသတခုတွင် (SHI- HUANG- TI) နန်းတော်နှင့် သင်္ချိုင်းဂူကို တွေ့ရှိခဲ့ကြသည်။ အဆိုပါနန်းတော်ကြီးမှာ (၂၁) စတုရန်းမိုင်ကျယ်ဝန်းပြီး နန်းတော်ကြီးပတ်လည်တွင် ရွံ့စေးဖြင့်စစ်သား ပေါင်း ရှစ်သောင်း (၈၀၀၀၀) ပြုလုပ်ကာ နန်းတော်ကြီးအား ဝန်းရံစေခဲ့သည်။ ထိုနန်းတော်ကြီး၏အလယ်ဗဟို တွင် ဘုရင်နန်းတော်ကြီးတည်ရှိသည်။ အဆိုပါရွံ့စေးဖြင့်ထုလုပ်ထားသော စစ်သားများသည် အမြင့် ၆- ပေ ကျော်ရှိကြပြီး စောင်များခြုံထားကြရာ ၎င်းတို့၏စောင်ခြုံပိုခြုံနည်းမှာ ယခုချင်းလူမျိုးများ၏စောင်ခြုံနည်းအတိုင်း ခြုံထားကြသည်ကို တွေ့ရှိရသည်။ ဆံထုံးကိုခေါင်းပေါ်တွင် ထုံးထားကြသဖြင့် ယခုချင်းလူမျိုးများ၏ဆံထုံးထုံးပုံ နှင့် တူညီနေသည်ကိုတွေ့ရှိရသည်။ ထို့ကြောင့် ရှိဟွန်တီနှင့် တပ်မတော်သားများသည် ချင်းလူမျိုးများဖြစ်နိုင် သည်ဟု ယူဆကြသည်။ ဤ ရှင်ဘုရင်လက်ထက်တွင် ထူးဆန်းသောအံ့သြဖွယ်တခုတည်ထောင်ထားရာ ယ နေ့အထိကမ္ဘာ့အံ့သြဖွယ်အဖြစ် နာမည်တွင်ရစ်ခဲ့သောတရုတ်မဟာတံတိုင်းကြီး ( THE GREAT WALL OF CHINA) ပင် ဖြစ်သည်။ အဆိုပါမဟာတံတိုင်းကြီးသည် မိုင်ပေါင်း (၁၅၀၀) ကျော်ရှည်လျားပြီး ပင်လယ်ဝါ (YELLOW SEA) မှ ကိုဘီသဲကန္တရ ( GOBIO DESERT) အထိ ကျယ်ဝန်းသည်။ အဆိုပါမဟာတံတိုင်းကြီး၏ အမြင့်ပေမှာ (ပေ-၂၀) ထိမြင့်သည်။ ရှိဟွန်တီဘုရင်သည် ဘီစီ- ၁၈၅ တွင် နတ်ရွာစံခဲ့ရာ ရှင်ဘုရင်တပါးပြီး တပါးပြောင်းလဲနန်းစံခဲ့ကြရာ နောက်ဆုံးတွင် ကင်ရှိဟွန် (QIN- SHI- HUANG) ဘုရင် နန်းတက်လာခဲ့သည်။ ကင်ရှိဟွန် (QIN- SHI- HUANG) ဘုရင် ရှိဟွန်တီနတ်ရွာစံပြီးနောက် မင်းတပါးပြီးတပါးပြောင်းလဲလာခဲ့ရာ နောက်ဆုံးမင်းဆက်ဖြစ်သော ကင်ရှိ ဟွန် (QIN- SHI- HUANG) နန်းတက်လာခဲ့သည်။ ဘီစီ (၂) ရောက်လာသောအခါ မွန်ဂိုလူမျိုးဂျင်ဂျစ်ခန် (GANGEST KHAN) မှ တိုက်ခိုက်လာခဲ့ရာ မဟာတံတိုင်းကြီး ပျက်ဆီးသွားခဲ့သည်။ ဤကျူးကျော်တိုက်ခိုက်မှုကြောင့် ချင်းလူမျိုးများသည်ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ (STIVEN HEADEN’S TRANS- HIMALAYA) ဟူသော မာကိုပိုလို (MACOPOLO) ၏ ဒိုင်ယာရီထဲတွင် ဂျင်းဖော်နှင့် ချင်း သည်ညီအစ်ကိုဖြစ်ကြသည်ဟု ရေးသားခဲ့ပြီး ချောင်ချင်းလိန်းသည်တရုတ်ပြည်မှထွက်ပြေး၍ အခြားတနေရာ တွင် အုပ်ချုပ်ရေးတရပ်တည်ထောင်ခဲ့သည်ဟု ရေးသားထားသည်။ ထို့အပြင် ကချင်သာသနာပြု ဒေါက်တာ အောစ့်လာဟန်ဆန် (DR- OSLA HANSAN) က ချင်းနှင့် ကချင်သည် ကွဲပြားမှုလုံးဝမရှိဘဲ ညီအစ်ကိုများဖြစ် ကြသည်။ တရုတ်ပြည်မှ အတူတကွဆင်းသက်လာကြသည်ဟု ရေးသားထားသည်။ ၁၉၀၂- ခုနှစ်၊ မတ်လ (၂၂) ရက်နေ့တွင် ချင်းပြည်သို့ရောက်ရှိလာသော အမေရိကန်သာသနာပြု ဒေါက်တာ အစ်(စ့်) (EAST) က မာ ကိုပိုလိုရေးသားသော ချောင်ချင်းလိန်းသည် ချင်းမျိုးဆက်ချပေးသူ ချောင်ချင်းမာန်လိန်းဖြစ်သည်ဟု ရေးသား ထားသည်။ မာကိုပိုလိုရေးသားထားသော ချောင်ချင်းလိန်းသည် တရုတ်ပြည်မှတဆင့် အခြားနေရာတနေရာသို့ အုပ်ချုပ်ရေးတရပ်ထူထောင်ခဲ့ကြောင်း ရေးသားထားခြင်းသည် ဂျင်ဂျစ်ခန်မှ ကင်ရှိဟွန်ဘုရင်လက်ထက်တွင် မဟာတံတိုင်းကြီးအားဖျက်ဆီး၍ ထွက်ပြေးသွားသောချောင်ချင်းလိန်းနှင့် နာမည်တူနေသဖြင့် ချင်းမျိုးဆက် အားချပေးသူဟု ယူဆနိုင်ဖွယ်ရှိပေသည်။ တရုတ်တို့၏ချောင်ချင်းလိန်းနှင့် ချင်းတို့၏ချောင်ချင်းမာန်လိန်းတို့ သည် ပတ်သက်ဆက်စပ်မှုမရှိပါက သမိုင်းအရထွက်ပေါ်လာနိုင်မည်မဟုတ်ကြောင်း ယူဆရပေသည်။ ချင်းလူမျိုးများသည် တရုတ်ပြည်မှဆင်းသက်လာခြင်းဖြစ်နိုင်သည်ဟူသော အယူအဆကို ပိုမိုခိုင်မာစေ သည်ဟု ယူဆရသောအချက်များစွာ ရှိနေပေသည်။ တရုတ်လူမျိုးများ၏ အမွေဆက်ခံမှုများပြုလုပ်ရာတွင် သမီး ဖြစ်သူကိုအမွေဆက်ခံသူအဖြစ် အသိအမှတ်မပြုဘဲ သားဖြစ်သူကိုသာ အမွေဆက်ခံခွင့်ပေးသည့်အမွေဆက်ခံ မှုဓလေ့တူညီနေခြင်းသည် မျိုးနွယ်စုတစု (သို့မဟုတ်) ဒေသတခုမှ အတူတကွဆင်းသက်လာသည်ဟူသော အချက်ကို သက်သေထူနေပေသည်။ ၎င်းအပြင် တရုတ်လူမျိုးများအနေဖြင့် ဆုံးသွားသောလူသေအလောင်း များကို မသဂြိင်္ုလ်မီစုပေါင်းဝိုင်းတိုင်၍ ဝမ်းနည်းခြင်းမျှဝေခံစားကြပြီး ထမင်းစားပွဲများတည်ခင်းတတ်သည် ဓ လေ့သည် ချင်းလူမျိုးများ၏ဆုံးသွားသောလူများကို မသဂြိင်္ုလ်မီပြုလုပ်တတ်သောဓလေ့နှင့် တထပ်တည်းတူနေ သည်ကို တွေ့ရသည်။ ထို့နောက် ဆုံးသွားသောလူ၏သင်္ချိုင်းကို နှစ်ပတ်လည်အချိန်အခါသမယတိုင်း ၎င်း သချိင်္ုင်းအားသွားရောက်ရှင်းလင်းသန့်ရှင်းပေး၍ ကောင်းမွန်စွာမွမ်းမံပြီး ၎င်းနေရာတွင် ကြက်၊ ဝက်များသတ် ကာထမင်းစားပွဲများပြုလုပ်တတ်သည့်ဓလေ့သည် တရုတ်လူမျိုးများနှင့် ချင်းလူမျိုးများ၏ တူညီသောဓလေ့တခု ဖြစ်ပြန်သည်ကို တွေ့ရသည်။ ၎င်းအပြင်တရုတ်လူမျိုးများသည် အိမ်သားတစ်ယောက်ယောက်နေထိုင်မကောင်း ဖြစ်ပါက မိမိတို့အိမ်ထဲတွင် မကောင်းဆိုးဝါးရှိသောကြောင့် နေထိုင်မကောင်းကြခြင်းဖြစ်ကြောင်း ယူဆကြသ ဖြင့် ကြက်၊ ဝက်များသတ်ခြင်း (သို့မဟုတ်) ရေသန့်သန့်ဖြင့် အိမ်များဆေးကြောခြင်းပြုလုပ်တတ်ကြသည်မှာ ချင်းလူမျိုးများနှင့် ထပ်တူနေသည်ကိုတွေ့ရသည်။ ထို့အပြင် တောထွက်ကြရာတွင် ခလေးများပါသွားပါက ၎င်း တို့၏ဝိညာဉ်တော်ထဲကျန်ရစ်ခဲ့မည်ကို စိုးရိမ်သောကြောင့် မိုးလင်းလင်းချင်း ၎င်းတို့၏ဝိညာဉ်ကို အော်ခေါ်လျက် ရှိသည်မှာ တရုတ်လူမျိုးနှင့် ချင်းလူမျိုးများ၏ ဓလေ့စရိုက်တူညီမှုတခုဖြစ်ပြန်ရာ ဤဓလေ့များ ဆင်းသက်လာပုံ များကို ထောက်ကူခြင်းအားဖြင့် ချင်းလူမျိုးတို့သည် တရုတ်ပြည်မှဆင်းသက်လာခဲ့ကြသည်ဟူသော ယူဆချက် များပို၍ ခိုင်မာနေစေပေသည်။ ချင်းအမျိုးနွယ်စုအားလုံးကိုလိုပြင်ဂူတွင်း (CAVE) မှ ထွက်လာကြသည်ဟုအဆိုရှိရာ တီးတိန်ဖက်မှ (CIIM NUAI) ဂူမှ မိမိတို့ဆင်းသက်လာသည်ဟု ဆိုသည်။ ဖလမ်း၊ ဟားခါး၊ ထန်တလန်ဖက်မှ (LAILUN) ဂူမှ ဆင်းသက်လာကြသည်ဟု ဆိုပြန်သည်။ မီဇိုနှင့် ဟွလ်ငိုမျိုးနွယ်စုမှ (SEIPUI) ဂူမှ ဆင်းသက်လာကြသည်ဟု ဆိုသည်။ သမိုင်းသုတေသနများအနေဖြင့် ချင်းလူမျိုးများ (CIIM NUAI, LAILUN) နှင့် (SEIPUI) ဂူများတွင် အခြေမစိုက်နေထိုင်ကြစဉ်က ရှမ်းစော်ဘွားများ၏အလုပ်စေခိုင်းခြင်းခံရပြီး အလုပ်ကောင်းမွန်စွာ မလုပ်သောသူ များအား လက်ညှိုးဖြတ်ခြင်းခံရသည့်သမိုင်းကြောင်းကို သိရှိရသည်ကိုထောက်၍ ချင်းလူမျိုးများ (CIIMNUAI, LAILUN) နှင့် (SEIPUI) မရောက်ခင်အချိန်တွင် ဂူတခုခု၌ အချိန်အတန်ကြာနေထိုင်ကြကြောင်း သိသာထင် ရှားနေပေသည်။ ပီကင်းဂူ (PEKING CAVE) လူ့သမိုင်းအစလေ့လာသူများ၏ တွေ့ရှိချက်အရလူသားအားလုံးတို့သည် (CAUCASUS ၊ MONGO LOIH) နှင့် (AFRICA) မှ ဆင်းသက်လာကြပြီး အရှေ့ဘက်ရှိလူမျိုးအားလုံးတို့သည် (MONGOLOIH) လူမျိုး များဖြစ်ကြသည်ဟု ဆိုသည်။ ထို့အပြင် (MONGOLOIH) လူမျိုးများသည် ပီကင်းဂူမှ စတင်ဆင်းသက်လာကြ သည်ဟု ဆိုသည်။ ချင်လုံဂူ (CHINLUNG CAVE) ချင်းသမိုင်းလေ့လာသူ ( K. ZAWLA (INDIA) ) က ပိုက်သေ (PAIHTE) မျိုးနွယ်စုများသည် (CHINLUNG CAVE) မှ လာရောက်သူများဖြစ်ကြသည်ဟု ရေးသားထားရာ ပိုက်သေမျိုးနွယ်စုများချင်လုံဂူမှ ဆင်းသက်လာခြင်းဖြစ်သည်မှန်ပါက ချင်းမျိုးနွယ်စုအားလုံးတို့သည် ပိုက်သေမျိုးနွယ်စုနှင့် အတူဆင်းသက်လာ ခဲ့ကြခြင်းဖြစ်ရာ ချင်းမျိုးနွယ်စုအားလုံးတို့သည် ချင်လုံဂူမှ ဆင်းသက်လာဟန်တူသည်ကို တွေ့ရှိရသည်။ တရုတ် ပြည်အလယ်ပိုင်းတွင် အခြေစိုက်နေထိုင်ကြသည့်လူများအားလုံးသည် ပီကင်းဂူမှ ဆင်းသက်လာကြသူများ ဖြစ်ကြရာ ချင်းလူမျိုးများသည် တရုတ်ပြည်အလယ်ပိုင်းရှိ ချင်လုံအရပ် (CHINLUNG) တွင် နေထိုင်ကြသူ များဖြစ်သည်ဆိုပါက ပီကင်းဂူမှဆင်းသက်လာကြသူများဖြစ်သည်မှာ သေချာသလောက် ဖြစ်နေသည်။ ထို့ ကြောင့် ချင်းလူမျိုးများဂူတခုမှ ဆင်းသက်လာကြသည်ဟု အဆိုရှိသည်မှာ ပီကင်းဂူဖြစ်ရန်ပို၍ အလားအလာ ရှိပေသည်။ တရုတ်သမိုင်း (CHOU) နှင့် (CHIN) အုပ်ချုပ်ရေးစတင်သည့်နေရာကို (CHINLUNG) တောင်က ဝိုင်း ရံထားသည်ဟုပါရှိရာ တရုတ်သမိုင်း၏ (CHINLUNG) ဟူသောဒေသသည် တခုတည်း၊ တနေရာတည်း ဖြစ် သည်မှလွဲ၍ တခြားဒေသမဖြစ်နိုင်ပေ။ ထို့ကြောင့် ချင်းလူမျိုးများသည် ပီကင်းဂူမှ ဆင်းသက်လာကြသည်။ (MONGOCIA) လူမျိုးများဖြစ်ကြပြီး နှစ်ပေါင်းအတော်ကြာပြီးမှ တရုတ်အလယ်ပိုင်းဒေသဖြစ်သော (CHIN LUNG) တောင်တဝိုက်တွင် နေထိုင်ခဲ့ကြသည်။ ထိုနေရာတွင် အချိန်ကြာမြင့်စွာနေထိုင်ခဲ့ကြပြီး အနောက်ဖက်ရှိ တီဘက်ဒေသဖက်သို့ ရောက်ရှိကြသည်။ တီဘက်ဒေသတွင် အချိန်အတော်ကြာနေထိုင်လာခဲ့ကြပြီး ထိုမှတ ဆင့်ဗမာပြည်ဘက်သို့လာရောက်ခဲ့ကြရာ တီဘက်လူမျိုးများနှင့်လည်း ဓလေ့ထုံးစံ၊ ဘာသာစကားများတွင် တူ ညီမှုများရှိနေသည်ကို တွေ့ရှိရသည်။ တရုတ်ပြည်မှ ဆင်းသက်လာပုံ ချင်းမင်းဆက်ပျက်ဆီး၍ မွန်ဂိုရန်မှထွက်ပြေးတိမ်းရှောင်လာခဲ့ကြရာ တရုတ်နှင့် မြန်မာပြည်တွေ့ဆုံရာ ဒေသတူးကောင်းချိုင့်ဝှမ်း (HUGAUNG VALLEY) ရောက်ရှိလာကြသည်။ ပါမောက္ခစီအက်ခ်လွစ့် (PRO FESSOR C.H CUCE) မှ JOURNAL OF BURMA RESSEARCH SOCIETY 1954 ) စာအုပ်တွင် ချင်းလူမျိုး များတူးကောင်းချိုင့်ဝှမ်းသို့ နေထိုင်လာခဲ့ကြမှာ အေဒီ - ၄၀၀ လောက်ကဖြစ်နိုင်သည်ဟု ရေးသား ထားခဲ့သည်။ တူးကောင်းချိုင့်ဝှမ်းမှ ချင်းတွင်းမြစ်အောက်ပိုင်းသို့ တဖြည်းဖြည်းဆင်းသက်လာကြကာ ချင်းတွင်းမြစ်တဖက်တ ချက်စီတွင် နေထိုင်ခဲ့ကြသည်။ ရွှေဘိုရွာအထက်တွင် အခြေစိုက်နေထိုင်လာခဲ့ကြစဉ်က ကနန်ချင်း (KANAAN CHIN) နှင့် ကချင်လူ မျိုး (KACHIN) များသည် အတူတကွနေထိုင်လာခဲ့ကြပြီး ကနန်ချင်းများကသာဖက်သို့ ပြောင်းရွေ့အခြေစိုက် ခဲ့ကြသည်။ ချင်းလူမျိုးများသည် ချင်းတွင်းမြစ်ဖျားပိုင်းတွင် အချိန်အတော်ကြာနေထိုင်လာကြပြီးနောက် ချင်း တွင်းမြစ်အောက်ဖက်သို့တဖြည်းဖြည်း ဆင်းလာခဲ့ကြသည်။ ကချင်လူမျိုးများသည် ယခုကချင်ပြည်တွင်ပင် ဆက်လက်နေထိုင်ခဲ့ကြသည်။ အာရှအရှေ့ဖက်မှ ဆင်းသက်လာကြသူအားလုံးတို့သည် ပီကင်းဂူမှဆင်းသက်လာကြပြီး မွန်ဂိုလွိုက် (MONGOLOIH) မျိုးနွယ်စုမှ ဆင်းသက်လာကြခြင်းဖြစ်သည်ဟု သမိုင်းသုတေသီများက အခိုင်အမာဆိုခဲ့ကြ သည်။ အခြေပြမြန်မာနိုင်ငံရေးသမိုင်းတွင် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသူအားလုံးတို့သည် မွန်ဂိုလွိုက်မျိုး နွယ်စုတီဗက်တိုဗာမား (TIBETO- Burma) မှ ဆင်းသက်လာကြပြီး မြန်မာနိုင်ငံအတွင်းသို့ (၃) ဖွဲ့ခွဲ၍ ဝင် ရောက်လာခဲ့ကြသည်။ ချင်းနှင့် ကချင်အဖွဲ့သည် ပထမဦးဆုံးဝင်ရောက်လာခဲ့ကြသူများဖြစ်ပြီး မာန်ချူးချိုင့် ဝှမ်းမြစ်ဝါမြစ် (YELLOW RIVER) မှ ဆင်းသက်လာကြသည်ဟု ဆိုသည်။ ကချင်ဝန်ကြီးဟောင်းဒူဝါလဝေါင်လီ (DUWA LAWANGLI) အဆိုအရ ချင်းနှင့် ကချင်သည်ညီအစ်ကိုများဖြစ်ကြပြီး ချင်းသည်အစ်ကိုဖြစ်သည်။ တီဗက်မှလာရောက်ခဲ့ကြပြီး မိမိတို့ကချင်သည် ယခုကချင်ပြည်အရောက်တွင် ကျန်ရစ်ခဲ့ကြသည်ဟု ရေးသား ထားသည်။ ထို့ကြောင့် (PROFESSOR CUCE) ရေးသားထားချက်၊ အခြေပြမြန်မာနိုင်ငံသမိုင်းတွင် ရေးသား ထားချက်နှင့် ဒုဝါလဝေါင်လီ၏ ရေးသားထားကြသော ချင်းမျိုးနွယ်စုဆင်းသက်လာပုံသည် အားလုံးတူညီသည် ကို တွေ့ရှိရသည်။ ကချင်လူမျိုးများ၏ပုံပြင်တွင် ချင်းလူမျိုးများနှင့် ကချင်လူမျိုးများသည် တချိန်တည်းအတူတကွလာ ရောက်ခဲ့ကြပြီး ချင်းသည်အစ်ကိုအကြီးဖြစ်၍ ကချင်သည်ညီငယ်ဖြစ်သည်ဟု ဆိုသည်။ ဤသို့ လာရောက်ခဲ့ ကြရာမှ ညီငယ်ဖြစ်သူကချင်က အစ်ကိုခဏနောက်ဖေးသွားအုံးမယ်၊ တဖြည်းဖြည်းသွားနှင့်ပါဟုပြော၍ နောက် ဖေးသွားရာအစ်ကိုဖြစ်သူမှာလည်း ညီငယ်ကိုမစောင့်ဘဲ ရှေ့ဘက်သွားနေခဲ့သည်။ အစ်ကိုဖြစ်သူချင်းမှာ ညီ ငယ်ကမိမိသွားသည့်လမ်းကိုသိနိုင်ရန် ငှက်ပျောပင်ကိုခုတ်ထားခဲ့ရာ ညီငယ်မှာအစ်ကိုဖြစ်သူ၏ခြေရာကိုလိုက် ရင်းလာခဲ့ရာ တနေရာအရောက်၌ အစ်ကိုဖြစ်သူဖြတ်ခုတ်ထားသောငှက်ပျောပင်ကိုတွေ့ရှိခဲ့ရာ လက်တဖျားစာ လောက်အရွက်ထွက်နေသည်ကိုတွေ့ရှိသဖြင့် ညီငယ်ဖြစ်သူကအစ်ကြီးခုတ်ထားသောသစ်ပင်အရွက်သည်ပင် လျှင် ဤမျှထွက်နေသည်ကိုထောက်သော် လိုက်၍မှီတော့မည်မဟုတ်ကြောင်းတွေးထင်သဖြင့် ဆက်မလိုက် တော့ဘဲ ဤနေရာတွင်ပင် ကျန်နေရစ်ခဲ့သည်ဟုဆိုသည်။ ယနေ့အထိကချင်များအိမ်ဆောက်ရာတွင် အခန်း လွတ်တခုထားရှိနေသေးသည်ဟု ဆိုသည်။ ထို့ကြောင့် ကချင်ကအစ်ကိုဖြစ်သူချင်း၏ခြေရာကိုသာတွေ့ရှိတော့ သဖြင့် ချင်းလူမျိုးကို (KHONG) (ခြေရာ) ဟု ခေါ်ဝေါသမုတ်ခဲ့ရာ ယနေ့အထိကချင်များက ချင်းများကို (KHONG) ဟု ခေါ်ဝေါခဲ့ကြသည်။ - (DR. F.K LEHMAN ၏ THE STRUCTURE OF CHIN SOCIETY) စာအုပ်တွင် ချင်းသမိုင်းသည် အေဒီ- ၇၅၀ လောက်မှ စတင်ခဲ့သည်ဟု ဆိုသည်။ - (DR. VUMSON ၏ ZP HISTORY) စာအုပ်တွင် ချင်းလူမျိုးများသည် မုံရွာနှင့် စစ်ကိုင်းမြို့နားချင်း တွင်းနှင့် ဧရာဝတီမြစ်စုံတွင် အချိန်အတော်ကြာနေထိုင်ခဲ့ကြသည်ဟု ဆိုသည်။ စစ်ကိုင်းမြို့သည် ချင်း စုဟုခေါ်ဝေါ်ခဲ့ကြပြီး ချင်းလူမျိုးများစုဝေးခဲ့ကြဟန်ရှိသည်ဟု ဆိုသည်။ (ARCHAEOLOGISTS) (ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ရှာဖွေသူများ) များမှာ ၁၉၇၁- ခုနှစ်တွင် မုံရွာမြို့ အထက်ဖက်တွင် အေဒီ- ၇၀၀ - ၈၀၀ လောက်တွင် ချင်းလူမျိုးများအသုံးပြုသော အသုံးအဆောင်ပစ္စည်းများကို (နွားနောက်ဂျီဖြင့်လုပ်ထားသော ယမ်းဗူး၊ မြေအိုးအပိုင်းအစများ) တူးဖော်ရရှိခဲ့ရာ ဤအချိန်လောက်တွင် ချင်း လူမျိုးများသည် မုံရွာမြို့ပတ်ဝန်းကျင်၌နေထိုင်ခဲ့ကြဖွယ်ရှိသည်ဟု ယူဆရသည်။ အေဒီ- ၇၅၀ ပတ်ဝန်းကျင် တွင် မြန်မာပြည်ကျောက်စာများ၌ ချင်းဟူသောအသုံးအနှုန်းတွေ့ရှိရသည်ကို ထောက်ရှုခြင်းအားဖြင့် ယင်းအ ချိန်ကာလမတိုင်မီ ဤဒေသတဝိုက်တွင်အခြေချနေထိုင်လာခဲ့ကြသည်ဟု ထင်မှတ်ရပေသည်။ ချင်းတွင်းမြစ်နား တလျှောက်တွင် အချိန်အတော်ကြာနေထိုင်လာခဲ့ကြသဖြင့် ချင်းလူမျိုးများ၏ အမည်နာမကိုအစွဲပြုကာ ချင်း တွင်းမြစ်ဟုခေါ်ဝေါသမုတ်ခဲ့ကြသည်ကိုလည်း တွေ့ရှိရသည်။ မုံရွာပတ်ဝန်းကျင်တွင် အချိန်အတော်ကြာနေ ထိုင်ခဲ့ကြပြီး အေဒီ- ၁၀၀၀ လောက်တွင် ယခုမိမိတို့နေထိုင်ကြသောဒေသအသီးသီးတို့ခွဲကာ ရေကြည်ရာ မြက်နုရာနေထိုင်ကြသည်ဟု ယူဆရပေသည်။ ချင်းလူမျိုးများသည် ယခုမိမိတို့အခြေချနေထိုင်သောနေရာများ ကို ၁၄- ရာစုနှင့် ၁၆- ရာစုကြားတွင် အသီးသီးရောက်ရှိခဲ့ကြသည်ဟု ယူဆရသည်။ ချင်းဟူသောဝေါဟာရ၏ မူလအစ မြန်မာပြည်၊ အိန္ဒိယပြည်နှင့် ဘင်္ဂလာ့ဒေ့ရှ်နိုင်ငံတော်ပေါ်ဒေသတွင် အခြေစိုက်နေထိုင်ခဲ့ကြသော လူမျိုး နွယ်စုသည် လူမျိုးစုတစုဖြစ်ကြသော်လည်း ၎င်းတို့ကို ၎င်းတို့အမည်နာမအသီးသီးရှိခဲ့ကြသည်။ ၎င်းတို့မှာ (KHUMI, ZO, LAI, MIZO, BAWM, KUKI, ASHO, CHO, MATU,…..etc…) စသဖြင့် မိမိနေထိုင် ရာဒေသအလိုက် အမည်နာမအသီးသီးဖြင့် မှည့်ခေါ်ခဲ့ကြသည်။ အင်္ဂလိပ်မှတ်တမ်းများအရ အိန္ဒိယနိုင်ငံထဲတွင် ရောက်ရှိနေကြသော တောင်ပေါ်သားများကို ဂူကီး (KUKI) ဟု ခေါ်ဝေါခဲ့ကြသည်ဟု ရေးသားထားသည်။ ထို့ ကြောင့် ၁၈၉၆- ခုနှစ်တွင် ဤဒေသရှိလူမျိုးစုများကို ချင်း (CHIN) ဟု တရားဝင်မှတ်တမ်းတင်ကာ ကမ္ဘာသိ ဖြစ်လာခဲ့သည်။ မြန်မာပြည်စာရေးဆရာပါမောက္ခဒေါက်တာတင်အောင် (ပါမောက္ခရန်ကုန်တက္ကသိုလ်) အဆိုအရချင်း လူမျိုးတဦးသည် အလွန်ကြီးမားသောခြင်းတောင်းကြီးကိုကျောပိုး၍ ထမ်းလာရာလူကိုမတွေ့ရဘဲခြင်းတောင်း ကြီးကိုသာ တွေ့ရသဖြင့် ဗမာလူမျိုးများကအံ့သြစွာဖြင့် ခြင်းကြီးလာတယ်ဟုပြောဆို၍ သွားရောက်ကြည့်ရှု ကြရာ ခြင်းတောင်းကို ထမ်းလာသောသူကိုပါတွေ့ရှိကြသဖြင့် ထိုအချိန်မှစ၍ အဆိုပါခြင်းတောင်းထမ်းလာသော လူမျိုးကို ချင်းဟုခေါ်ဝေါကြရာမှ ယနေ့အထိချင်းလူမျိုးဟု ခေါ်ဝေါ်ကြခြင်းဖြစ်သည်ဟု ဆိုသည်။ ပါမောက္ခလိုစ့် (PROFESSOR LUCE) (ရန်ကုန်တက္ကသိုလ်) ရေးသားချက်အရ တီဘက်တိုဘာမန် ( TIBETO – BURMAN) လူမျိုးများမြန်မာနိုင်ငံအရှေ့ဘက်မှ မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်လာချိန်တွင် မြန်မာ ပြည်၌ဗမာလူမျိုးနှင့် သက်လူမျိုးများသည် အချင်းချင်းစစ်ဘက်ဖြစ်ပွားတိုက်ခိုက်လျက်ရှိနေကြသည်။ ဤအချိန် ကာလ၌ ချင်းလူမျိုးများသည်လည်း ၎င်းတို့အနီးပတ်ဝန်းကျင်ဒေသ၌ အခြေစိုက်နေထိုင်ခဲ့ကြရာ ဤတိုက်ပွဲတွင် မပါဝင်ခဲ့ကြသော်လည်း တခါတရံဗမာဘက်မှ ၎င်းသက်ဖက်မှ ၎င်းမှားယွင်းတိုက်ခိုက်မှုများ ရှိခဲ့သည်။ ဤကဲ့သို့ မှားယွင်းပစ်ခတ်မှုဖြစ်ပွားချိန်ခါမျိုးတွင် ဗမာလူမျိုးများက သူတို့ကိုမပစ်ကြနဲ့၊ ရန်သူမဟုတ်ဘူး၊ သူငယ်ချင်းများ သာဖြစ်တယ်ဟု ပြောဆိုရာမှသူငယ်ချင်းဟူသော ဝေါဟာရကိုအစွဲပြု၍ ချင်းလူမျိုးဟုခေါ်ဝေါသမုတ်ခဲ့ကြသည် ဟု ရေးသားခဲ့သည်။ ဒေါက်တာတင်အောင်နှင့် ပါမောက္ခလိုစ့် (PROFESSOR C.H LUCE) တို့၏ ချင်းဟူသောဝေါဟာရမူ လကအစ ရေးသားချက်များသည် သမိုင်းပညာရှင်များနှင့် ချင်းလူကြီးများ၏ သုံးသပ်ချက်အရဖြစ်နိုင်ဖွယ်ရာမရှိ ကြောင်း တိကျသောသက်သေသာဓကမရှိကြောင်းနှင့် အစပထမကတည်းက ချင်းဟူသောအမည်နာမသည် ရှိပြီးသောမျိုးနွယ်စုတစု၏ မူလအမည်နာမသာဖြစ်ကြောင်းနှင့် တရုတ်ပြည်ချင်းမင်းဆက်မှ ဆင်းသက်လာခဲ့ ကြခြင်းဖြစ်ကြောင်း သမိုင်းအထောက်အထားက သက်သေတူနေပေသည်။ နယ်ချဲ့အင်္ဂလိပ်ကျူးကျော်စစ်ဆင်နွှဲခြင်း ချင်းလူမျိုးများချင်းလဲန်သို့ရောက်ရှိကြပြီးနောက်၊ ၁၉- ရာစုနှောင်းပိုင်းကာလအထိ အေးချမ်းစွာကိုယ့် မင်းကိုယ့်ချင်းဖြင့် အုပ်ချုပ်နေထိုင်ခဲ့ကြသည်။ မည်သည့်တိုင်းတပါးသားများ၏ ကျူးကျော်မှုကိုမျှ မခံခဲ့ရဘူးချေ။ ဗမာဘုရင်များနှင့် ချစ်ကြည်ရင်းနှီးစွာသံတမန်နည်းအရ အဆက်အသွယ်အနည်းအကျဉ်းရှိခဲ့သည်။ အနောက် တိုင်းနိုင်ငံများ၏ ကိုလိုနီနယ်ချဲ့လာမှုသည် ကမ္ဘာ့အနှံ့သို့ပြန့်နှံ့လာခဲ့ရာ ဗမာပြည်နှင့် ချင်းပြည်ဖက်သို့လည်း ၁၉- ရာစုတွင် ရောက်ရှိလာခဲ့သည်။ ဗမာပြည်ကို ၁၈၂၄- ခုနှစ်တွင် အင်္ဂလိပ်များက စတင်တိုက်ခိုက်ကျူးကျော် လာခဲ့ရာ ရခိုင်နှင့် တနင်္သာရီအား ၁၈၂၆- ခုနှစ်တွင် သိမ်းပိုက်နိုင်ခဲ့သည်။ ၁၈၅၂- ခုနှစ်တွင် ဒုတိယအကြိမ် ကျူးကျော်တိုက်ခိုက်လာခဲ့ပြန်ရာ အောက်မြန်မာပြည်တခုလုံးအား ၁၈၅၃- ခုနှစ်တွင် သိမ်းပိုက်အုပ်ချုပ်ခဲ့သည်။ ၁၈၈၅- ခုနှစ်အရောက်တွင် တတိယအကြိမ်ကျူးကျော်စစ်ဆင်နွှဲလာခဲ့ရာ ဗမာဘုရင်သီပေါမင်းကိုပါဖမ်းဆီးခေါ် ဆောင်သွားခဲ့ကြပြီး ဗမာပြည်တခုလုံးအင်္ဂလိပ်လက်အောက်သို့ ကျရောက်သွားခဲ့သည်။ အင်္ဂလိပ်များသည် အရှေ့ဖက်စစ်မျက်နှာမှ ဗမာပြည်အားထိုးစစ်ဆင်နွှဲနေချိန်တွင် အနောက်ဖက်မှလဲ ချင်းပြည်အားကျူးကျော်တိုက်ခိုက်လာခဲ့သည်။ ၁၈၇၁- ၇၂ ခုနှစ်တွင် အနောက်ချင်းပြည်မှ (PU BENGKHUAI A) နှင့် အချို့ခေါင်းဆောင်များသည် ကချာ (CACHAR) ဒေသတွင် လက်ဖက်ခင်းလုပ်နေသည့်အင်္ဂလိပ်လူမျိုး (WINCHESTER) ကို ၂၃/ ၇ / ၁၈၇၁ တွင် သွားရောက်သတ်ဖြတ်ခဲ့ပြီး သမီးဖြစ်သူ (၆) နှစ်အရွယ်မာရီ (MERRY) အား ပြန်ပေးဆွဲရာမှ ကျူးကျော်စစ်စတင်ခဲ့သည်။ ကချာဒေသဖက်မှာ ဗိုလ်မှူးချုပ်ဂျီဘောက်ချာ (BRIGADIER GENERAL) G- Bourchier G.B) ဦးဆောင်၍ ၎င်းချစ်တစ်ကောင် (CHITTAGONG) ဖက်မှ ဗိုလ်မှူးချုပ်စီလာရောင်လောမ် (Brigadier General C. Brown Lowm) ဦးဆောင်၍ ၎င်းကျူးကျော်စစ်ပွဲကို စ တင်ခဲ့သည်။ ၁၈၉၅- ခုနှစ်တွင် ဗမာပြည်တခုလုံးအား အင်္ဂလိပ်များသိမ်းပိုက်ပြီးဖြစ်၍ အရှေ့ဖက်မှချင်းပြည်အား တိုက်ခိုက်ရန်အခွင့်အလမ်းရှိလာခဲ့ရာ ၁၈၈၈- ခုနှစ်အရောက်တွင် အရှေ့ဖက်မှချင်းပြည်အားဒုတိယအကြိမ် ကျူးကျော်စစ်စတင်ဆင်နွှဲလာခဲ့ကြပြန်သည်။ ဤကျူးကျော်စစ်ပွဲတွင် ကလေး၊ ကဘော်ချိုင့်ဝှမ်းနှင့် ယောဒေသ တို့မှတဆင့် ကျူးကျော်တိုက်ခိုက်လာခဲ့ရာ အင်္ဂလိပ်စစ်တပ်ဗိုလ်ချုပ်ဝှိုက် (VICTORIA CROSS) နှင့် ဗိုလ်မှူး ချုပ်ဖောင့် (MAJOR GENERAL WHITE) (Brigadier General Founce) တို့က ဦးဆောင်တိုက်ခိုက်ခဲ့ကြ သည်။ ချင်းတို့ဖက်မှ ပူးကျွန်ဘိခ့် (Pu Chon Bik ) နှင့် ပူးခိုင်ကမ် (Pu Khai Kam) စသည်တို့က ဦးဆောင်၍ ခုခံရေးစစ်ပွဲဆင်နွှဲခဲ့ကြသည်။ ဤစစ်ပွဲများသည် ပြင်းထန်ခဲ့ပြီး ဗြိတိသျှတို့ဖက်မှအကျအဆုံးများပြားခဲ့သည်။ အင်္ဂလိပ်စစ်တပ်မှ ဒုအရာခံဗိုလ်လီကွင် (Sergeant major lee Quence) အား (VICTORIA CROSS) ဘွဲ့ချီး မြှင့်သည်ကို ကြည့်ခြင်းအားဖြင့်ဤစစ်ပွဲများမည်မျှအထိ ပြင်းထန်သည်ကို ခန့်မှန်းတွက်ဆကြည့်နိုင်ပေသည်။ ၁၈၈၉- ခုနှစ်တွင် တတိယအကြိမ်ကျူးကျော်စစ်ကို အင်္ဂလိပ်များဆင်နွှဲလာပြန်သည်။ ဤအကြိမ်တွင်ချင်းပြည် တခုလုံးအား သိမ်းပိုက်နိုင်ရန်အတွက် အင်အားအလုံးအရင်းသုံးကာ တိုက်ခိုက်ခဲ့သည်။ အင်္ဂလိပ်အနောက်ဖက် စစ်ကြောင်းတွင် ဗိုလ်မှူးချုပ်ဗီပီထရစ်ကား (Brigadier General V.P Treger) မှဦးဆောင်တိုက်ခိုက်ခဲ့ပြီး အာ သံပြည်နယ်ဖက်နှင့် မြောက်ဖက်မှဗိုလ်မှူးကြီးစကေနာ (Colonal Skener) မှ ဦးဆောင်တိုက်ခိုက်ခဲ့သည်။ အရှေ့ဖက်နှင့် တောင်ဖက်ပိုင်းမှ ဗိုလ်မှူးချုပ်ဒဗလူပီဆိုင်မွန် (Brigadier General W.P Symons) မှ ဦးဆောင် တိုက်ခိုက်ခဲ့သည်။ ချင်းတို့ဖက်မှ (Pu Zahuat) နှင့် (Pu Hausak) အစရှိသည့် ခေါင်းဆောင်များမှ ဦးဆောင် ၍ခုခံရေးစစ်ပွဲဆင်နွှဲခဲ့ကြသည်။ ဤအင်္ဂလိပ်ကျူးကျော်စစ်သုံးကြိမ်စလုံးတွင် စစ်အင်အား၊ လက်နက်အင်အား မမျှတလွန်းခြင်းနှင့် ချင်းလူမျိုးများစုစုစည်းစည်းဖြင့် ခုခံရေးစစ်ပွဲများမဆင်နွှဲနိုင်ခြင်း၊ ထို့ကြောင့် ၁၈၉၅- ခုနှစ် တွင် ချင်းပြည်တခုလုံးသည် လုံးလုံးလျားလျားအင်္ဂလိပ်လက်အောက်သို့ ကျရောက်သွားခဲ့ရပေသည်။ ၁၈၉၆- ခုနှစ်တွင် ချင်းတောင်တန်းအုပ်ချုပ်ရေးဥပဒေ (THE CHIN HILLS REGULATION 1896) ကို ပြဌါန်းကာ ချင်းလဲန်ကအိန္ဒိယနှင့် မြန်မာအုပ်ချုပ်ရေးမှ သီးသန့်ခွဲထုတ်ကာ အုပ်ချုပ်ခဲ့သည်။ ဤအုပ်ချုပ်ရေး သည် ယခင်ကိုယ့်မင်းကိုယ့်ချင်းဖြင့် အုပ်ချုပ်စဉ်ကာလနှင့် အနည်းငယ်မှလွဲ၍ ကွာခြားမှုမရှိပေ။ အုပ်ချုပ်ရေးမှူး အနေဖြင့် မျိုးနွယ်စု၊ ကျေးရွာသူကြီး (CHIN CHIEFS) များမှတဆင့် အုပ်ချုပ်ခဲ့သည်။ အခွန်တော်ငွေနှင့် ဥပဒေ စိုးမိုးရေးတွင်သာ တိုက်ရိုက်အုပ်ချုပ်ခဲ့သည်။ ဤ (THE CHIN HILLS REGULATION 1896) အရ မည်သည့် နိုင်ငံခြားသားမှ အုပ်ချုပ်ရေးနယ်မြေအတွင်း အခြေစိုက်နေထိုင်နိုင်ခွင့်မရှိဘဲ၊ ဝင်ထွက်သွားလာလိုလျှင်လည်း ခွင့်ပြုချက်ရယူပြီးမှသာ ဝင်ထွက်သွားလာနိုင်သည်ကို တွေ့ရသည်။ အင်္ဂလိပ်များအနေဖြင့် လူမျိုးစုငယ်လေးများ ကို လူမျိုးစုကြီး (ဗမာ၊ အိန္ဒိယ) များက အမျိုးသားအမှတ်လက္ခဏာ (NATIONAL IDENTITY) မပျောက်ပျက် အောင် ကာကွယ်ပေးသောဥပဒေသာဖြစ်သည်ကို တွေ့ရသည်။ ထိုနည်း၎င်း (NAGA HILLS REGULATION, KACHIN HILLS REGULATION, CHITTAGONG HILLS TRACT REGULATION) စသဖြင့် လူမျိုးစုငယ်များ ကိုလည်း ပြုလုပ်ပေးခဲ့သည်ကို တွေ့ရသည်။ အားမတန်မာန်လျှော့စေကာမူ ချင်းအမျိုးသားများသည် အမျိုးသားတတ်မြောက်ရေးတိုက်ပွဲဝင်ရန် အ ခွင့်အခါကောင်းကိုစောင့်ဆိုင်းခဲ့ကြကာ ၁၉၁၈- ခုနှစ်တွင် အင်္ဂလိပ်နယ်ချဲ့ကို စတင်တော်လှန်ခဲ့သည်။ ၁၈၉၄- ခုနှစ်ကတည်းက ဖလမ်းမြို့တွင် အခြေချသောစစ်ပုလိပ် (MILITARY POLICE) များတွင် (GURKHA) နှင့် (PUNJUB) များသာ တာဝန်ထမ်းဆောင်စေခဲ့ရာမှ ချင်းအမျိုးသားများ၏ တော်လှန်ပုန်ကန်မှုဖြစ်ပွားလာသဖြင့် ပန်ဂျပ်များ၏နေရာတွင် ချင်းအမျိုးသားများကို ဆွဲဆောင်တာဝန်ထမ်းဆောင်စေခဲ့သည်။ လက်နက်အင်အားမမျှ တမှု၊ နည်းစနစ်စည်းကမ်းမကျမှု၊ ထို့ကြောင့် ပုန်ကန်မှုမအောင်မြင်ဘဲ ၁၉၂၃- ခုနှစ်တွင် အဆုံးသတ်သွားခဲ့ သည်။ ဗမာပြည်နှင့် အိန္ဒိယပြည်ခွဲခြားအုပ်ချုပ်ခြင်း အင်္ဂလိပ်များသည် အိန္ဒိယပြည်၊ ဗမာပြည်နှင့် ချင်းပြည်အားလုံးအား သိမ်းပိုက်ခဲ့ပြီးနောက် အိန္ဒိယအင် ပါယာအတွင်း ဗမာပြည်အားအိန္ဒိယပြည်နယ်ခွဲတခုအဖြစ်တွဲ၍ အုပ်ချုပ်ခဲ့သည်။ ချင်းလူမျိုးများကိုလည်း ချင်း တောင်တန်းအုပ်ချုပ်ရေးဥပဒေ ၁၈၉၆- ခုနှစ်အရ အင်ပါယာအတွင်းတွဲ၍ အုပ်ချုပ်ခဲ့သည်။ အင်္ဂလိပ်များသည် အိန္ဒိယလူမျိုး (ကုလား) များအား ဗမာပြည်နှင့် ချင်းပြည်အတွင်းခေါ်ယူလာကြပြီး အစိုးရအမှုထမ်းများအဖြစ် ၎င်း၊ စီးပွားကုန်သွယ်ရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် ၎င်း၊ အုပ်ချုပ်ရေးဖက်တွင် ၎င်း၊ နေရာကောင်းများပေး ကာ စိုးမိုးချုပ်လှယ်စေခဲ့သည်။ ဤကဲ့သို့ စိုးမိုးချုပ်လှယ်နေသည်ကို မရှုစိမ့်လိုလားကြသောဗမာများအနေဖြင့် ဒို့ပမာအစည်းအရုံးပါတီကို ဖွဲ့စည်းကာမိမိတို့ရသင့်ရထိုက်သည့်အခွင့်အရေးများရရှိရေးနှင့် မိမိတို့၏တိုင်းပြည် နှင့် လူမျိုးအရေးကိုထမ်းဆောင်နိုင်ရေး၊ မိမိတို့ပြည်ကိုမိမိတို့အုပ်ချုပ်ရန်စသဖြင့် တောင်းဆိုမှုများပြုလုပ်လာခဲ့ပြီး အင်္ဂလိပ်များကို စတင်တော်လှန်ခဲ့သည်။ ဤသို့အနုနည်းဖြင့် တောင်းဆိုမှုသက်သက်သာမဟုတ်ဘဲ သာယာဝ တီနယ်မှ ဆရာစံဦးဆောင်ကာလက်နက်ကိုင်ပုန်ကန်မှုအထိ ပြုလုပ်လာခဲ့သည်။ ဤ ဒို့ဗမာအစည်းအရုံးပါတီ တွင် ချင်းအမျိုးသားများဖြစ်ကြသော သခင်ဝမ္မသူးမောင်နှင့် သခင်အောင်မင်းတို့လဲပါဝင်ခဲ့ကြကာ ချင်းပြည်အ တွင်းနယ်ချဲ့အင်္ဂလိပ်တော်လှန်မှုကို စတင်ပြုလုပ်လာခဲ့သည်။ တစ်စတစ်စချင်းပြည်နှင့် ဗမာပြည်တွင်နယ်ချဲ့ အင်္ဂလိပ်တော်လှန်ပုန်ကန်မှုပြင်းထန်လာခဲ့ရာ အင်္ဂလိပ်များအနေဖြင့် နောက်ဆုံးတွင်မခံနိုင်တော့ဘဲ ၁၉၃၇- ခု နှစ်တွင် ဗမာပြည်နှင့် ချင်းပြည်အားအိန္ဒိယအင်ပါယာ (သို့) အိန္ဒိယပြည်၏ပြည်နယ်ခွဲအဖြစ်မှ ခွဲထုတ်လိုက် သည်။ ဗမာပြည်တွင်လန်ဒန်ဘုရင်ကိုယ်စားလအုပ်ချုပ်ရေးမှူး (GOVERNOR) တစ်ဦးတာဝန်ပေးအုပ်ချုပ်စေ ခဲ့ပြီး လန်ဒန်မှတိုက်ရိုက်အုပ်ချုပ်ခဲ့သည်။ ဤကဲ့သို့အိန္ဒိယအင်ပါယာမှ ဗမာပြည်နှင့် ချင်းပြည်အားခွဲထုတ်ရာတွင် ဗိုလ်ကြီးရွန်ဒိုလ် (Captain Rundull) နှင့် ဗိုလ်ကြီးဆစ်စပီးယား (Captain sheakespear) တို့၏ မီဇိုနှင့် ချင်းနယ်ခြားသတ်မှတ်ချက် အတိုင်း အတည်ပြု၍အိန္ဒိယပြည်နှင့် မြန်မာပြည်အဖြစ်ခွဲခြားသတ်မှတ်ခဲ့ရာမှ အရှေ့ချင်းပြည်သည် ဗမာပြည် ထဲသို့ကျရောက်သွားပြီး အနောက်ချင်းပြည်သည် အိန္ဒိယပြည်ဖက်သို့ ကျရောက်သွားခဲ့သည်။ ဤအချိန်မှစ၍ ချင်းလူမျိုးသည် ၂- ခြမ်းခွဲခြင်းခံခဲ့ကြပြီး (၂) နိုင်ငံအဖြစ် ခွဲခြားခြင်းခံခဲ့ကြရသည်။ လွတ်လပ်ရေးမတိုင်မီအခြေအနေ ၁၉၃၉- ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ဖြစ်လာသောအခါ ဂျာမာန်၊ ဂျပန်၊ အီတလီတို့ဦးဆောင် သော ဖက်စစ်အင်အားစုများက တဖက်အင်္ဂလန်၊ ပြင်သစ်၊ အမေရိကန်ဦးဆောင်သော မဟာမိတ်နိုင်ငံများက တဖက်စစ်ဖြစ်လာခဲ့သည်။ ၁၉၄၃- ခုနှစ်တွင် ဂျပန်၏ကျူးကျော်စစ်သည် အရှေ့တောင်အာရှနိုင်ငံများသို့တိုင် ကူးစက်လာခဲ့ရာ ချင်းအမျိုးသားများအနေဖြင့် ဂျပန်တော်လှန်ရေးကို အင်္ဂလိပ်နှင့် ပူးပေါင်း၍ ရွပ်ရွပ်ချွံချွံတိုက်ပွဲ ဝင်ခဲ့ကြသည်။ ၁၉၄၅- ခုနှစ်၊ သြဂုတ်လ (၆) ရက်နေ့နှင့် သြဂုတ်လ (၉) ရက်နေ့တွင် တီရိုရှီးမားနှင့် နာကာစ တြီးမြို့များကို အမေရိကန်မှအနုမြူဗုံးကြဲချရာမှ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားခဲ့ရာ၌ ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်များအင်အားချိနဲ့လာမှုနှင့် စစ်ပွဲပြီးလျှင်ကိုလိုနီနိုင်ငံငယ်များအား လွတ်လပ်ရေးပေးမည်ဟု ကတိက ဝတ်ပြုမှုတို့ကြောင့် အရှေ့တောင်အာရှနိုင်ငံငယ်လေးများသည် လွတ်လပ်ရေးရရှိရေးအတွက် ကြိုတင်ပြင်ဆင် မှုများဖြင့် လုံးပမ်းနေခဲ့ကြသည်။ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရယူရာတွင် ရှမ်း၊ ချင်း၊ ကချင်များပါဝင်၍ ပြည်ထောင်စုနိုင်ငံအနေ ဖြင့် လွတ်လပ်ရေးရယူရန်ထိုစဉ်က ဗမာခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းနှင့် အပေါင်းပါများက ကြိုးပမ်းခဲ့ကြ သည်။ ထိုသို့ ကြိုးပမ်းမှုအဖြစ် ၁၉၄၆- ခုနှစ်တွင် ဗိုလ်အောင်ဆန်းသည် ဒီးဒုတ်ဦးဘချိုအား ချင်းခေါင်းဆောင် များနှင့် တွေ့ဆုံရန်စေလွှတ်ခဲ့ရာ ချင်းခေါင်းဆောင်များဖြစ်သော ဝမ်သူမောင် (Pu Vuam Tu Maung) နှင့် ဇာဟူး (Pu Za Hu) (ဇိုခွား CHIEF) တို့နှင့် ထီးလင်းမြို့တွင် တွေ့ဆုံခဲ့ကြသည်။ ယခုအထိ ထီးလင်းမြို့တွင် ထိုစဉ်ကစိုက်ထူခဲ့သော ချင်း၊ ဗမာချစ်ကြည်ရေးကျောက်တိုင်ရှိနေသေးသည်ကို သမိုင်းသာဓကအရပ်အဖြစ် တွေ့ရှိခဲ့ကြသည်။ ဤ ချစ်ကြည်ရေးခရီးစဉ်သည် ချင်းလဲန်အားပင်လုံညီလာခံသို့ တွန်းပို့သည့်အချက်အနက် အ ချက်တချက်ဖြစ်ပေသည်။ မြန်မာပြည်အားလွတ်လပ်ရေးပေးရန်အတွက် ဆွေးနွေးမှုများပြုလုပ်ရန် ဗိုလ်ချုပ်အောင်ဆန်းသည် လန်ဒန်မြို့သို့သွားရောက်ခဲ့ရာ ထိုစဉ်ကအင်္ဂလန်ဝန်ကြီးချုပ်အက်တလီနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ٭ ၁၉၄၇ - ခုနှစ် အစောပိုင်းတွင်ပင် အောင်ဆန်းအက်တလီစာချုပ်ကို ချုပ်ဆိုခဲ့ရာ ထိုစာချုပ်အနှစ်သာရမှာ- မြန်မာမဟုတ် သောတိုင်းရင်းသားများအနေဖြင့် မိမိတို့၏အနာဂတ်ကံကြမ္မာကို မိမိတို့ကိုယ်တိုင်လွတ်လပ်စွာ ပြဌါန်းပိုင်ခွင့်ရှိ ကြောင်းကို ဗြိတိသျှအစိုးရ (အက်တလီ) နှင့် မြန်မာခေါင်းဆောင် (အောင်ဆန်း) တို့က လေးစားအသိအမှတ် ပြုကြောင်း တရားဝင်ကျေညာခဲ့သည်။ (တနည်းဆိုရသော်) အမျိုးသားများကိုယ်ပိုင်ပြဌာန်းခွင့်ရှိပြီး တိုင်းရင်း သားလူမျိုးအားလုံးတန်းတူရည်တူပူးပေါင်းသော ပြည်ထောင်စုနိုင်ငံတော်ကို အတူတကွထူထောင်ရေး (သို့မ ဟုတ်) မထူထောင်ရေးကိစ္စကို တိုင်းရင်းသားများကိုယ်တိုငက လွတ်လပ်စွာဆုံးဖြတ်ရန်ပင် ဖြစ်သည်။ ပိုမိုရှင်း လင်းအောင်ပြောရပါက မြန်မာလူမျိုးများနှင့် အတူတကွလွတ်လပ်ရေးရယူရေးမရယူရေးကိစ္စကို တိုင်းရင်းသား များကိုယ်တိုင်က ဆုံးဖြတ်ရန်ပင် ဖြစ်သည်။ ဤစာချုပ်သည် ပင်လုံစာချုပ်၊ ပင်လုံညီလာခံဖြစ်ပေါ်လာရန်တွန်းပို့ သော အချက်တချက်အပါအဝင်ပင် ဖြစ်သည်။ ပင်လုံစာချုပ် အထက်ပါအောင်ဆန်းအက်တလီစာချုပ်အရ တိုင်းရင်းသားများဗမာနှင့် ပူးပေါင်းရေး၊ မပူးပေါင်းရေး သည် အထူးအရေးကြီးခဲ့သည်။ ပါဝင်ပူးပေါင်းလျှင် ဘယ်ပုံဘယ်နည်းပူးပေါင်းကြမည်နည်း။ မကြာမီကျင်းပ မည့်တိုင်းပြုပြည်ပြုလွှတ်တော်သို့ ပါဝင်ကြမည်လားစသည့် ပြသာနာများသည် အပူတပြင်းဖြေရှင်းရမည့်ပြ သာ နာများ ဖြစ်လာသည်။ အနာဂတ်၊ ပြည်ထောင်စု၊ တည်ဆောက်ရန်နှင့် ပတ်သက်၍ အောင်ဆန်းနှင့် တိုက်ရိုက်မ ဆွေးနွေးခင် တိုင်းရင်းသားအချင်းချင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကာ သဘောတူညီချက်များပြုလုပ်ခဲ့ကြသည်။ ၁၉၄၇- ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့မွန်းလွဲ (၂) နာရီခွဲအချိန်တွင် ရှမ်းနှင့် ကချင်ခေါင်းဆောင်များညှိနှိုင်း၍ အောက်ပါသဘောတူညီချက်ကို ချမှတ်ခဲ့ကြသည်။ ယင်းမှာ- ရှမ်းနှင့် ကချင်တို့သည် မြန်မာတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် လွတ်လပ်ရေးကိုပိုမိုစောလျင်စွာ ရရှိလိမ့်မည်ဟု ကော်မီတီကယူဆသဖြင့် မြန်မာလူမျိုးများနှင့် အတူ လွတ်လပ်ရေးရယူပါက- (၁) မြန်မာတို့နှင့် အဆင့်အတန်းတူ၊ အခွင့်အလမ်းတူ၊ ရပိုင်ခွင့်တူ၊ ဒီမိုကရေစီကျကျ ခံစားခွင့်ရှိရမည်။ (၂) မြန်မာပြည်ထောင်စုမှ ကျွန်ုပ်တို့ခွဲထွက်လိုလျှင်၊ ကျွန်ုပ်တို့သဘောကျသည့်အချိန်တွင် ခွဲထွက်နိုင်ခွင့်ရှိစေ ရမည်။ အထက်ပါအရေးကြီးသည့်အချက်အပြင် အခြားအချက် (၃) ချက်ကိုပါ သဘောတူညီခဲ့ကြသည်။ အ ထက်ပါသဘောတူညီချက်ကို ရှမ်းကော်မီတီဝင် (၁၃) ဦးနှင့် ကချင်ကော်မီတီဝင် (၆) ဦးတို့လက်မှတ်ရေးထိုးအ တည်ပြုခဲ့ကြသည်။ ထိုနေ့ညနေပိုင်းတွင် ပင်လုံမြို့သို့ရောက်ရှိလာကြသော ချင်းခေါင်းဆောင်များနှင့် ဖေဖော်ဝါ ရီလ (ရ) ရက်နေ့တွင် ထပ်မံဆွေးနွေးကြသောအခါ အထက်ပါအချက်ကို ထပ်မံအတည်ပြုသည့်အပြင် နောက် ထပ်အချက် (၃) ခုကိုလဲ သဘောတူညီခဲ့ကြသည်။ အဆိုပါချင်းခေါင်းဆောင်များမှာ ဦးလှာမှုန်း၊ ဦးထောင်ဇာ ခုမ်၊ ဦးကီယိုမန်းတို့ ဖြစ်ကြသည်။ အထက်ပါအချက်များအားအခြေခံ၍ တိုင်းရင်းသားလူမျိုးအားလုံးတန်းတူရည်တူပူပေါင်း၍ ပြည်ထောင် စုတခုအတူတကွထူထောင်ရေးကို ၁၉၄၇- ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့တွင် သမိုင်းဝင်ပင်လုံညီလာခံကြီး ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ပြည်ထောင်စုတခုတည်ဆောက်ရန်အတွက် ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေကြမ်းရေးဆွဲ၍ တိုင်းပြုပြည်ပြုလွှတ်တော်သို့ အတည်ပြုရန်အဆိုတင်သွင်းထားသောအ ခါ အမည်အားဖြင့်သာ ပြည်ထောင်စုဖွဲ့စည်းပုံဖြစ်၍ လက်တွေ့အားဖြင့် တပြည်ထောင်စနစ်မကျတကျ၊ ဖက်ဒရီး ရှင်း၊ ဖွဲ့စည်းပုံသာဖြစ်၍ လူမျိုးစုအကြား အခွင့်အလမ်း၊ အဆင့်အတန်းတူညီမှုမရှိသည်ကို တွေ့ရှိရသည်။ သို့ သော် လူမျိုးစုများ၏အခွင့်အရေးတူ၊ အခွင့်အလမ်းတူ၊ ရပိုင်ခွင့်တူညီမှုမရှိလျှင် (၁၀) နှစ်ကြာပါက ပြည်ထောင် စုမှခွဲထွက်လိုကခွဲထွက်နိုင်ကြောင်းကိုမူ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၁၀) ၊ ပုဒ်မ၂၀၁ နှင့် ပုဒ်မ ၂၀၂၊ တွင် ပြဌါန်းထားပေသည်။ ခွဲထွက်ရေးပုဒ်မ၏ ဆိုလိုရင်းမှာ- သမိုင်းစဉ်ဆက်သီးခြားလွတ်လပ်သောလူမျိုး များသည် ဗြီတီသျှအစိုးရထံမှ သီးခြားလွတ်လပ်ရေးရယူ၍ မိမိတို့၏သဘောဆန္ဒအရ တန်းတူရည်တူပူးပေါင်း၍ ပြည်ထောင်စုနိုင်ငံတခုတည်းကို အတူတကွထူထောင်မည်။ ဆယ်နှစ်ကြာသောအခါ အကယ်၍တန်းတူမှုမရှိဟု ယူဆပါက သော်လည်းကောင်း၊ ပြည်ထောင်စု၏အဖွဲ့ဝင်ပြည်နယ်အဖြစ် ပါဝင်ခြင်းထက်မိမိတို့၏ အမျိုးသား နိုင်ငံတော်များကို သီးခြားလွတ်လပ်စွာထူထောင်ခြင်းက မိမိတို့၏အမျိုးသားရေးအတွက်ပို၍ ကောင်းကျိုးဖြစ် ထွန်းသည်ဟု ယူဆလာပါသော်လည်းကောင်း၊ ပြည်ထောင်စုမှလွတ်လပ်စွာ ခွဲထွက်ပိုင်ခွင့်ရှိရမည်ဟူသော အ ချက်ပင်ဖြစ်သည်။ ၁၉၄၇- ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ်ရေးဆွဲခဲ့ကြပြီး အဆိုပါအခြေခံဥပဒေအား တိုင်းရင်းသားလူမျိုးစုများက ထောက်ခံခဲ့ကြသည်။ ဤကဲ့ သို့ လက်ခံခဲ့ကြခြင်းသည် (၁) နိုင်ငံရေးအတွေ့အကြုံနုနယ်ခြင်း (၂) ဥပဒေပြုလုပ်ငန်းများ နားမလည်ခြင်း၊ (၃) လွတ်လပ်ရေးရရှိလိုဇောကြီးနေခြင်း၊ (၄) အမျိုးသားခေါင်းဆောင်ကြီးများကျဆုံးကုန်၍ အချင်းချင်းသွေးစည်း ညီညွတ်ရေးကို ဆန္ဒပြင်းပြနေခြင်း၊ (၅) သွေးချင်းသားချင်းများဥပဒေစကားလုံးများကို အတိအကျအဓိပါယ် ကောက်ခြင်း၊ အကြပ်ကိုင်ခြင်းများ ပြုလုပ်လိမ့်မည်မဟုတ်ဟုယူဆခဲ့ကြခြင်း၊ (၆) တန်းတူမှုမရှိပါက ခွဲထွက်ပိုင် ခွင့်ဥပဒေပြဌါန်းခြင်းတို့ကြောင့် လွယ်လင့်တကူထောက်ခံမှုပေးခဲ့ကြခြင်း ဖြစ်သည်။ ပြည်ထောင်စုသစ်ကြီးတည် ဆောက်ရေးအတွက် စိတ်တူကိုယ်တူရှိကြခြင်းကြောင့် ၁၉၄၈- ခုနှစ်၊ ဇန်နဝါရီ (၄) ရက်နေ့တွင် အချက်အချာ အာဏာပိုင်လွတ်လပ်သော နိုင်ငံအဖြစ် ပေါ်ထွက်လာခဲ့ပေသည်။ ပါလီမာန်ဒီမိုကရေစီခေတ်မြန်မာနိုင်ငံအခြေအနေ ပင်လုံစာချုပ်ကိုအခြေခံ၍ ဖြစ်ပေါ်လာသောဖွဲ့စည်းပုံအခြေခံဥပဒေအရ လွတ်လပ်ရေးရရှိပြီးသည့် နောက် ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူလွတ်မြောက်ရေး၊ (ဖဆပလ) ပါတီအာဏာရရှိလာရာဝန်ကြီးချုပ် ဦးနုအာ ဏာရရှိလာခဲ့သည်။ အာဏာရအစိုးရမှ တကယ့်လက်တွေ့တိုင်းပြည်အား အုပ်ချုပ်ရာတွင်တန်းတူမှု၊ တရားမျှတ မှုနှင့် ဒီမိုကရေစီကျကျခံစားပိုင်ခွင့်များမရှိသဖြင့် နှစ်အနည်းငယ်အတွင်း လူမျိုးစုတော်လှန်ရေးအသီးသီးပေါ် ပေါက်လာသည်။ အလံနီ၊ အလံဖြူ ကွန်မြူနစ်ပါတီသည်လည်း တော်ခိုသွားကြသည်။ ဤသို့ နိုင်ငံမငြိမ်မသက် မှုဖြစ်ရခြင်းကို သုံးသပ်ရာတွင် (၁) ပင်လုံစာချုပ်သဘောထားများ၊ ကတိပေးချက်များကို ပါလီမန်က သော် လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးအဖွဲ့က သော်လည်းကောင်း၊ အရေးပါသောအရာရှိကြီး / ငယ်များက သော် လည်းကောင်း၊ သတိမရသတိမမူ ဖြစ်ခဲ့ကြသည်။ (၂) အခြေခံဥပဒေပုဒ်မများကို တဖက်သတ်အဓိပါယ်ပြန်ခဲ့ ကြသည်။ (၃) ပြည်ထောင်စုဥပဒေစာရင်းထဲပါဝင်သော ကိစ္စရပ်များကို ဆောင်ရွက်ရာ၌ ပြည်နယ်အစိုးရများကို တိုင်ပင်ရန် မလိုဟုယူဆခဲ့ကြသည်။ (၄) ပြည်ထောင်စုအစိုးရဝန်ထမ်းအဖွဲ့များသည် ပြည်နယ်များအား အထင် အမြင်သေးခဲ့ကြသည်။ (၅) ပြည်နယ်ဝန်ကြီးများကို အရိုအသေမပြုခဲ့ပေ။ (၆) အစိုးရအမှုကိစ္စရပ်များအသီးသီး တို့ကို တဖက်သတ်ဆောင်ရွက်ခဲ့ကြပြီး အနိုင်ကျင့်ခဲ့ကြသည်။ (၇) ရသင့်ရထိုက်သည့်အကူအညီများ မရခဲ့ကြ ပေ။(၈) ပြည်ထောင်စုဥပဒေစာရင်းတွင် ပါရှိသည့်လုပ်ငန်းဆောင်တာများကို ပြည်နယ်များအတွင်းဆောင်ရွက် သည့်အခါ၊ ပြည်ထောင်စုအစိုးရဌါနများသည် များသောအားဖြင့်ပြည်နယ်အစိုးရကို ပစ်ပယ်ထားကြခြင်း။ (၉) ပြည်နယ်တွင်းနိုင်ငံရေးနှင့် အုပ်ချုပ်ရေးတို့တွင် ဝင်ရောက်စွက်ဖက်ခဲ့ကြခြင်းကြောင့် ဖြစ်သည်ကိုတွေ့ရှိရသည်။ လွတ်လပ်ရေးရရှိပြီး ၁၀- နှစ်ကာလအတွင်း ပြည်ထောင်စုအစိုးရအား ရန်ကုန်အစိုးရဟုအခေါ်ခံရလောက် အောင် အခြေအနေဆိုးဝါးလာခဲ့သည်။ ဖဆပလသည်လည်း ၁၉၅၈- ခုနှစ်တွင် ၂- ခြမ်းခွဲလာခဲ့ပြီး ဦးနုနှင့် သခင်တင်ဦးဆောင်သော (နုတင် အဖွဲ့) သန့်ရှင်းဖဆပလနှင့် ဦးဘဆွေ၊ ဦးကျော်ငြိမ်း (ဆွေငြိမ်းအဖွဲ့) ဦးဆောင်သောတည်မြဲဖဆပလဟူ၍ ဖြစ် လာခဲ့ကြသည်။ ဤကဲ့သို့ကွဲပြားရခြင်းသည် ဖက်ဒရယ်ပြည်ထောင်စု (Federal) တည်ဆောက်လို/ မတည် ဆောက်လိုမှုကြောင့် ဖြစ်သည်။ ဦးနုအနေဖြင့် ပြည်ထောင်စုတည်ဆောက်ရေးကို မလိုလားသဖြင့် ဖဆပလနှစ် ခြမ်း၊ ကွဲသွားရခြင်းဖြစ်သည်။ ဤကဲ့သို့ ဖဆပလနှစ်ခြမ်းကွဲပြီး (၃) လအကြာ ၁၉၅၈- ခုနှစ် စက်တင်ဘာလ (၂၆) ရက်နေ့တွင် ဦးနုမှ ဗ.ခ.က နေဝင်းထံရွေးကောက်ပွဲပြန်လုပ်နိုင်ရန်အတွက် အစိုးရကို ခေတ္တဦးစီး ကွက်ကဲပေးရန် စာရေးကမ်းလှမ်းခဲ့သည်။ ၁၉၅၈- ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့တွင် ပါလီမန် အစည်းအဝေးခေါ်၍ (၃၁) ရက်နေ့တွင် ဗခက နေဝင်းအား ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ပြီး (၆) လအတွင်း ရွေးကောက်ပွဲပြုလုပ်ပေးရန် အိမ်စောင့်အစိုးရကို တာဝန်ပေးအပ်လိုက်သည်။ (၆) လအတွင်း ရွေး ကောက်ပွဲပြုလုပ်ပေးနိုင်ခဲ့ခြင်းမရှိသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဗခကနေဝင်းပါထွက်ပေးရမည့် အခြေ အနေသို့ရောက်လာသောအခါ မတတ်သာသည့်အဆုံးဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ကာဗခကနေ ဝင်းက အာဏာဆက်လက်ကိုင်စွဲခဲ့သည်။ ၁၉၆၀- ခုနှစ်၊ ဖေဖေါ်ဝါရီလ (၆) ရက်နေ့တွင် ပါလီမန်ရွေးကောက်ပွဲ လုပ်ပေးခဲ့ရာ ဦးနုဦးဆောင်သော သန့်ရှင်းဖဆပလ အနိုင်ရရှိခဲ့သည်။ တောင်ကြီးညီလာခံနှင့် ၁၉၄၇- ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပြသာနာရပ်များ ဦးနုအာဏာပြန်လည်ရရှိသောအခါ တိုင်းရင်းသားများ၏ ပြည်ထောင်စုစနစ်တောင်းဆိုမှုသည် အထူးအ ရေးပါလာခဲ့သည်။ ထို့ကြောင့် ဒေါက်တာဘဦး၊ ဦးအုန်း (သံအမတ်ဟောင်း) များ ဦးဆောင်သော စုံစမ်းရေး (၆) ဦးကော်မီတီကိုဖွဲ့၍ စုံစမ်းရေးပြုလုပ်စေခဲ့သည်။ ကော်မီတီ၏စုံစမ်းချက်အရ ပြည်ထောင်စုစနစ်ကို ပြုပြင်ရန်၊ ၁၉၄၇- ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ချို့ယွင်းချက်များကိုပြုပြင်ကြရန် တောင်တန်းသားများအားလုံးလိုချင်ကြ ကြောင်း တွေ့ရှိလာရာဝန်ကြီးချုပ်အနေဖြင့် ဆိုက်ရောက်သွားခဲ့သည်။ ထို့ကြောင့် ၁၉၆၁- ခုနှစ်၊ ဇွန်လ (၈) ရက် နေ့မှ ဇွန်လ (၁၆) ရက်နေ့အထိ ရှမ်း၊ ကယား၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ များပါဝင်သော ပြည်နယ်ပေါင်းစုံ ညီလာခံကြီးကို ရှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့တွင် ကျင်းပခဲ့ကြသည်။ အဆိုပါပြည်နယ်ပေါင်းစုံညီလာ ခံကြီးမှ တန်းတူရေးနှင့် ရပိုင်ခွင့်တူဒီမိုကရေစီကျကျပြည်ထောင်စုကြီးတည်ဆောက်ရေးအတွက် အခြေခံဥပဒေ ကိုခြုံ၍ ဆန့်စစ်ကြည့်ကြရာ (၁) ဖွဲ့စည်းပုံစနစ်တွင် ၎င်း၊ (၂) အာဏာနှင့် အခွင့်အရေးခွဲဝေမှုတွင် ၎င်း၊ (၃) ပါလီမန်ဖွဲ့စည်းပုံတွင် ၎င်း၊ (၄) ပြည်ထောင်စုအခွန်တော်နှင့် ဘဏ္ဍာတော်ခွဲဝေမှုတွင် ၎င်း၊ ချို့ယွင်းချက်များနှင့် (၅) ပြည်နယ်များလုံးဝကိုယ်ပိုင်အုပ်ချုပ်ရေးဆုံးရှုံးနစ်နာမှုများကို ပြုပြင်ရန်ဆုံးဖြတ်အတည်ပြုခဲ့ကြသည်။ (၁) ဖွဲ့စည်းပုံစနစ် (STRUCTURE) ဖွဲ့စည်းပုံအခြေခံဥပဒေသည် သဘောတရားအားဖြင့် ပြည်ထောင်စုစနစ်ဖြစ်သော်လည်း လက်တွေ့တွင် တပြည်ထောင်စနစ်သာဖြစ်သဖြင့် နယ်စပ်ဒေသခေါင်းဆောင်များတောင်းဆိုသောစနစ် မဟုတ်ပေ။ တိုင်းရင်း သားခေါင်းဆောင်များတောင်းဆိုခဲ့သည်မှာ ပြည်ထောင်စုစနစ်စစ်စစ်သာ ဖြစ်သည်။ ပြည်ထောင်စုစနစ်ဆို သည်မှာ ကမ္ဘာပေါ်ရှိမည်သည့်ပြည်ထောင်စုနိုင်ငံကိုပင် ကြည့်ကြည့်ပြည်ထောင်ခေါ်ပြည်နယ်များသဘောတူ စု ပေါင်းထားသောစနစ် ဖြစ်သည်။ ဤဖွဲ့စည်းပုံတွင် တခြားပြည်နယ်များသီးသန့်ဖွဲ့စည်းထားသော်လည်း ဗမာပြည် မအတွက် သီးခြားပြည်နယ်ဟူ၍ ဖွဲ့စည်းထားခြင်းမရှိပေ။ ဗမာပြည်မအားဗဟိုပြည်ထောင်စုအစိုးရနှင့် တပေါင်း တစည်းတည်းပူးပေါင်းဖွဲ့စည်းထားလိုက်ပေသည်။ ထို့ကြောင့် အခြေခံဥပဒေကိုပြန်လည်ပြင်ဆင်သည့်အခါ ခိုင်မြဲသော၊ တန်းတူညီမျှသောပြည်ထောင် စုဖြစ်ပေါ်ရေးအတွက် ဗမာပြည်မအားပြည်ထောင်စုအဖွဲ့ဝင် သီးခြားပြည်နယ်အဖြစ် ဖွဲ့စည်းရမည်ဖြစ်ပေသည်။ (၂) အာဏာနှင့် အခွင့်အရေးခွဲဝေနည်း (DISTRIBUTION OF POWERS) အာဏာနှင့် အခွင့်အရေးခွဲဝေနည်းစနစ်တွင် ပြည်နယ်များအား အာဏာကန့်သတ်ပေးပြီး ကျန်ရှိသမျှ အာဏာအားလုံးကို ဗဟိုပြည်ထောင်စုကချုပ်ကိုင်ထား၍ တကြောင်း၊ ဗမာပြည်မသည် ပြည်နယ်မဟုတ်ဘဲ ဗဟို ပြည်ထောင်စုအာဏာကို ပေါင်းစည်း၍ ချုပ်ကိုင်ထားသည်လည်းတကြောင်း၊ နယ်စပ်ဒေသတိုင်းရင်းသားများ၏ လိုအင်ဆန္ဒနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်လျက်ရှိပေသည်။ ထို့ကြောင့် အခြေခံဥပဒေပြင်ဆင်သည့်အခါ ပြည်ထောင်စုစစ်စစ်မူအတိုင်း ဗဟိုပြည်ထောင်စုအစိုးရ အားအများနှင့် သက်ဆိုင်သောကိစ္စရပ်များအတွက်သာ အာဏာခွဲဝေပြီးပြည်နယ်များက ကျန်အာဏာများကို ချုပ်ကိုင်နိုင်ခွင့်ပေးရမည် ဖြစ်သည်။ (၃) ပါလီမန်ဖွဲ့စည်းပုံ ပြည်ထောင်စုပါလီမန်တွင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ဟူ၍ လွှတ်တော် (၂) ရပ်ရှိပြီး၊ အထက်လွှတ်တော်ဖြစ်သောလူမျိုးစုလွှတ်တော်သည် အောက်လွှတ်တော်ဖြစ်သောပြည်သူ့လွှတ်တော်နှင့် အ ခွင့်အာဏာတူမရရှိချေ။ ပြည်နယ်များကလည်း ညီမျှသောကိုယ်စားလှယ်ဦးရေစေလွှတ်ခွင့် မရကြပေ။ ပြည် ထောင်စုအစိုးရကလည်း လူမျိုးစုလွှတ်တော်အား တာဝန်မခံဘဲ၊ ပြည်သူ့လွှတ်တော်ကိုသာ တာဝန်ခံထားပေရာ၊ လူမျိုးစုလွှတ်တော်သည် အလွန်တရာမှ ဂုဏ်သိက္ခာချိငဲ့နေလေသည်။ ပြည်နယ်များ၏ အခွင့်အရေးကိုလည်း ကာကွယ်နိုင်စွမ်းမရှိပေ။ ထို့ကြောင့် အခြေခံဥပဒေတွင်ပါလီမန်ဖွဲ့စည်းပုံကို ပြင်ရပေမည်။ လူမျိုးစုလွှတ်တော်သည် ပြည်သူ့လွှတ် တော်နှင့် တန်းတူအာဏာရှိရမည့်အပြင် ပြည်နယ်တိုင်းညီမျှသော ကိုယ်စားလှယ်ဦးရေ စေလွှတ်ခွင့်ရှိရမည်။ (၄) ပြည်ထောင်စုအခွန်တော်နှင့် ဘဏ္ဍာတော်ခွဲဝေရေး တိကျသောပြည်ထောင်စုဘဏ္ဍာရေးပေါ်လစီမချမှတ်နိုင်ဘဲ ပုဒ်မ- (၉၆) အရ ပြည်ထောင်စုမှ ပေးကမ်း သောထောက်ပံ့ငွေကိုသာ ပြည်နယ်များအားထားနေရသည်။ ထို့ကြောင့် ပြည်ထောင်စုစစ်စစ်အခြေခံဥပဒေတွင် ပြည်ထောင်စုဘဏ္ဍာတော်ခွဲဝေရေးကိစ္စနှင့် ပတ်သက်၍ အလေးအနက်စဉ်းစားပြီး၊ အတိအကျပြဌါန်းဖော်ပြ ထားရပေမည်။ (၅) ပြည်နယ်များလုံးဝကိုယ်ပိုင်အုပ်ချုပ်ရေး (COMPLETE AUTONOMY) ဗမာပြည်နယ်အစရှိသည့်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအား ဗဟိုပြည်ထောင်စုအစိုးရက သော် ၎င်း၊ ပြည်နယ်အချင်းချင်းကသော် ၎င်း၊ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိစေရန်နှင့် လုံးဝ ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိစေရန်၊ အခြေခံဥပဒေတွင် အခိုင်အမာပြဌါန်းပေးရမည်။ ပြည်ထောင်စုစစ်စစ်တိုင်း ပြည်တွင် ပြည်နယ်တိုင်းသည်ဗဟိုပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် မဆန့်ကျင်သောသီးခြား ပြည်နယ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရှိရမည့်အပြင် သီးခြားဥပဒေပြုလွှတ်တော်၊ သီးခြားအစိုးရ၊ သီးခြားတ ရားရုံးထားရှိရမည်။ တောင်ကြီးညီလာခံမှ နိဂုံးချုပ်သည်မှာ မူလအခြေခံဖွဲ့စည်းပုံ၏ စနစ်တစ်ခုလုံးကို ပြုပြင်ပြောင်းလဲပြင် ဆင်ကာ အသစ်ထပ်မံဖွဲ့စည်းရမည့် ပြည်ထောင်စုစစ်စစ်၏ ပုံစံအတိုင်းသာလိုက်နာပြုလုပ်ဆောင်ရွက်မှသာ ဖြစ်မြောက်အောင်မြင်တော့မည်ဖြစ်ကြောင်း ကောက်ချက်ဆွဲခဲ့သည်။ ပြည်နယ်ပေါင်းစုံညီလာခံကြီးမှ အဆိုပြုသောပြည်ထောင်စုသစ်ကြီးတည်ဆောက်ရေးသဘောတူညီ ချက်နှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန်ဝန်ကြီးချုပ်ဦးနုအနေဖြင့် ပြင်ဆင်မှုလုံးဝမပြုလုပ်ခဲ့ပေ။ ဖက်ဒရယ်၏ အဓိပါယ်ကိုခွဲထွက်ရေးဝါဒဖြစ်သည်ဟု အဓိပါယ်ကောက်ယူခဲ့ပြီးခွဲထွက်ရေးသမားများ၏ လက်စွဲတန်ပြမျှသာ ဖြစ်သည်ဟု ယူဆခဲ့ကြသည်။ ဖက်ဒရယ်လိုလားသူများအနေဖြင့်လည်း ဗမာကိုလိုနီလိုလားသူများ၊ မဟာလူ မျိုးကြီးဝါဒကိုင်စွဲသူများဖြစ်သည်ဟု အပြန်အလှန်စွပ်စွဲခဲ့သည်။ ဤသို့ဖြင့် ၂- ဖက်အကြားတင်းမာမှုသည် ကြီး ထွားလာခဲ့သည်။ ၁၉၆၁- ခုနှစ်၊ သြဂုတ်လ (၁၇) ရက်နေ့တွင် နိုင်ငံတော်ဘာသာကို ဗုဒဘာသာဖြစ်ကြောင်း ကြေညာလိုက်သောအခါ အစိုးရဆန့်ကျင်မှုကိုလည်း ခံလာခဲ့သည်။ ဤကဲ့သို့ နိုင်ငံတော်မငြိမ်မသက်ဘဲ ရှေ့မတိုးသာနောက်မဆုတ်သာဖြစ်လာခဲ့ရာ ရှမ်းစော်ဘွားများအနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုသစ်တည် ဆောက်ရေးအတွက် ဆွေးနွေးမှုပြင်ဆင်မှုမလုပ်ပါက အခြေခံဥပဒေအရ ခွဲထွက်မည်ဟုအရေးဆိုလာခဲ့သည်။ ၁၉၆၂- ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ပြည်ထောင်စုနေ့ကျင်းပပြီးသည့်နောက် ရှမ်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်နှင့် ချင်းလူမျိုးစုများသည် ရန်ကုန်တွင်တွေ့ဆုံကြပြီး စစ်မှန်သောပြည်ထောင်စုတည်ဆောက် ရန်အတွက် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ်ဆွေးနွေးမှုပြုလုပ်ခဲ့ကြသည်။ ဤကဲ့သို့ ပြည်ထောင် စုသစ်တည်ဆောက်ရေးအတွက် အလုပ်များနေကြချိန် ဗခကနေဝင်းသည် အဆိုပါလူမျိုးစုခေါင်းဆောင်များအား အလွယ်တကူဖမ်းဆီးခဲ့ပြီး ၁၉၆၂- ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် စစ်တပ်အာဏာဖြင့် အာဏာသိမ်းလိုက် သည်။ အရေးကြီးသောနိုင်ငံတော်သမ္မတရုံး၊ အသံလွှင့်ရုံးနှင့် အတွင်းဝန်ရုံးများတွင် နေရာယူလိုက်ပြီး စစ်တပ် ကိုမင်္ဂလာဒုံသို့ ပြောင်းရွေ့လိုက်သည်။ ဦးနုနှင့် ဝန်ကြီးအဖွဲ့များအပါအဝင် အရေးကြီးသောပုဂ္ဂိုလ်အားလုံးချုပ် နှောင်ခဲ့သည်။ စော်ဘွားစပ်ရွှေသိုက်နှင့် မိသားစုအားဖမ်းဆီးရာတွင် စပ်ရွှေသိုက်၏သားထွေး (၁၇- နှစ်သား) တဦးသေဆုံးခဲ့သည်။ ဤသို့ဖြင့် သွေးထွက်သံယိုမှုမရှိဘဲ နိုင်ငံတော်အာဏာလုံးဝချုပ်ကိုင်လိုက်ပြီး ပါလီမာန်ကို ဖျက်သိမ်းလိုက်ကာ နိုင်ငံရေးပါတီလှုပ်ရှားမှုအားလုံးပိတ်ပင်လိုက်သည်။ ၁၉၄၇- ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုပါ ဖျက်သိမ်းလိုက်သည်။ ထိုအချိန်မှစ၍ ၁၉၄၈- ခုနှစ်မှ အစပြုခဲ့သောပါလီမာန်ဒီမိုကရေစီကာလသည် ပြီးဆုံးသွားခဲ့သည်။ စစ်တပ်မှအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအခြေအနေ ၁၉၆၂- ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် တော်လှန်ရေးကောင်စီကိုကြေညာခဲ့ပြီး စစ်အရာရှိကြီး (၁၇) ဦး ဖြင့် ဖွဲ့စည်းခဲ့သည်။ ဗခကနေဝင်းအနေဖြင့် တိုင်းပြည်သို့အာဏာသိမ်းရခြင်းအကြောင်းရင်းကြေညာရာတွင် (၁) ဦးနုမှ ရှမ်းပြည်နယ်အပါအဝင်ပြည်နယ်များအား ခွဲထွက်ခွင့်ပေးမည်ကို စိုးရိမ်ခြင်း (သို့) တိုင်းပြည်ပြိုကွဲသွားမှာ စိုးရိမ်ခြင်း၊ (၂) စီးပွားရေးအလွန်ကျဆင်းနေခြင်း၊ (၃) ဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းခဲ့သော ဆိုရှယ်လစ်ဝါဒကျင့် သုံးရန် အစိုးရအနေဖြင့် ပျက်ကွက်ခြင်းတို့ကြောင့်ဟု ကြေညာခဲ့သည်။ ၁၉၆၂- ခုနှစ် ဧပြီလတွင် ဝါဒရေးရာ ထုတ်ပြန်ကြေညာချက်တခုပြုလုပ်ခဲ့ရာ မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်ဝါဒ (Burmese way to Socialism) ကို ကြေညာခဲ့သည်။ အဓိကပန်းတိုင်အနေဖြင့် (၁) လူနေမှုအဆင့်အတန်းမြှင့်တင်ရန်၊ (၂) အလုပ်လက်မဲ့ချုပ် ငြိမ်းစေရန်နှင့် (၃) ထုတ်လုပ်ဖြန့်ချီမှုနှင့် ပုဂ္ဂလိကပိုင်းအားလုံးကို ပြည်သူ့ပိုင်သိမ်းရန်၊ (၄) စီးပွားရေးအားလုံးကို ဗဟိုမှချုပ်ကိုင်ရန်တို့ဖြစ်သည်။ ၁၉၆၂- ခုနှစ် ဇူလိုင်လတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါ တီ (Burma Socialist Program Party) ကို ဖွဲ့စည်းပြီး စည်းရုံးရေးစတင်ပြုလုပ်ခဲ့သည်။ စစ်တပ်ထဲတွင် အဖွဲ့ဝင်များတိုးပွားလာပြီး တောင်သူလယ်သမားအစည်းအရုံးနှင့် အလုပ်သမားအစည်းအရုံးဟူ၍ အမာခံအဖွဲ့အ စည်း (၂) ရပ်ကို တည် ဆောက်ကာ ဆိုရှယ်လစ်ဝါဒခိုင်မာလာအောင် ကြိုးပမ်းခဲ့သည်။ ပညာရေးဖက်တွင် ပညာရေးဝန်ကြီးဌါနဖွဲ့စည်း ပြီး တက္ကသိုလ်အားလုံးကို တင်းကြပ်စွာချုပ်ကိုင်ခဲ့ရာမှ ကျောင်းသားတို့၏မကျေနပ် ချက်သည် ပြင်းထန်လာခဲ့ သည်။ နေဝင်းကျဆုံးပါစေ၊ စစ်အစိုးရကျဆုံးပါစေ၊ စစ်ခွေးများငရဲသို့သွားပါစေ၊ စစ် ဘုတ်ဖိနပ်များအလိုမရှိ၊ အ မျိုးသားပညာရေးပေးပါဟူ၍ ကြွေးကြော်လာခဲ့ကြရာ ရန်ကုန်တက္ကသိုလ်ကိုစစ်တပ်မှ (၅) ရက်ခန့်ဝိုင်းထားကြပြီး အစိုးရမှကျောင်းသားများအား ငြိမ်သက်စွာနေရန်နှင့် ဆွေးနွေးမှုများမပြုလုပ်နိုင်ခဲ့ ခြင်းကြောင့်၊ ၁၉၆၂- ခုနှစ် ဇူလိုင်လ (၇) ရက်နေ့တွင် စစ်တပ်၏ ပစ်ခတ်မှုခံခဲ့ကြရသည်။ ဤပစ်ခတ်မှုတွင် ကျောင်းသား (၁၃၅) ဦးကျ ဆုံးပြီးအများအပြားဒဏ်ရာ ရရှိခဲ့သည်။ ကျောင်းသားပေါင်း (၃၀၀၀) ကျော်အဖမ်း ဆီးခံခဲ့ကြရသည်။ ထိုညတွင် ပင် သမိုင်းဝင်ကျောင်းသားသမ္မဂ္ဂအဆောက်အဦးကြီးအား ဗုံးခွဲဖျက်ဆီးလိုက်ကြ တော့သည်။ (ရွှေလူမောင်၏ BURMA စာအုပ်၊ စာမျက်နှာ (၅၀) မှ) ၁၉၆၃- ခုနှစ်တွင် တောတွင်းလက်နက်ကိုင်အင်အားစုများအားငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပြီး ဗမကလှတန်ဦးဆောင်၍ ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲကာလအတွင်းတွင်ပြင် အပစ်အခတ်ရပ်စဲ ရေးကာလအတွင်း အခြေအနေအတွက်ပင် ပြေလည်မှုမရရှိခဲ့ကြသဖြင့် ဆွေးနွေးပွဲမအောင်မမြင်ဖြစ်ခဲ့သည်။ ၁၉၆၈- ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့စွဲဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီဥက္ကဌမှ ကြေညာချက်အမှတ်- ၇၄ ထုတ်ပြန်ခဲ့ပြီး တိုင်းရင်းသားလူမျိုးစုများအပါအဝင်က တိုင်းပြည်လုံးအား ပြည်တွင်း ညီညွှတ်ရေးအကြံပေးချက်တောင်းခံခဲ့သည်။ အဖွဲ့၏ ဆက်သွယ်ရေးအရာရှိအဖြစ် ဒု- ဗမကသန်းစိန်အား တာ ဝန်ပေးခဲ့သည်။ ဤသို့အကြံပေးချက်၊ တောင်းယူခဲ့ခြင်းကြောင့် ချင်းအမျိုးသားများအနေဖြင့်လည်း ပြည်တွင်း ညီညွတ်ရေးနှင့် ငြိမ်းချမ်းသာယာသောအနာဂတ်ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရန် အချက်ပေါင်း ၁၅၀- ပါ ဝင်သော ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာအကြံပေးမှုများကို တင်သွင်းခဲ့သည်။ ၁၉၄၇- ခုနှစ် မြန်မာနိုင်ငံဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ၏ ချို့ယွင်းချက်များဖြည့်စွက်ရန်လိုအပ်မှုများ၊ တန်းတူညီမျှမှုနှင့် ပြည်ထောင်စုစစ်စစ် တည်ဆောက်ရန် အထူးအလေးပေး၍ အကြံပြုခဲ့သည်။ ထိုချင်းလူငယ်များအကြံပေးချက်စာတမ်းကြောင့် ပါတီ အသီးသီးမှ (ယခင်ဦးနုအစိုးရ) ခေါင်းဆောင်များ၊ အရပ်ဖက်အရာရှိများ၊ ဆရာဝန်များ၊ ဥပဒေပညာရှင်များ စစ် ဗိုလ် (အငြိမ်းစား) များ၊ ချင်းကျောင်းသားခေါင်းဆောင်များ၊ တောင်သူလယ်သမားနှင့် အလုပ်သမားများ၊ အပါ အဝင်ချင်းလဲန်နယ်မြေအသီးသီးမှ ပုဂ္ဂိုလ် (၅၀) ကျော်ကို ဖမ်းဆီးခဲ့ပြီး တရားရုံးတွင် အမှုစစ်ဆေးခြင်းမ ပြုဘဲ နှစ်ပေါင်းအတန်ကြာထိန်းသိမ်းထားခဲ့ပြီး ၁၉၇၄- ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံဖွဲ့စည်း အုပ် ချုပ်ပုံအခြေခံ ဥပဒေအတည်ပြုပြီးသည့်အထိ ထိန်းသိမ်းထားခဲ့ကြသည်။ အာဏာရှင်များအနေဖြင့် အကြံပြုရန် တောင်းဆိုမှုသည်ပင်လျှင် ထောင်ချောက်တခုသဖွယ်အသုံးပြုခဲ့သည်ကို တွေ့ရှိရသည်။ ၁၉၇၁- ခုနှစ်တွင် မြန် မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကွန်ဂရက်ကို ကျင်းပခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ရေးဆွဲရန် ဆုံးဖြတ်ခဲ့ကြ သည်။ ၁၉၇၃- ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ကွန်ဂရက်သို့တင်သွင်းပြီး အမိန့်အာဏာဖြင့် ပြည်သူ လူထုတရပ်လုံးအား ထောက်ခံခိုင်းကာ ၁၉၇၄- ခုနှစ် ဇန်နဝါရီလ (၃) ရက်နေ့တွင် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် (Socialist Republic Of the Union Of Burma) ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ကို အတည်ပြုပြဌါန်းလိုက်ကြသည်။ ဤနှစ်ဇန်နဝါရီလ၊ ဖေဖေါ်ဝါရီလနှင့် မတ်လများတွင်ပင် ရွေးကောက်ပွဲပြု လုပ်ခဲ့ရာ စစ်အရာရှိကြီးများသာပါဝင်သော စစ်အစိုးရသစ်တက်လာခဲ့သည်။ ဒီမိုကရေစီနှင့် တန်းတူရေးကိုအ ခြေခံသည့် ပြည်ထောင်စုရှင်သန်ရေးနှင့် ပိုမိုအလှမ်းဝေးကွာခဲ့သည်။ ဤဖွဲ့စည်းအုပ်ချုပ်ပုံစနစ်အရတိုင်း (၇) တိုင်း၊ ပြည်နယ် (၇) ပြည်နယ်သတ်မှတ်ခဲ့ပြီး တိုင်းနှင့် ပြည်နယ်ကိုအ ဆင့်အတန်းတူအဖြစ်သတ်မှတ်ကာ တိုင်းရင်းသားများအား လွှမ်းမိုးချယ်လှယ်ချုပ်ကိုင်းခဲ့ကြသည်။ ပြည်သူ့ လွှတ်တော်သည် အာဏာအမြင့်ဆုံးအ ဖွဲ့ဖြစ်လာပြီး အစိုးရနှင့် ပါတီ ၂ ခုစလုံးကို စစ်တပ်မှလွှမ်းမိုးထားခဲ့သည်။ ဗခကနေဝင်းသည် နိုင်ငံတော်သမ္မ တနှင့် ပါတီဥက္ကဌကြီးအဖြစ် တင်မြောက်ခြင်းပြုခဲ့ကြသည်။ ဥပဒေတွင်လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာစုဝေးခွင့်၊ လွတ်လပ်စွာအဖွဲ့အစည်းဖွဲ့ပိုင်ခွင့်၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အခွင့်အရေးများ၊ စီးပွားရေးအခွင့်အရေးများဖွင့်ပေးခဲ့သော်လည်း တဖက်တွင် အချက် (၄) ချက်ဖြင့် ကန့်သတ်ဘောင်ခတ်ထားခဲ့သည်။ အဆိုပါ (၄) ချက်မှာ အချုပ်အခြာအာဏာမထိပါးရ၊ ဆိုရှယ် လစ်မူကို မထိခိုက်ရ၊ အမျိုးသားစည်းလုံးညီညွတ်ရေးကို မထိခိုက်ရ၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မထိခိုက် ရစသည်တို့ ဖြစ်သည်။ ၁၉၆၂- ခုနှစ်မှ ၁၉၇၁- ခုနှစ်အထိ ကုလသမ္မဂ္ဂ၏အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သော ဦးသန့်သည် ၁၉၇၄- ခုနှစ်တွင် ကွယ်လွန်သွားခဲ့ရာ ကုလသမ္မဂ္ဂဌါနချုပ်မှ မြန်မာနိုင်ငံသို့သဂြိင်္ုလ်ရန် ယူဆောင် လာခဲ့သည်။ မဆလစစ်အစိုးရအနေဖြင့် ဦးသန့်၏ရုပ်အလောင်းကို ကြံတောသုသာန်၊ ဦးနေဝင်း၏ပထမဆုံးဇနီး ဒေါ်ခင်မေသန်း၏ သချိုင်္င်းနားတွင် သဂြိုင်္လ်ရန်စီစဉ်ခဲ့သဖြင့် ကျောင်းသားရှင်လူရဟန်းပြည်သူများ အမြတ်ဒေါ သထွက်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏ဂုဏ်ရောင်ပြောင်ကြယ်တပွင့်အဖြစ် ကုလသမ္မဂ္ဂတွင် စွမ်းစွမ်းတမံဆောင် ရွက်ခဲ့သောပုဂ္ဂိုလ်အား အာဇာနည်ကုန်းတွင်သဂြိင်္ုလ်ခြင်းမပြုသဖြင့် ကျောင်းသားများဦးဆောင်ကာ ရုပ်အ လောင်းအားသဂြိင်္ုလ်မည့်ရက် ၁၉၇၄- ခုနှစ် ဒီဇင်ဘာလ (၅) ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်သို့ယူဆောင် လာပြီး ဘွဲ့နှင်းသဘင်ခန်းမဆောင်အောက်ထပ်ဆုံးအဆောင်တွင် ပြည်သူအပေါင်းဂါရဝပြုနိုင်ရေးအတွက် ပြင် ဆင်ထားရှိခဲ့သည်။ ကျောင်းသားများအနေဖြင့် ပြည်သူလူထု၏ထောက်ခံမှုကိုရရှိကြပြီး အလုပ်သမားထုသည် လည်း ပါဝင်လာခဲ့သည်။ နေ့စဉ်ကျောင်းသားပေါင်း ၆၀၀၀ ၏ စားရေးသောက်ရေးကို တပတ်နီးပါးပြည်သူလူ ထုကထောက်ပံ့ခဲ့ကြပြီး ဦးသန့်ရုပ်အလောင်းကို နေ့စဉ်ထောင်နှင့်ချီ၍ ဂါရဝပြုလာခဲ့ကြသည်။ ၁၉၇၄- ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ဖောက်ခွဲဖျက်ဆီးခံခဲ့သည့် ကျောင်းသားသမ္မဂ္ဂအဆောက်အဦးမြေနေရာတွင် သဂြိုင်္လ်ခဲ့ကြသည်။ ဒီဇင်ဘာလ (၁၁) ရက်နေ့၊ မနက် (၅) နာရီတွင် တက္ကသိုလ်ကျောင်းဝင်းအတွင်းသို့ တပ်မတော်သား များဝင်လာပြီး ဦးသန့်၏ရုပ်အလောင်းကို မြေတူးစက်ဖြင့်တူးဖော်ခဲ့ရာ ကျောင်းသားများကဟန့်တားခဲ့သော် လည်း စစ်တပ်မှပစ်ခတ်မှုကြောင့် မတားဆီးနိုင်ခဲ့ဘဲ ကျောင်းသားအမြောက်အမြားကျဆုံးခဲ့သည်။ အများအပြား အဖမ်းအဆီးခံခဲ့ကြသည်။ ဤဦးသန့်အရေးအခင်းသည် တပြည်လုံးသို့ပြန့်သွားနိုင်ခဲ့ခြင်းမရှိသော်လည်း နိုင်ငံတ ကာ၏ အရေးစိုက်လာမှုကို ရရှိနိုင်ခဲ့သည်။ ၁၉၇၆- ခုနှစ်တွင် အရပ်သားလက်သို့အာဏာပြန်အပ်ချင်သောအရာရှိငယ်များ၏ ပုန်ကန်မှုဖြစ်ပွားခဲ့ရာ အချိန်မှီတားဆီးနိုင်ခဲ့သဖြင့် ဦးဆောင်ဦးရွက်ပြုသူဗိုလ်ကြီးအုန်းကျော်မြင့်အား သေဒဏ်ပေးလိုက်ပြီးအတော် များများကို ဖမ်းဆီးခဲ့ကြသည်။ ကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးတင်ဦးသည်လည်း ရာထူး မှအဖြုတ်ခံခဲ့သည်။ ဤကဲ့သို့ တပ်မတော်မကျေမနပ်မှုများအထိရှိလာခဲ့သည်ကိုထောက်၍ တိုင်းပြည်အခြေအ နေကို အားအလိုအားမရဖြစ်နေကြသည့် အမာခံအင်အားစုတပ်မတော်ထဲတွင် ရှိလာသည်ကိုတွေ့ရှိရသည်။ ဗခကနေဝင်းအနေဖြင့် ၁၉၈၁- ခုနှစ်တွင် ဒုတိယဥက္ကဌရာထူးကိုဖန်တီးပေးကာ ပါတီဒုတိယဥက္ကဌနေရာတွင် ဗခကစန်းယုအားတာဝန်ပေးအပ်ခဲ့သည်။ သို့သော် နိုင်ငံတော်အစိုးရဦးဆောင်သူနှင့် ပါတီဦးဆောင်မှုအခန်း ကဏ္ဍအားလုံးကို ဗခကနေဝင်းကပင် ဆက်လက်ကိုင်ထားဆဲဖြစ်သည်။ ၁၉၈၂- ခုနှစ်တွင် တပ်မတော်၏အရှိန် အဝါအာဏာအဆမတန်မြင့်မားနေမှုကို ထိမ်းချုပ်နိုင်ရန်နှင့် အာဏာချိန်ခွင်လျှာညီမျှနိုင်ရေးအတွက် ပြည်ထဲ ရေးဝန်ကြီးဌါနဦးဘိုနီနှင့် စစ်ထောက်လှမ်းရေးအကြီးအကဲ ဗမခတင်ဦးတို့မှ ကြိုးပမ်းလာခဲ့သည်။ ၎င်းတို့၏ အကြံအစည်အရ ပြည်ထဲရေးဝန်ကြီးဌါနလက်အောက်ခံပြည်သူ့ရဲတပ်ဖွဲ့နှင့် စစ်ထောက်လှမ်းရေးတပ်ဖွဲ့အား လက်နက်အင်အား၊ လူအင်အား၊ အတတ်ပညာပိုင်းဆိုင်ရာတည်ဆောက်ရန် ဖြစ်သည်။ ဤသို့ အကြံအ စည်ဖြင့်ကြိုးပမ်းနေစဉ် ၁၉၈၂- ခုနှစ်တွင် သတင်းပေါက်ကြားမှုကြောင့် ပြည်ထဲရေးဝန်ကြီးဌါနဝန်ကြီး ဦးဘိုနီနှင့် စစ်ထောက်လှမ်းရေးဦးစီးချုပ် ဗမခတင်ဦးတို့အား ဖမ်းဆီးအရေးယူခဲ့ပြီး ၎င်းတို့နှင့် ဆက်သွယ်မှုရှိသည်ဟု ယူဆသောအရာရှိကြီး၊ အရာရှိငယ်များအထိ တသီတသန်းကြီးအရေးယူမှုပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်များမှအာဏာသိမ်းပြီးနောက်ပိုင်းတိုင်းပြည်ကို ဆိုရှယ်လစ်စီးပွားရေးစနစ်ဖြင့် ပြုပြင်မှု များပြုလုပ်ခဲ့ရာ ပုဂ္ဂလိကပိုင်အားလုံးပြည်သူပိုင်အဖြစ် သိမ်းပိုက်လိုက်ပြီးဗဟိုမှစီးပွားရေးအဆောက်အဦး၊ အား လုံးထိမ်းချုပ်လိုက်သည်။ သွင်းကုန်ထုတ်ကုန်အားလုံးလည်း အစိုးရမှထိန်းချုပ်ခဲ့သည်။ နိုင်ငံ၏အဓိကအား ထားရသော ဆန်၊ စပါးများကိုလည်း အစိုးရမှဈေးနှုန်းသတ်မှတ်ပေးကာ အစိုးရအဝယ်ဒိုင်များသို့ အတင်းရောင်း ဝယ်မှုပြုလုပ်စေခဲ့သည်။ ဤသို့ဖြင့် ဗဟို၏စီးပွားရေးတစ်ခုလုံးချုပ်ကိုင်မှုကြောင့် ကုန်ထုတ်လုပ်မှုကျဆင်းကာ စီးပွားရေးတစ်ခုလုံးချုပ်ကိုင်မှုကြောင့် ကုန်ထုတ်မှုကျဆင်းကာ စီးပွားရေးတဖြည်းဖြည်းကျဆင်းလာခဲ့သည်။ ဆန်စပါးပေါ်ကြွယ်ဝခဲ့သော နိုင်ငံဖြစ်ခဲ့သော်လည်း၊ ၁၉၈၅- ခုနှစ် လောက်တွင် ပြည်တွင်းစားသုံးမှုတွင်ပင် ဖူလုံ မှုမရှိတော့ဘဲ ဈေးအဆမတန်ဖြင့်ဝယ်ယူကြရသည့်အဆင့်သို့ ရောက်ရှိခဲ့သည်။ ၁၉၆၀- ခုနှစ်လောက်တွင် ဆန်တစ်ကီလိုဂရမ်လျှင် ကျပ် ၀.၅ ရှိခဲ့ရာမှ ၁၉၇၀- ခုနှစ်တွင် ကျပ် ၇. ၅၀ ထိရှိခဲ့ပြီး ၁၉၈၅- ခုနှစ်တွင် ကျပ် ၁၅- အထိ မြင့်တက်လာခဲ့သည်။ စက်မှုလုပ်ငန်းကဏ္ဍတွင်လဲ ကုန်ထုတ်လုပ်မှုအထူးကျဆင်းခဲ့သည်။ ဥပမာ- ရေနံကုပ္မဏီအနေဖြင့် ၁၉၇၀- ခုနှစ်တွင် ရေနံဆီပီပါ ၃၀၀၀၀- ထုတ်လုပ်နိုင်ခဲ့ရာမှ ၁၉၈၆- ၈၇ ခုနှစ်တွင် တနေ့လျှင်ရေနံဆီပီပါ ၁၄၀၀၀ အထိသာ ထုတ်လုပ်နိုင်ခဲ့သည်။ ဤသို့ဖြင့် မြန်မာနိုင်ငံသည် ၁၉၈၇- ခုနှစ်တွင် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ (၁၀) နိုင်ငံထဲတွင် အပါအဝင်ဖြစ်လာခဲ့သည်။ မှောင်ခိုစီးပွားရေးအဆမတန်မြင့်တက်လာခဲ့ပြီး မှောင်ခိုစီးပွားရေး သည် တိုင်းပြည်၏စီးပွားရေးတခုလုံးကို လွှမ်းမိုးလာခဲ့သည်။ ငွေကြေးဖောင်းပွမှုအလွန်မြင့်မားလာခဲ့ရာ ငွေတန်ဖိုးအထူးနိမ့်ကျလာခဲ့သည်။ ဤသို့ဖြင့် စစ်အစိုးရအ နေဖြင့် ဤနှစ်တွင်ပင် ကျပ်- ၁၀၀ တန်နှင့် ကျပ် - ၅၀ တန်ကို တရားမဝင်အဖြစ်ကြေညာ၍ မှောင်ခိုစီးပွားရေး ကျဆင်းစေရန်နှင့် ငွေတန်ဖိုးကိုမြှင့်တင်ရန် ကြိုးပမ်းလာခဲ့သည်။ သို့သော်၎င်းတို့၏ အထင်အမြင်လုံးလုံးလျား လျားကွဲလွဲသွားခဲ့သည်မှာ မှောင်ခိုစီးပွားရေးလုပ်ငန်းတွင် မထိခိုက်ဘဲ ဆင်းရဲသားပြည်သူလက်လုပ်လက်စား များနှင့် အစိုးရအမှုထမ်းများသာ အလူးအလဲခံခဲ့ကြရသည်။ တိုင်းပြည်တွင်အစိုးရကို မကျေနပ်မှုများ အထူးများ ပြားလာခဲ့သည်။ ၁၉၈၇- ခုနှစ်တွင် ပုဂ္ဂလိကလက်ထဲတွင် သွင်းကုန်ထုတ်လုပ်ငန်းများအားလုံးလွှဲအပ်ခဲ့ပြီး စီး ပွားရေးအဆောက်အအုံအနည်းငယ်ပြောင်းလဲမှုလုပ်ခဲ့သော်လည်း ရက်အနည်းငယ်အတွင်း ၇၅- ကျပ်တန်၊ ၃၅- ကျပ်တန်၊ ၂၅- ကျပ်တန်များကို တရားမဝင်ငွေစက္ကူအဖြစ် ကျေညာပြန်ရာ မှောင်ခိုစီးပွားရေးလုပ်ငန်းသည် အထွတ်အထိပ်သို့ရောက်လာခဲ့သည်။ ဤအကြိမ်တွင်လည်း မှောင်ခိုလုပ်ငန်းရှင်ကြီးများဖြင့် ငွေကြေးကိုလက် ဝယ်မထားကြဘဲ ကုန်ပစ္စည်းဖြင့်သာစုဆောင်းထားရှိကြသောကြောင့် ထိခိုက်နစ်နာမှုမရှိဘဲ သာမန်ပြည်သူများ သာ ထိခိုက်နစ်နာလာခဲ့ပြန်သည်။ ဤအကြိမ်တွင် ကျောင်းသားများပြည်သူများ၏ မကျေနပ်ချက်သည် တ ဖြည်းဖြည်းပေါက်ကွဲမည့်အဆင့်တို့ ရောက်ရှိခဲ့သည်။ ၁၉၈၇- ခုနှစ်စစ်အစိုးရအနေဖြင့် ကမ္ဘာ့ကုလသမ္မဂ္ဂသို့ မြန် မာနိုင်ငံအား ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (Least Developed Country ) စာရင်းတွင် လက်ခံပေးပါရန် တောင်း ဆိုလာခဲ့သည်။ ကမ္ဘာ့ကုလသမ္မဂ္ဂမှာ ၁၉၈၈ အစောပိုင်းတွင် အထွေထွေညီလာခံကျင်းပရာမှ မြန်မာနိုင်ငံအား ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (Least Developed Country (LDC) ) အဖြစ် လက်ခံခဲ့သည်။ ၁၉၈၇- ခုနှစ်အထိ မြန် မာနိုင်ငံ၏နိုင်ငံခြားကြွေးမှီမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၃.၇ အထိ ရှိလာခဲ့သည်။ ဤသို့ဖြင့် နိုင်ငံ၏ ၉၀% သော လူဦးရေရှိသည့် တောင်သူလယ်သမားများ၊ အလုပ်သမားများနှင့် ရာထူးနိမ့်အမှုထမ်းများ (low ranking employees) သည် စားဝတ်နေရေးပြသာနာနှင့် စီးပွားရေးကျပ်တည်း သည့်ပြသာနာကို အထူးအလဲခံနေခဲ့ကြသည်။ နိုင်ငံသားတို့၏ အခြေခံလိုအပ်ချက်ဖြစ်သည့် ပညာရေးနှင့် ဆေး ဝါးကုသမှုအပိုင်းတွင်မူ မေးစရာမရှိလောက်အောင် ချို့တဲ့နေကြပေသည်။ ၁၉၈၈- ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံ ၁၉၈၈- ခုနှစ်၊ မတ်လတွင် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတစုနှင့် အရပ်သားများအကြား လက်ဖက်ရည်ဆိုင်တွင် ခိုက်ရန်ဖြစ်ပွားရာမှ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများနှင့် မြို့နေလူငယ်များ အကြားပြသာနာရှိခဲ့ရာ စစ်တပ်မှ အကြမ်းဖက်နှိမ်နှင်းမှုကြောင့် စက်မှုတက္ကသိုလ်ကျောင်းသားမောင်ဖုန်းမော် ကျဆုံးသွားခဲ့သည်။ ဤသို့ စစ်တပ်မှ အကြမ်းဖက်နှိမ်နှင်းမှုကိုမကျေနပ်၍ ပြသာနာသည်ရန်ကုန်တက္ကသိုလ် (ပင်မ) အထိ ပြန့်နှံ့လာခဲ့ရာ ကျောင်းသားလှုပ်ရှားမှုသည် ပို၍ကြီးမားလာခဲ့သည်။ ဤကဲ့သို့ (၁၂) ရက်ကြာ ပြသာနာဖြစ်ပေါ်ခဲ့ပြီး စစ်အာဏာပိုင်များမှ တက္ကသိုလ်အားလုံးပိတ်ပစ်ခဲ့ကြသည်။ ဤအရေးအခင်းအားလည်း အစိုးရမှအရေးတယူစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးမည်ဟု အာမခံပေးခဲ့သည်။ ၁၉၈၈- ခုနှစ်၊ ဇွန်လတွင် တက္ကသိုလ်များပြန်လည်ဖွင့်လှစ်လိုက်သောအခါ အစိုးရမှစုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်၍ရှင်းလင်းချက်မပေးသည့်အပြင် ပျောက်ဆုံးသွားသောကျောင်းသားများ ကျဆုံးသွားသောကျောင်း သားများ၊ ဖမ်းဆီးသွားသောကျောင်းသားများနှင့် ပတ်သက်၍ သတင်းတစုံတရာမထုတ်ပြန်ခဲ့သဖြင့် ကျောင်း သားလူငယ်များမှကျဆုံး၊ ပျောက်ဆုံး၊ ဖမ်းဆီးကျောင်းသားများနှင့် ပတ်သက်၍ စုံစမ်းမှုများပြုလုပ်ခဲ့သည်။ ဤ ကဲ့သို့ ကျောင်းသားများအရေးဆိုလာမှုကို စစ်တပ်မှအကြမ်းနည်းဖြင့် နှိမ်နှင်းပြန်ရာ ကျောင်းသား (၂၀) ကျော် ကျဆုံး၍ အများအပြားဖမ်းဆီးခဲ့ပြီး တက္ကသိုလ်အားလုံးပိတ်ပစ်ခဲ့သည်။ ဤကဲ့သို့ စစ်တပ်မှအကြမ်းဖက်၍ ကျောင်းသားများအား နှိမ်နှင်းခဲ့မှုကြောင့် တပြည်လုံးမကျေမနပ်ဖြစ်လာခဲ့ကြသည်။ (၅၆) နှစ်လုံးလုံးအခြေခံလူ့ အခွင့်အရေးဆိုက်သုန်းခဲ့ရသည့်အပြင် စီးပွားရေးအလွန်အမင်းကျဆင်းမှုကြောင့် ပြည်သူများအနေဖြင့် အစိုးရ အပေါ်မကျေမနပ်ဖြစ်မှုသည်လည်း အထွတ်အထိပ်သို့ ရောက်လာခဲ့သည်။ ၁၉၈၈- ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ၏ ပါတီညီလာ ခံကျင်းပခဲ့ပြီး ထိုညီလာခံတွင် ဗိုလ်ချုပ်ကြီးနေဝင်းမှ အနားယူတော့မည်ဖြစ်ကြောင်း ညီလာခံတက်ရောက် သူ များအား မိန့်ခွန်းပြောကြားခဲ့သည်။ ၎င်းအပြင် ဗဟိုချုပ်ကိုင်သော စီးပွားရေးစနစ်မှဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလဲရန်နှင့် ပြည်သူများအနေဖြင့် တပါတီစနစ်နှင့် ပါတီစုံစနစ်များတွင် မည်သည့်စနစ်ကိုပိုမိုနှစ်သက် သည်ကို ရွေးချယ်ခွင့်များပေးရန်အတွက် အကြံညဏ်ပေးမြွက်ကြားခဲ့သည်။ တဖက်တွင်ပြည်သူများအနေဖြင့် ငြိမ်ငြိမ်သက်သက်နေကြရန်နှင့် ထိုသို့မဟုတ်ကတပ်မတော်ဆိုတာပစ်ရင်း ခေါင်းပေါ်မပစ်ဘူးတည့်တည့်ပစ် တယ်ဟု တဖက်ကခြိမ်းခြောက်ခဲ့ပြန်သည်။ ဤမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီအစည်းအဝေးတွင်ပင် ဦးနေဝင်း ၏နှုတ်ထွက်မှုကို လက်ခံခဲ့ကြပြီး ပါတီဥက္ကဌနှင့် နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်ကြီးစိန်လွင်ကို ရွေးချယ်ခဲ့ကြ သည်။ ဗိုလ်ချုပ်ကြီးစိန်လွင်အနေဖြင့် ပြည်သူများ၏ဆန္ဒသဘောထားကို သိရှိနိုင်ရန်အတွက် စုံစမ်းရေးကော်မီ တီတရပ်ကို ဖွဲ့စည်းကာပြည်သူ့ဆန္ဒကိုရယူရန် ကြိုးပမ်းခဲ့သည်။ ဤသို့ဖြင့် နိုင်ငံရေးသဘောကို အလိမ္မာနည်း ဖြင့်ဆက်လက်စွဲကိုင်နိုင်ရန်ကြိုးပမ်းခဲ့ကြသော်လည်း အာဏာရှင်တပါတီစနစ်နှင့် စစ်အုပ်ချုပ်ရေးကို အလွန်ခါး သီးနေကြသောပြည်သူများအနေဖြင့် အာဏာရှင်စနစ်ကို အမြစ်ပါမကျန်တွန်းလှန်ရန်အတွက် ၁၉၈၈- ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့တွင် တစ်ပြည်လုံးအတိုင်းအတာဖြင့် ဒီမိုကရေစီအုံကြွမှုကြီး (ရှစ်လေးလုံးအရေးအခင်း ကြီး) ကို စတင်တိုက်ပွဲဝင်လာခဲ့ကြသည်။ ဤဒီမိုကရေစီအုံကြွမှုကြီးအား စစ်တပ်မှအကြမ်းဖက်နှိမ်နှင်းခဲ့သဖြင့် ပြည်သူထောင်ပေါင်းများစွာ သေကြေခဲ့ကြသည်။ ဒီမိုကရေစီတိုက်ပွဲအရှိန်အဟုန်းသည် ပိုမိုပြင်းထန်လာခဲ့သ ဖြင့် ၁၉၈၈ - ခုနှစ်၊ သြဂုတ်လ (၁၂) ရက်နေ့တင် ဗိုလ်ချုပ်ကြီးစိန်လွင်နှုတ်ထွက်ပေးခဲ့ရပြီး ဒေါက်တာမောင် မောင်ပါတီဥက္ကဌနှင့် နိုင်ငံတော်သမ္မတဖြစ်လာခဲ့သည်။ ဒေါက်တာမောင်မောင်အနေဖြင့် ပြည်သူ့ထံသို့ မိန့်ခွန်း ပြောကြရာတွင် ရွေးကောက်ပွဲလုပ်ပေးမည်ဖြစ်ကြောင်းဂတိပေးပြောကြားခဲ့သော်လည်း ပြည်သူများအနေဖြင့် စစ်အာဏာရှင်အစိုးရ၏ ပြုလုပ်ပေးမည့်ရွေးကောက်ပွဲနှင့် ပြုပြင်ပြောင်းလဲမှုကို လက်မခံခဲ့ကြဘဲ အာဏာရှင် ဖြုတ်ချရေးအတွက် ဆက်လက်တိုက်ပွဲဝင်လာခဲ့ကြသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက် မြန်မာနိုင်ငံအခြေအနေ ၁၉၈၈- ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့တွင် ဗိုလ်ချုပ်ကြီးစောမောင်ဦးဆောင်သော စစ်တပ်မှအာဏာပြန် လည်သိမ်းပိုက်ခဲ့ပြီး ဒုတိယအကြိမ်စစ်အာဏာရှင်လက်သို့ ပြန်လည်ကျရောက်သွားခဲ့သည်။ ဒီမိုကရေစီအရေး အဆိုခဲ့ကြသော ပြည်သူ့ထောင်ပေါင်းများစွာအား ရက်ရက်စက်စက်နှိမ်နှင်းခဲ့ပြီး လက်ချီးဗလာဖြစ်နေသည့် ပြည်သူများထောင်ပေါင်းမက အသက်ပေးလျူခဲ့ကြသည်။ ၁၉၈၈- ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့စစ်တပ်မှအာဏာသိမ်းသည့်နေ့တွင်ပင် ဗိုလ်ချုပ်ကြီးစော မောင်မှ တပြည်လုံးသို့အသံလွှင့်ပြောကြားခဲ့ရာ ၎င်းတို့အာဏာရယူစဉ်ကာလအတွင်း တာဝန်ကြီး (၄) ရပ်ကို ထမ်းဆောင်မည်ဟု အမိန့်အမှတ်- ၁/ ၈၈ အရ ကြေငြာခဲ့သည်။ ၎င်းတို့မှာ- (၁) နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးတည်ဆောက်ရန်။ (၂) လုံခြုံရေးနှင့် ဆက်သွယ်ရေးကောင်းမွန်စေရန်။ (၃) စားဝတ်နေရေးအဆင်ပြေချောမွေ့စေရန်။ (၄) ပါတီစုံရွေးကောက်ပွဲကျင်းပပေးရန် တို့ဖြစ်ကြောင်းပြောကြားခဲ့သည်။ လအနည်းငယ်အတွင်းတွင် ရွေးကောက်ပွဲဝင်ရောက်နိုင်ရေးအတွက် ပါတီများအားမှတ်ပုံတင်ခိုင်းကာ ရွေးကောက်ပွဲဥပဒေများရေးဆွဲပြဌါန်းခဲ့သည်။ အရင်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီ (NATIONAL UNITY PARTY) အဖြစ်သို့ ပြန်လည်ဖွဲ့စည်းခဲ့ပြီး (မဆလ) ပါတီပိုင်ပစ္စည်း အားလုံးကို အမွေဆက်ခံခဲ့သည်။ ဒီမိုကရေစီအင်အားစု၏ အကြီးဆုံးပါတီအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NATIONAL LEAGUE FOR DEMOCRACY) ကို ဦးတင်ဦး၊ ဒေါ် အောင်စန်းစုကြည်တို့ဦးဆောင်ကာ ရွေးကောက်ပွဲဝင်ရန် စိုင်းပြင်းလှုပ်ရှားခဲ့သည်။ ရွေးကောက်ပွဲဝင်ရောက်နိုင်ရေးအတွက် တပြည်လုံးမှ (၂၃၃) ပါတီမှတ်ပုံတင်ခဲ့ရာ နဝတရွေးကောက်ပွဲကော်မီရှင်မှ (၉၃) ပါတီကို ရွေးကောက်ပွဲဝင်ရောက်ခွင့်ပြုခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တပြည်လုံး၏ထောက်ခံမှုကို တခဲနက်ရရှိခဲ့ပြီးအင်အားအကောင်းဆုံး အခြေ အနေသို့ ရောက်ရှိလာသောအခါ စစ်အစိုးရမှပါတီခေါင်းဆောင်များဖြစ်သော ဦးတင်ဦးအားဖမ်းဆီးအကျဉ်းချ ထားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်ဖြင့်သူမ၏နေအိမ်တွင်ချုပ်ထားခဲ့ကာ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲမဲဆွယ်မှုကို အမျိုးမျိုးနှောင့်ယှက်ဖျက်ဆီးခဲ့သည်။ သို့သော် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ကို ဦးကြည်မောင်နှင့် ဦးချစ်ခိုင်တို့မှဆက်လက်ဦးဆောင်၍ ၁၉၉၀- ခုနှစ်၊ မေလ (၂၇) ရက်နေ့ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ရွေးကောက်ပွဲရလဒ်ထွက်ပေါ်လာသောအခါ ပြည် သူ့လွှတ်တော်အမတ်နေရာ (၄၈၅) ရှိသည့်အနက် အမတ်နေရာ (၃၉၂) နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ အနိုင်ရရှိခဲ့ပြီး တိုင်းရင်းသားဒီမိုကရေစီအင်အားစုများမှ အမတ်နေရာ (၆၂) နေရာတွင် အနိုင်ရရှိခဲ့သည်။ မဆလ တဖြစ်လဲ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအနေဖြင့် အမတ်နေရာ (၁၀) နေရာတွင်သာ အနိုင်ရ ရှိခဲ့သည်။ ၁၉၉၀- ခုနှစ်၊ အထွေထွေရွေးကောက်ပွဲကျင်းပပြီး ရွေးချယ်တင်မြောက်ခံကိုယ်စားလှယ်များကို အာ ဏာလွှဲပြောင်းရေးသည် ၎င်းတို့၏နောက်ဆုံးတာဝန်ဖြစ်ကြောင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ နဝတက အာဏာသိမ်းသည့်နေ့တွင်ပင် ကျေညာခဲ့ပြီးရွေးကောက်ပွဲမတိုင်မီနဝတ၏ တရားဝင်ထုတ်ပြန်ချက် များအရ အခြေခံဥပဒေရေးဆွဲရေးသညိ နဝတ (သို့မဟုတ်) တပ်မတော်၏အလုပ်မဟုတ်ဘဲ ရွေးချယ်တင် မြောက်ခံကိုယ်စားလှယ်များ၏ တာဝန်သာဖြစ်ကြောင်း သိသာထင်ရှားခဲ့သည်။ သို့သော် ရွေးကောက်ပွဲတွင် နဝတမထင်မှတ်သည့်ရလဒ်ဖြစ်လာသောအခါ နိုင်ငံတော်အာဏာကိုလက်ဝါးကြီးအုပ်နိုင်ရန် နဝတအလိုကျနိုင် ငံရေးစနစ်ကို ဖေါ်ဆောင်နိုင်မည့်အမျိုးသားညီလာခံတရပ်ကို ကျင်းပခြင်းဖြင့် စစ်အစိုးရက ပြင်ဆင်လေတော့ သည်။ ၁၉၉၀- ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့တွင် နဝတအနေဖြင့် အမိန့်အမှတ် - ၁/ ၉၀ ကို ထုတ်ပြန်ရာ ရွေးချယ်တင်မြောက်ခံကိုယ်စားလှယ်များ၏ တာဝန်သည်အာဏာလွှဲပြောင်းယူရန် မဟုတ်ဘဲ ခိုင်မာသောအ ခြေခံဥပဒေတရပ်ရေးဆွဲရန်သာဖြစ်သည်ဟု ဖေါ်ပြထားခဲ့သည်။ နဝတအနေဖြင့် ပြည်သူ့ကိုယ်စားလှယ်များ စည်းဝေးကျင်းပခွင့်ကိုပင် ခွင့်ပြုခြင်းမရှိခဲ့ပေ။ ဤကဲ့သို့ နဝတမှပြည်သူ့ကိုယ်စားလှယ်များအား အစည်းအဝေးများပြုလုပ်ရန်ပိတ်ပင်သည့်ကြားမှ အ စည်းအဝေးများပြုလုပ်ခဲ့ပြီး ၁၉၉၀- ခုနှစ်၊ သြဂုတ်လ (၂၉) ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ၏ လက်ငင်း နိုင်ငံရေးအခြေအနေများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့၏ ဗိုလ်အောင်ကျော်လမ်းပူးတွဲကြေညာချက်အမှတ် (၁) ကို ထုတ်ပြန်ခဲ့သည်။ ၎င်းသ ဘောထားကြေညာချက်မှာ- (က) (၁) ကျင်းပပြီးစီးခဲ့သာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပြီး ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေအခန်း (၂) ပုဒ်မ (၃) အရပြည်သူ့လွှတ်တော်ကို ၁၉၉၀- ပြည့်နှစ်၊ စက်တင်ဘာလအတွင်း ခေါ်ယူဖွဲ့စည်း ရန်အတွက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သို့ တောင်းဆိုကြောင်း။ (၂) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လုံးလုံးလျားလျားအများစုအနိုင်ရရှိခဲ့သော အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၏ အာဏာပိုင်ကိုယ်စားလှယ်အဖွဲ့နှင့် နဝတအာဏာပိုင်ကိုယ်စားလှယ်အဖွဲ့ကို အမြန်ဆုံးတွေ့ဆုံ ညှိနှိုင်းရေးအတွက် တိုက်တွန်းကြောင်း။ (၃) မြန်မာနိုင်ငံ၏ လောလောဆယ်အကျိုးစီးပွားနှင့် ရေရှည်အနာဂတ်အကျိုးစီးပွားများကို ရှေ့ရှု၍အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်နှင့် တကွ နိုင်ငံရေးအ ကျဉ်းသားအားလုံးလွတ်မြောက်ရေးကို ဆောလျင်စွာဆောင်ရွက်ပေးရန် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေးအဖွဲ့သို့ တိုက်တွန်းကြောင်း။ (၄) ဒီမိုကရေစီအခွင့်အရေးများရရှိရေးနှင့် ပြည်သူ့လွတ်လပ်ခွင့်ကန့်သတ်ထားမှုကို ရုတ်သိမ်းပေးရေးအတွက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သို့ တောင်းဆိုကြောင်း။ (ခ) ပြည်သူ့လွှတ်တော်ပေါ်ပေါက်လာပြီးလျှင် ပြည်သူ့လွှတ်တော်ကတင်မြောက်သော အစိုးရဖွဲ့စည်းပြီးလျှင် အမြန်ဆုံးသောကာလအတွင်း ပြည်သူ့လွှတ်တော်၏ ဦးဆောင်မှုဖြင့်တိုင်းရင်းသားလူမျိုးများနှင့် ပါဝင်သင့်ပါဝင် ထိုက်သော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များပါဝင်သည့်အမျိုးသားညှိနှိုင်းမှုညီလာခံကြီးတရပ်ကျင်းပ၍ ပြည် ထောင်စုထူထောင်ရေးအတွက် လမ်းညွှန်မှုများချမှတ်ရမည်။ ယင်းလမ်းညွှန်မှုများနှင့် အညီပြည်သူ့လွှတ်တော် ကရေရှည်တည်တံ့ခိုင်မြဲမည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်တရပ်ကို ရေးဆွဲပြဌါန်းအတည်ပြုမည်ဟု ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်တို့က တညီတညွတ်တည်းသဘောတူကြသည်။ (ဂ) တိုင်းရင်းသားလူမျိုးများသည် လူမျိုးရေးတန်းတူညီမျှမှု၊ နိုင်ငံရေးတန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌါန်းခွင့်အ ပြည့်အဝရရှိစေရမည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို အာမခံချက်ရှိသောပြည်ထောင်စုကို တိုင်းရင်းသား အားလုံးသွေးစည်းညီညွတ်စွာ ထူထောင်ရန်လိုအပ်ကြောင်း ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့တို့ တညီတညွတ်တည်းသဘောတူကြသည်။ ဤကဲ့သို့ ပြည်သူ့ကိုယ်စားလှယ်များ၏ တောင်းဆိုမှုကိုလိုက်လျောခြင်းမရှိဘဲ ၎င်းတို့၏လှုပ်ရှားမှုများကို ပိုမိုဖိနှိပ်ချုပ်ချယ်လာခဲ့သည်။ အချို့ရွေးကောက်ပွဲတွင် အနိုင်ရရှိသောပါတီငယ်လေးများအား တရားမဝင်ပါတီ အဖြစ် ကျေညာကာအရွေးချယ်ခ့ပြည်သူ့ကိုယ်စားလှယ်များအား ဖမ်းဆီးခြင်းများပြုလုပ်လာခဲ့သည်။ အတိုက်အ ခံအတော်များများနှင့် အရွေးချယ်ခံပြည်သူ့ကိုယ်စားလှယ်အချို့တို့သညိ တိုင်းပြည်မှထွက်ပြေးတိမ်းရှောင်ခဲ့ကြ သော မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီထွန်းကားရေးအတွက် အဖက်ဖက်မှကြိုးပမ်းလာခဲ့ကြသည်။ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအတွက် အခြေခံလမ်းညွှန်မှုများချမှတ်ပေးရန်အတွက် အမျိုး သားညီလာခံကို ၁၉၉၃- ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့တွင် စတင်ကျင်းပခဲ့သည်။ မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ် ရေးနှင့် အာဏာရှင်စံနစ်သက်ဆိုးရှည်ရေးကို အာမခံမည့်နိုင်ငံရေးစံနစ်တရပ်ကို အမျိုးသားညီလာခံအား အသုံး ချ၍ နဝတကအသုံးချရန် ရည်ရွယ်နေခြင်းဖြစ်သည်။ နဝတ၏ ကျေညာချက်အရ အခြေခံဥပဒေရေးဆွဲရေးမှာ ရွေးချယ်တင်မြောက်ခံကိုယ်စားလှယ်များ၏ တာဝန်ဖြစ်သည်ဟုဆိုသော်လည်း ညီလာခံကိုယ်စားလှယ် (၇၀၂) ဦးအနက် (၆၀၀) ကျော်မှာ နဝတစိတ်ကြိုက်ရွေးချယ်ထားသော ကိုယ်စားလှယ်များသာဖြစ်ခဲ့သည်။ ထို့အပြင် ညီလာခံရလဒ်ကိုထိရောက်စွာ လက်ဝါးကြီးအုပ်ချုပ်နိုင်ရန်အတွက် အမျိုးသားညီလာခံကျင်းပရေးလုပ်ထုံးလုပ် နည်းဥပဒေကိုလည်း နဝတစိတ်ကြိုက်ရေးဆွဲခဲ့သည်။ နဝတသည် ညီလာခံကျင်းပရခြင်းရည်ရွယ်ချက် (၆) ရပ် ကို အောက်ပါအတိုင်း အတိအလင်းကြေညာခဲ့သည်။ (၁) ပြည်ထောင်စုမပြိုကွဲရေး။ (၂) တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မပြိုကွဲရေး။ (၃) အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး။ (၄) စစ်မှန်သောပါတီစု ဒီမိုကရေစီစနစ်ထွန်းကားရေး။ (၅) နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်း ကားရေး။ (၆) နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကံဏ္ဍတွင် တပ်မတော်ကပါဝင်ထမ်းဆောင်နိုင်ရေး၊ ဆို သည်ကို မထိမခိုက်စေသောဘောင်အတွင်းမှသာ ပြုလုပ်ခွင့်ရှိသည်။ ကိုယ်စားလှယ်များ၏လွတ်လပ်စွာ ဆွေး နွေးပြောဆိုခွင့်ကို ညီလာခံကျင်းပရေးလုပ်ထုံးလုပ်နည်းများအရ တင်းကြပ်စွာတားမြစ်ထားသည်။ ကိုယ်စား လှယ်များသည် ၎င်းတို့၏ဆွေးနွေးမှုတွင် ပါဝင်သောအကြောင်းအရာများအတွက် မည်သည့်အချိန်၌မဆို အရေးယူရနိုင်သည်။ နဝတသည် ၎င်း၏အကျိုးစီးပွားကို ဖေါ်ထုတ်နိုင်ရန်အလို့ငှာ အလုံးစုံပြင်ဆင်မှုပြုပြီးသော အခြေအနေအောက်တွင်းမှ အမျိုးသားညီလာခံကို ကျင်းပခြင်းဖြစ်သည်။ နဝတ၏အမျိုးသားညီလာခံတွင်ပင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် အခြေခံရမည့်မှုများကို ချမှတ် ခဲ့ကာ စစ်တပ်အနေဖြင့်အနာဂတ်နိုင်ငံတော်ကို လက်ဝါးကြီးဆုပ်ကိုင်ရန်ချမှတ်အကောင်အထည်ဖော်ခဲ့သည်။ ၁၉၉၅- ခုနှစ်၊ ဇူလိုင်လတွင် ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။ ဒေါ်အောင်ဆန်းစု ကြည်အနေဖြင့် နဝတစစ်အစိုးရနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တိုက်ရိုက်ဆွေးနွေးမှုများပြုလုပ် ရန် တိုက်တွန်းခဲ့သော်လည်း နဝတအနေဖြင့် လိုက်လျောမှုမရှိဘဲ ငြင်းပယ်ခဲ့သည်။ ၁၉၉၅- ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့တွင် နဝတ၏အမျိုးသားညီလာခံသို့ တက်ရောက်ကြသောဦးအောင်ရွှေခေါင်းဆောင်သည့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ ညီလာခံကိုယ်စားများအားလုံးအမျိုးသားညီလာခံမှ နှုတ်ထွက်သွားခဲ့ကြသည်။ ဤသို့ နှုတ်ထွက်သွားရခြင်းအကြောင်းရင်းမှာ ဒီမိုကရေစီအခြေခံမူများနှင့် အညီ လိုက်လျောညီထွေမှုမရှိဘဲ တိုင်းရင်း သားလုပ်သားပြည်သူတရပ်လုံး၏ ဆန္ဒနှင့် ဆန့်ကျင်နေသောကြောင့်ဖြစ်သည်ဟု ထုတ်ဖော်ကြေညာ ခဲ့ကြသည်။ ဤသို့ ပြည်သူ့ကိုယ်စားလှယ်များနှုတ်ထွက်သွားလင့်ကစားနဝတအနေဖြင့် ဆက်လက်ညီလာခံ ကိုကျင်းပခဲ့ကြသည်။ ၁၉၉၆- ခုနှစ်၊ မေလ (၂၆- ၂၈) အကြားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီညီလာ ခံတရပ်ကို နဝတ၏အဖမ်းအဆီးကြားမှ ကျင်းပခဲ့ကြရာ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ရေးဆွဲဆုံးဖြတ်ချက် ချ မှတ်ခဲ့ကြသည်။ နဝတအနေဖြင့် အမိန့်အမှတ် - ၅/ ၉၆ ကို ထုတ်ပြန်ကာ အမျိုးသားညီလာခံအား နှောင့်ယှက် သည့် မည်သည့်လုပ်ရပ်ကိုမဆို ဤဥပဒေအရအရေးယူမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

No comments: