Tuesday, 15 October 2013

ခေါင်းဆောင်မှု ပညာ



မာတိကာ
အခန်း (၁)
၁။ ခေါင်းဆောင်မှု။
(က) ခေါင်းဆောင်။
(ခ) ခေါင်းဆောင်မှု ပေါ်ပေါက်လာပုံ။
(ဂ) ခေါင်းဆောင်မှု လိုအပ်လာပုံ။
(ဃ) ခေါင်းဆောင်မှု အနေအထား။
(င) ခေါင်းဆောင်မှု စွမ်းဆောင်မှု။
(စ) ကိုယ်ကျိုးစွန့် အနစ်နာခံမှု။
(ဆ) ခေါင်းဆောင်မှုနှင့် အာဏာ။



အခန်း (၂)
၁။ အခြေခံကျသော ခေါင်းဆောင်မှုစတိုင်ကျင့်စဉ်များ။
အခန်း (၃)
၁။ ခေါင်းဆောင်မှု၏ အခြေခံအရည်အချင်းများနှင့် သဘောတရားများ။
(က) ခေါင်းဆောင်မှုအခြေခံအရည်အချင်းများနှင့် သဘောတရားများ။
(ခ) ခေါင်းဆောင်မှု၌ ရှိအပ်သောအရည်အချင်း (၂၀) ချက်နှင့် စစ်ဘက်ခေါင်းဆောင်မှု အရည်အချင်း (၁၆) ချက်။
(ဂ) ခေါင်းဆောင်မှုကျင့်စဉ် (၁၂) ချက်။
(ဃ) ခေါင်းဆောင်များကျဆုံးမှု (၂၀) ချက်။
(င) ခေါင်းဆောင်မှုပေးနည်း (၃) မျိုး။
(စ) ခေါင်းဆောင်မှု ဗျူဟာအဖြာဖြာ။
(ဆ) ခေါင်းဆောင်မှု အမျိုးအစား။
(ဇ) ခေါင်းဆောင် အမျိုးအစား။
အခန်း (၄)
၁။ ခေါင်းဆောင်ကောင်း၊ ခေါင်းဆောင်စစ်နှင့် စစ်အာဏာရှင်ခြားနားချက်။
အခန်း (၁)
၁။ ခေါင်းဆောင်မှု။
(က) ခေါင်းဆောင်။
    ခေါင်းဆောင်ဆိုသည်မှာ အသင်းအဖွဲ့တခု (သို့) အဖွဲ့အစည်းတခု၏ ရည်ရွယ်ချက်ပန်းတိုင်တိုးတက် အောင်မြင်စေရန် ကိုယ်ကျိုးစွန့်အနစ်နာခံကာ ရှေ့ဆုံးမှဦးဆောင်ဦးရွက်ပြုကာ တာဝန်ခံခြင်းကို ခေါ်သည်။
(ခ) ခေါင်းဆောင်မှုပေါ်ပေါက်လာပုံ။
    လူဆိုသည်မှာ အဖွဲ့လိုက်နေထိုင်တတ်သော သတ္တဝါ၊ နေထိုင်သော သတ္တဝါဖြစ်သည်။ ထိုနည်းတူ ခေါင်းဆောင်မှုသည်လည်း လူသားတို့အဖွဲ့လိုက်နေထိုင်လာသော အချိန်မှစ၍ ပေါ်ပေါက်လာ ခြင်းဖြစ် သည်။ ဥပမာ- လူ့အဖွဲ့အစည်း၏ အနည်းဆုံးအဖွဲ့ဖြစ်သည့် လူနှစ်ယောက် အဖွဲ့တွင်ပင် တယောက် သော သူသည် တခြားတယောက်သောသူအပေါ်တွင် ကာယအားဖြင့် (သို့မဟုတ်) ညာဏအားဖြင့် သိသာ ထင်ရှားစွာ သော်လည်းကောင်း၊ မသိမသာမထင်မရှား၍ သော်လည်းကောင်း၊ သြဇာညောင်းကာ ခေါင်းဆောင်မှုပေး နေသည်ကို တွေ့ရမည်ဖြစ်သည်။
(ဂ) ခေါင်းဆောင်မှု လိုအပ်ပုံ။
    ခေါင်းဆောင်မှုပေးနည်း၊ ခေါင်းဆောင်မှုလိုအပ်ပုံများသည် ခေတ်တိုးတက်ဖွံ့ဖြိုးလာသည်နှင့် အတူ ပြောင်းလဲကာတိုးတက်လာသည်။ ဥပမာ- သမိုင်းဦးဘုံမြေခေတ်၊ ကျေးပိုင်ကျွန်ပိုင်ခေတ်များတွင် ကာလဗ လအားကောင်းသောသူသည် အများအားဖြင့်လူ့အဖွဲ့အစည်းကို ဦးဆောင်မှုပြုသော်လည်း ယနေ့အချိန်တွင် လှေနံဓါးထစ်တထစ်ချ၎င်းတို့လူမျိုးကို ခေါင်းဆောင်တင်ကာ လူ့အဖွဲ့အစည်းကို ဦးဆောင်မှုပြုစေလျှင် မဖြစ် တော့ပါ။
     လူသားတို့၏ အသိပညာ၊ အတတ်ပညာများတိုးတက်ကာ သိပံနည်းပညာများအလွန်တိုးတက်နေသော ယနေ့ခေတ်တွင်၎င်းတို့ကို လူသားတို့အတွက်အကျိုးရှိရှိ အသုံးချကာလူ့အဖွဲ့အစည်းသာသာယာယာရှိစေ ရေးအတွက် အလွန်မှတိုးတက်နေပြီးဖြစ်သော သိပံပညာနည်းပညာများကို ထိန်းသိမ်းကာလူသားကောင်း ကျိုးအတွက် အသုံးချတတ်ရန်မှာ အရည်အချင်းကောင်းသော ခေါင်းဆောင်များပို၍ လိုအပ်လေဖြစ်သည်။ တနည်းအားဖြင့်ဆိုသော် သိပံပညာ၊ နည်းပညာများတိုးတက်လေ ခေါင်းဆောင်ကောင်းလိုအပ်လေ၊ လူ သားတို့၏အသိပညာများကျယ်ပြန့်လေ၊ ထက်မြက်သောခေါင်းဆောင်များ လိုအပ်လေပင်ဖြစ်သည်။
     ခေါင်းဆောင်မှုလိုအပ်ပုံနှင့် ပတ်သက်၍ (WILLIAM JAMES0 က အောက်ပါအတိုင်း ဆိုထားသည်။ လူ ထုသည် ခေါင်းဆောင်မှုမရှိဘဲ၊ နာမည်ခံမရှိဘဲ ကိုယ့်ဟာကိုယ်စီမံခန့်ခွဲနိုင်သည်ဟူသော အယူအဆသည် ကမောက်ကမနိုင်မှုတို့ထဲတွင် အမိုက်မဲဆုံးနှင့် အထုံအဆုံးဖြစ်သည်မှာ ယခုအခါလူတိုင်းသိလာကြပြီ။ ဆက်လက်၍ ဆိုထားသည်မှာ ခေါင်းဆောင်မှုသည် သမိုင်းကိုအကောင်းဖက်ဖြစ်စေ၊ အဆိုးဘက်ဖြစ်စေ၊ ပြောင်းလဲပေးနိုင်သည်။ ခေါင်းဆောင်တို့သည် အလွန်ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများအတွက် ဖြစ်စေ၊ လူသား၏ လူ့ဂုဏ်သိက္ခာကိုညှိုးနွမ်းစေသည့် အလွန်အကျွံမိုက်မဲမှုအတွက် ဖြစ်စေ တာဝန်ရှိကြ သည်။ ထို့ကြောင့် ခေါင်းဆောင်တို့သည် လွတ်လပ်မှု၊ တရားမျှတမှုနှင့် သည်းခံခြင်းတရားဘက်သို့ ဦးတည် ရန်အတွက် အလွန်အရေးကြီးသည်။ ခေါင်းဆောင်တို့သည် တစုံတရာထူးခြားခြားနာ်းမှုကို ပြုသည်။
(ဃ) ခေါင်းဆောင်မှုအနေအထား။
    ခေါင်းဆောင်မှုဆိုသည်မှာ သမိုင်းကဖန်တီးထားသော ဇာတ်ကောင်မဟုတ်ဘဲ သမိုင်းကိုဖန်တီးသော ဇာတ်ကောင်သာလျှင် ဖြစ်သည်။ သမိုင်းဆိုသည်မှာ သူ့အလိုအလျှောက်မတိုးတက်နိုင်၊ လူသားများကသာ လျှင် သမိုင်းကိုဖန်တီးကြသည်။ လူသားတို့ခေါ်ဆိုသမုတ်သော အမည်သညာသာလျှင် ဖြစ်သည်။ လူတို့၏ အစုအပေါင်းဆောင်ရွက်မှုဖန်တီးမှုများကို ခေါ်ဆိုခြင်းသာလျှင်ဖြစ်သည်ဟု (SIR, KIRT, POPPER) သ မိုင်းဆရာကြီးက ဆိုထားသည်။ ယနေ့ခေတ်ကမ္ဘာ့သမိုင်း၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုများကို ကြည့်ခြင်း အားဖြင့် ခေါင်းဆောင်မှု၏အရေးကြီးပုံကို အကဲဖြတ်နိုင်ပါသည်။ လူ့သမိုင်း၏ တိုးတက်ဖွံ့ဖြိုးမှုများအတွက် တာဝန်ရှိသလို၊ ဆုတ်ယုတ်မှုများအတွက်၌ပါ တာဝန်ရှိကြသည်။ ထို့ကြောင့် ခေါင်းဆောင်သည် ကုန်အ ပြည့်ဖြင့်အရှိန်ပြင်းစွာပြေးဆွဲနေသော ကုန်တင်ကားကြီးကို ထိန်းကွပ်နေသော ကားဒရိုင်ဘာ (Driver) နှင့် တူသည်။
(င) ခေါင်းဆောင်မှုစွမ်းဆောင်မှု။
    လူတို့သည် အမြင်အယူအဆတခုဖြင့် ဘဝကိုပုံဖေါ်နေကြသည်။ ထိုအမြင်အယူအဆသည် အများစု ကြီးလက်ခံနိုင်သော အယူအဆဖြစ်လာပါက ၎င်းသည်သမိုင်းကိုဖန်တီးပေးနိုင်သည်။ ပြောင်းလဲပေးနိုင်  သည့်အရာရာသည် အမြင်အယူအဆပေါ်တွင် အခြေခံသည်။ အမြင်မှန်နှင့် အမြင်မှားနှစ်မျိုးရှိသည်။ ထို့  ကြောင့် သမိုင်းကိုလူသားများကသာ ဖန်တီးသည်ဖြစ်ရာ လူသားတို့၏အမြင်မှန်မှု၊ အပြောမှန်မှု၊ အလုပ်  မှန်မှုတို့သည် သမိုင်းကိုတည်ဆောက်သော တကယ့်သမိုင်းနိယာမများဖြစ်သည်ဟု ရွှေဘိုသန်းထွန်း၏    သမိုင်းနိယာမဆောင်းပါးတွင် ဖေါ်ပြထားသည်။
     ထို့ကြောင့် ခေါင်းဆောင်တို့သည် သမိုင်းကိုအကောင်းဘက် ဖြစ်စေ၊ အဆိုးဘက် ဖြစ်စေ၊ ပြောင်းလဲနိုင် သည်ဖြစ်ရာ လူသားအားလုံး၏ဘဝလုံခြုံမှုအတွက် သော်လည်းကောင်း၊ တိုးတက်ဖွံ့ဖြိုးရေးအတွက် သော် လည်းကောင်း၊ လွတ်လပ်မှုအတွက် သော်လည်းကောင်း၊ တရားမျှတရေးအတွက် သော်လည်းကောင်း၊ ခေါင်းဆောင်တို့၏ အမြင်မှန်မှု၊ အတွေးမှန်မှု၊ အပြောမှန်မှုနှင့် အလုပ်မှန်မှုတို့သည် အလွန်အရေးကြီးပေ သည်။
     ၁၉၉၆- ခုနှစ်၊ အမေရိကန်တပ်မတော်၏ ခေါင်းဆောင်မှုစာစောင်တွင် ခေါင်းဆောင်တဦးအနေဖြင့် သင်သည်တပ်တတပ်လုံးတွင် ရာထူးအကြီးဆုံးသော အခိုင်းအစေတဦးသဖွယ် ဖြစ်ရမည်။ သင့်အား လုပ် ပိုင်ခွင့်အာဏာနှင့် ရာထူးတာဝန်ပေးထားခြင်းမှာ တကိုယ်ရည်စည်းစိမ်ခံရန်မဟုတ်ဘဲ၊ သင့်ရဲဘော်များအ ပေါ်၊ သင့်တပ်အပေါ်နှင့် နိုင်ငံအပေါ်ပို၍ တာဝန်ကျေနိုင်စေရန် အလုပ်အကျွေးပြုနိုင်စေရန်အတွက်သာ လျှင် ဖြစ်သည်ဟု ရေးသားထားသည်။
     ထို့ကြောင့် ခေါင်းဆောင်ဆိုသည်မှာ မိမိကိုယ်စားပြုသော အဖွဲ့အစည်း၏ ရည်မှန်းချက်ပန်းတိုင် အောင်မြင်စေရန် တာဝန်အများဆုံးအပေးခံရသော အခိုင်းအစေတဦးသာလျှင် ဖြစ်သည်။
(စ) ကိုယ်ကျိုးစွန့်အနစ်နာခံမှု။
    စစ်မြေပြင်ခေါင်းဆောင်မှု၌ ကိုယ်ကျိုးစွန့်အနစ်နာခံမှု (ကိုယ်ကျိုးမငဲ့မှု) သည် အဓိကကျရုံသာမက သေရေးရှင်ရေးတမျှအရေးကြီးသော အချက်တချက်ပင် ဖြစ်သည်။
     ၁၉၄၄- ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့တွင် အမေရိကန်စစ်ဦးစီးချုပ်၊ ဗိုလ်ချုပ်ကြီး ဂျော့မာရှယ်မှ မဟာ မိတ်တပ်ပေါင်းစုခေါင်းဆောင် ဗိုလ်ချုပ်ကြီး အိုင်ရှင်ဟောင်းဝါးအား ခင်ဗျားရဲလက်အောက်ခံတပ်မှူးအဖြစ် တာဝန်ပေးမည့်အရာရှိတွေကို ဘယ်လိုအရည်အချင်းများကိုအဓိကထားပြီး ရွေးပါသလဲဟု မေးမြန်းရာတွင် စစ်မြေပြင်ခေါင်းဆောင်မှု၌ “ ကိုယ်ကျိုးမငဲ့မှု” ကိုကြည့်ပြီး ရွေးပါတယ်ဟု ဗိုလ်ချုပ်ကြီးအိုက်ရှင်ဟောင်းဝါးမှ ဖြေကြားထားပါသည်။
     ထို့ကြောင့် စစ်မြေပြင်ခေါင်းဆောင်မှုတွင် အများအကျိုးအတွက် ကိုယ်ကျိုးမငဲ့မှုသည် အဓိကသော့ ချက်ပင်ဖြစ်သည်ကို တွေ့ရပါသည်။ ကိုယ်ကျိုးမငဲ့မှုတွင် အပိုင်း- ၃ပိုင်းခွဲခြားထားသည်။
၁။ မိမိရဲဘော်များအပေါ် ကိုယ်ကျိုးမငဲ့ဘဲသစ္စာစောင့်သိမှု၊
၂။ မိမိတပ်အပေါ် ကိုယ်ကျိုးမငဲ့ဘဲ သစ္စာစောင့်သိမှု၊
၃။ မိမိနိုင်ငံအပေါ် ကိုယ်ကျိုးမငဲ့ဘဲ သစ္စာစောင့်သိမှုတို့ ဖြစ်သည်။
     မိမိရဲဘော်များအပေါ် ကိုယ်ကျိုးမငဲ့ဘဲ သစ္စာစောင့်သိမှသာလျှင် မိမိတပ်နှင့် နိုင်ငံအပေါ် သစ္စာစောင့် သိနိုင်မည် ဖြစ်သည်။ မိမိရဲဘော်များအပေါ် ကိုယ်ကျိုးမငဲ့ဘဲ သစ္စာစောင့်သိမှုမရှိလျှင် မိမိတပ်နှင့် နိုင်ငံအ ပေါ်ကိုယ်ကျိုးမငဲ့သစ္စာစောင့်သိခြင်းဆိုသည်မှာ မဖြစ်နိုင်သောအရာပင် ဖြစ်သည်။
     ကိုယ်ကျိုးမငဲ့သော စစ်ခေါင်းဆောင်တစ်ဦးသည် မိမိရဲဘော်များအပေါ် ဝတ္တရားကျေပွန်မှုကြောင့် မိမိ တပ်အပေါ်သာမက နိုင်ငံအပေါ်၌ပါ တာဝန်ကျေပြွန်ခြင်း မည်သည်။
     ကိုယ်ကျိုးမငဲ့ရဲဘော်များအပေါ် ဝတ္တရားကျေပြွန်မှုဆိုသည်မှာ ဆန္ဒသဘောတရားတရပ်၊ အယူအဆတ ရပ်၊ အင်္ဂါရပ်တခု မဟုတ်ပေ။ စံနမူနာပြုကျင့်သုံးရမည့် အလေ့အထ (သို့မဟုတ်) အမူအကျင့်တခုသာလျှင် ဖြစ်သည်။
     (U.S) ကြည်းတပ်ဦးစီးချုပ် ၁၉၆၆- ခုနှစ်၊ စက္ကူဖြူစာတမ်းတွင် တပ်မတော်သားတိုင်း အဓိကအလေး ပေးရမည့် စံ (၄) ရပ်ကို ဖေါ်ပြရာတွင်-
၁။ ကိုယ်ကျိုးမငဲ့ဘဲ တာဝန်ထမ်းဆောင်မှု၊
၂။ သစ္စာရှိမှု၊
၃။ တာဝန်သိမှု၊
၎။ စည်းလုံးညီညွတ်မှုတို့ ပါဝင်သည်။
     ထို့ကြောင့် ခေါင်းဆောင်တဦးအနေဖြင့်သာမဟုတ်ဘဲ နောက်လိုက်များအတွက်ပါ ကိုယ်ကျိုးမငဲ့မှုသည် အလွန်အရေးကြီးကြောင်း တွေ့ရသည်။
     ထို့ကြောင့် ကိုယ်ကျိုးမငဲ့ခေါင်းဆောင်မှုပေးခြင်းသည် ခေါင်းဆောင်မှု၏ တသက်သွေးကြောဖြစ်ပေ သည်။
     စစ်တပ်ဟူသည် တဦးနှင့်တဦးအပေးအယူမျှတစွာရှိသော ညီညွတ်သည့်အဖွဲ့အစည်းတရပ် ဖြစ်ပေ သည်။ ဤသို့ အပေးအယူမျှတစွာဖြင့် စည်းလုံးညီညွတ်စွာ လုပ်ဆောင်တတ်မှုသည်သာလျှင် အောင်ပန်း ကိုသေချာစွာ ဆွတ်လှမ်းနိုင်သောနည်းလမ်း ဖြစ်ပေသည်။ တဦးနှင့် တဦးအပေးအယူမျှတစွာရှိသော ညီ ညွတ်သည့်အဖွဲ့အစည်းတရပ်၏ အဓိကရန်သူမှာ ကိုယ်ကျိုးမငဲ့ကာ မိမိအလိုဆန္ဒကိုသာ ရှေ့တန်းတင်ခြင်း ဖြစ်သည်။ စစ်သမိုင်းဖြစ်စဉ်တွင် ကိုယ်ကျိုးစွန့်ကာ အောက်ခြေရဲဘော်များ၏ လိုအပ်ချက်များကို အလေး ပေးဖြည့်ဆည်းဆောင်ရွက်သည့် စစ်ခေါင်းဆောင်များသာလျှင် အောင်နိုင်သူများအဖြစ် သမိုင်းတွင်ရစ်ပြီး ကိုယ်ကျိုးငဲ့ကာ တကိုယ်ကောင်းစိတ်ထားရှိသူများသည်သာလျှင် အရှုံးဖြင့်ဘဝနိဂုံးချုပ်သွားသည်ကို တွေ့ရ သည်။
     တိုက်တိုင်းအောင်စစ်ဆိုသည်မှာ ခေါင်းဆောင်များ ကိုယ်ကျိုးမငဲ့ဘဲ သစ္စာရှိစွာဖြင့်ရဲဘော်များ၏ လို အပ်ချက်များကို ဖြည့်ဆည်းပေးမှုအပေါ်တွင် မူတည်သည်။ သို့သော် ခေါင်းဆောင်ကောင်းဆိုသည်မှာ ရဲ ဘော်များ၏ ဆန္ဒအတိုင်းလိုသမျှအားလုံးကို လိုက်လျောရသည်ဆိုခြင်း မဟုတ်ပေ။ စစ်စွမ်းရည်တိုးတက် စေရန်အတွက် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များကို တတ်နိုင်သလောက်စေတနာရှိရှိ ဖြည့် ဆည်းပေးခြင်းသာလျှင် ဖြစ်သည်။
(ဆ) ခေါင်းဆောင်မှုနှင့် အာဏာ။
    အာဏာဆိုသည်မှာ သူတပါးအားစေခိုင်းနိုင်သော၊ အုပ်ချုပ်နိုင်သော အခွင့်အရေးတန်ခိုးအင်အားလုပ် ပိုင်ခွင့် ဖြစ်သည်။
     အဖွဲ့အစည်းတခု၏ ရည်မှန်းချက်ပန်းတိုင်အောင်မြင်စေရန် တာဝန်ပေးအပ်ခံရသော ခေါင်းဆောင်တဦး အနေဖြင့် လုပ်ငန်းအောင်မြင်စေရန်အတွက် လုပ်ပိုင်ခွင့်အာဏာလိုအပ်သည်။ လုပ်ငန်းအကောင်အထည် ဖော်နိုင်မှုသည် အာဏာအသုံးပြုမူအပေါ်တွင် များစွာမှီတည်သလို ခေါင်းဆောင်မှုကောင်းမကောင်းဆို သည်မှာလည်း အာဏာကိုအသုံးပြုရာတွင် များစွာမူတည်သည်။ အာဏာကို မသုံးတတ်ခြင်းနှင့် အလွန်အ ကျွံအသုံးပြုခြင်းသည် ခေါင်းဆောင်မှုကိုဖျက်စီးစေတတ်သည်။ အချိန်အခါ အခြေအနေနှင့် လိုက်လျောညီ  ထွေသုံးတတ်မှသာလျှင် ခေါင်းဆောင်မှုကို အထောက်အကူပြုနိုင်မည် ဖြစ်သည်။
     ခေါင်းဆောင်ကောင်းတို့သည် အာဏာကိုအသုံးပြုရာတွင် ကျင့်သုံးမည့်အာဏာသည် ပြည်သူပြည်သား (သို့မဟုတ်) မိမိအဖွဲ့အစည်း (သို့မဟုတ်) မိမိငယ်သားများအား မည်မျှအထိအကျိုးပြုနိုင်မည် (သို့မဟုတ်) အကျိုးပြုမပြုအလေးအနက်တွက်ချက်ပြီးမှသာလျှင် အများအကျိုးပြုရေးအတွက် အသုံးပြုကြသည်။
     ၎င်းပိုင်းထားသောအာဏာကို အဓိကလက်နက်အဖြစ် အသုံးမပြုဘဲ ခေါင်းဆောင်မှု၏အထောက်အကူ ပြုကိရိယာအဖြစ်သာ အသုံးပြုတတ်ကြသည်။ အာဏာကို ခေါင်းဆောင်မှု၏အဓိကလက်နက်အဖြစ် အသုံး ပြုခြင်းမှ ရှောင်ကြဉ်ရမည်။ အာဏာသည် ခေါင်းဆောင်မှုကို ဖျက်ဆီးစေတတ်သလို ခေါင်းဆောင်မှု၏ အ ရည်အချင်းကိုလည်း ပေါ်လွင်ထင်ရှားစေနိုင်သည် တကယ့်ကိရိယာပင် ဖြစ်သည်။
အခန်း (၂)
၁။ အခြေခံကျသော ခေါင်းဆောင်မှုစတိုင်ကျင့်စဉ်များ- ၄ ရပ်။
     ခေါင်းဆောင်များသည် မိမိကိုယ်စားပြုသော အဖွဲ့အစည်း၏ ရည်မှန်းချက်ပန်းတိုင်အောင်မြင်စေရန် နေ့ စဉ်လုပ်ငန်းတာဝန်များ အကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင် အောက်ဖော်ပြပါခေါင်းဆောင်မှုစတိုင် ကျင့်စဉ် ၄- ရပ်ကို မပျက်မကွက်ကျင့်သုံးရမည် ဖြစ်သည်။
၎င်းတို့မှာ-            (၁) ညွှန်ကြားခြင်း။
                        (၂) ထောက်ပံ့ခြင်း / ပံ့ပိုးခြင်း။
                        (၃) ကိုယ်စားပြုခြင်း။
                        (၄) ကြီးကြပ်ကွက်ကဲခြင်း/ စစ်ဆေးခြင်းတို့ ဖြစ်သည်။
(၁) ညွှန်ကြားခြင်း။
    ခေါင်းဆောင်ဖြစ်သူမှတိကျပြတ်သားသော ညွှန်ကြားချက်များထုတ်ပြန်တတ်ရမည်။ ၎င်းညွှန်ကြား ချက်များသည် ရှင်းလင်းခြင်း၊ တိုတောင်းခြင်း၊ ပြတ်သားခြင်း စသော ဂုဏ်အင်္ဂါရပ်များဖြင့် ပြည့်စုံရမည်။ ဥပမာ- မိမိလက်အောက်ငယ်သားများအား ညွှန်ကြားချက်များပေးရာတွင် ဘာလုပ်ရမည်။ မည်ကဲ့သို့ ပြု လုပ်ရမည်။ မည်သည့်အချိန်တွင် ပြုလုပ်ရမည်၊ မည်သည့်နေရာတွင် ပြုလုပ်ရမည်၊ မည်သူက ပြုလုပ်ရ မည်၊ စသဖြင့် တိတိကျကျညွှန်ကြားခြင်းမျိုး ဖြစ်ရမည်။
     ညွှန်ကြားခြင်းကိုနှုတ်ဖြင့်ညွှန်ကြားခြင်းနှင့် စာဖြင့်ညွန်ကြားခြင်းဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။ နှုတ်ဖြင့် ညွှန်ကြားခြင်းတွင် နှစ်ကိုယ်ကြားတိုက်ရိုက်ညွှန်ကြားခြင်းနှင့် တဆင့်ခံညွှန်ကြားခြင်းဟူ၍ နှစ်မျိုးရှိနိုင်သည်။
     ညွှန်ကြားချက်ပေးရာတွင် မိမိကိုယ်တွေ့အသိပေါ်အခြေခံသော ညွှန်ကြားခြင်းနှင့် တဆင့်အသိအပေါ် အခြေခံသော ညွှန်ကြားခြင်းဟူ၍ အခြေအနေနှစ်ရပ်အပေါ်တွင် အခြေခံသည်။
     စာဖြင့်ညွှန်ကြားခြင်းပြုလုပ်ရာတွင် အနီးရှိလက်အောက်ခံငယ်သားများအား နှုတ်ဖြင့်မဟုတ်ဘဲ စာဖြင့် ညွှန်ကြားချက်ပေးနိုင်သလို လက်လှမ်းမမီသော အရပ်ဒေသရှိလက်အောက်ခံတာဝန်ခံအား ညွှန်ကြားချက် ပေးရာတွင် စာဖြင့်ပေးရသည်။
     စာဖြင့်ညွှန်ကြားခြင်းသည် ခေါင်းဆောင်လုပ်သူမှ (အထက်မှ) လက်အောက်ခံတာဝန်ခံ (သို့မဟုတ်) တပ်မှူးအား လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် မည်သို့မည်ပုံလုပ်ကိုင်ရမည်ကိုစာဖြင့် အ ကြောင်းကြားအသိပေးခြင်း ဖြစ်သည်။ စာဖြင့် ညွှန်ကြားခြင်းတွင်အခြေအနေနှစ်ရပ်အပေါ်တွင် အခြေခံကာ ပေးသည်။
(၂) အထောက်အပံ့ပေးခြင်း။
    ခေါင်းဆောင်လုပ်သူသည် လက်အောက်ခံငယ်သားများအား လိုအပ်သောလုပ်ငန်းဆိုင်ရာ ညွှန်ကြား ချက်များပေးပြီး လက်အောက်ခံငယ်သားများမှ ယင်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လို အပ်သောစိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုနှင့် ရုပ်ပိုင်းဆိုင်ရာထောက်ပံ့မှုများကို ပေးဆောင်ရမည်။ ဥပမာ- ဆုံး ရှုံးမှုအတွက် စိတ်ဓါတ်ကျဆင်းချိန်၊ အခက်အခဲပြသာနာပေါင်းစုံအတွက် စိတ်အားငယ်ကာစိတ်ဓါတ် လျော့ ချိန်များတွင် ခေါင်းဆောင်မှစိတ်ဓါတ်မကျရန် - အားပေးစကားပေးခြင်းဖြင့် ၎င်း၊ စိတ်ဓါတ်တက်ကြွကာလန်း ဆန်းစေနိုင်သည်။ ထိုနည်းအရ အောင်မြင်မှုများအတွက် ချီးမွမ်းဂုဏ်ပြုခြင်းအားဖြင့် ငယ်သားများ၏လုပ် ငန်းအပေါ်ပို၍ ကြိုးစားလိုစိတ်များရှင်သန်ကြီးထွားလာနိုင်သည်။ ၎င်းနည်းတူ ရုပ်ပိုင်းဆိုင်ရာတွင် လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လိုအပ်သောလက်နက်ကိရိယာများမှအစ စားနပ်ရိက္ခာများအထိ တတ်နိုင်သမျှထောက်ပံ့ရမည်။ ၎င်းပြင် ၎င်းတို့၏ပြသာနာများကို အတတ်နိုင်ဆုံးဖြေရှင်းတူညီပေးခြင်းဖြင့် လိုအပ်သောအထောက်အပံ့များ ပေးရမည်။

(၃) ကိုယ်စားပြုခြင်း။
    ခေါင်းဆောင်လုပ်သူသည် လုပ်ငန်းတွင်ကျယ်အောင်မြင်စေရေးအတွက် လက်အောက်ခံငယ်သားများ အား ၎င်းတို့၏အစွမ်းအစပေါ်မူတည်ကာ ပြုလုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်များပေးအပ်ခြင်းဖြင့် အဖွဲ့အစည်းကို ကိုယ်စားပြု စေရမည်။ ဤသို့ ပြုလုပ်ခြင်းဖြင့် ငယ်သားများ၏စွမ်းဆောင်ရည်ပိုမိုတိုးတက်စေပြီး ငယ်သား များ၏အရည်အချင်းများလည်း အကျိုးရှိရှိအသုံးချရာမည်သည်။
(၄) ကြီးကြပ်ကွပ်ကဲခြင်း။
    ခေါင်းဆောင်လုပ်သူမှ လိုအပ်သည်များကို ငယ်သားများအား တိကျပြတ်သားစွာညွှန်ကြားချက်များ ထုတ်ပြန်ပြီးနောက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်း၏ ရည်မှန်းချက်မှလွဲချော် သွားခြင်းရှိမရှိ အမြဲကြီးကြပ်ကာ စစ်ဆေးရမည်။ ၎င်းလုပ်ငန်း၏ ပြီးစီးအောင်မြင်မှု၊ လုပ်ငန်းအတွက် လို အပ်ချက်များ၊ ၎င်းတို့၏ လုပ်ဆောင်ချက်များကို အမြဲပြန်စစ်ဆေးရမည်။ ကြီးကြပ်ကွက်ကဲမှုပြုလုပ်ရာတွင် အနီးကပ်နေရာများတွင် ကိုယ်တိုင်သွားရောက်ကာ ကြီးကြပ်ခြင်းသည် အလွန်ထိရောက်ပြီး ကိုယ်တိုင် လက်လှမ်းမိသည့် နေရာများအတွက်မူတာဝန်ခံအား ၎င်း၊ ပါဝင်သောအဖွဲ့သားများအား ၎င်း၊ လုပ်ငန်း ဆောင်ရွက်မှုအောင်မြင်မှု၊ မအောင်မြင်မှုစသဖြင့် အကြောင်းစုံကို မေးမြန်းခြင်းဖြင့် ကြီးကြပ်ရမည်။
     ကြီးကြပ်ကွက်ကဲမှုမရှိလျှင် ငယ်သားများသည် လုပ်ငန်းလုပ်ဆောင်ရာတွင် ပေါ့တိပေါ့ဆဖြစ်လာကာ လုပ်ငန်းအောင်မြင်မှုကို ထိခိုက်လာနိုင်သည်။ ခေါင်းဆောင်မှု၏ ဂုဏ်သိက္ခာကိုပါ ထိပါးစေနိုင်သည်။
     ကြီးကြပ်ကွက်ကဲခြင်းဖြင့် ငယ်သားများသည် လုပ်ငန်းအပေါ်ပိုမို၍အာရုံစူးစိုက်ကာ ငယ်သားများ၏တာ ဝန်လေးစားမှုကို ပိုမိုစေနိုင်သည်။
     မည်မျှကောင်းသောညွှန်ကြားချက်ပင်ဖြစ်စေ ကြီးကြပ်ကွပ်ကဲခြင်းမရှိလျှင် ထိရောက်သင့်သလောက် မ ထိရောက်နိုင်ပါ။
     ထို့ကြောင့် ခေါင်းဆောင်လုပ်သူသည် နေ့စဉ်အဖွဲ့အစည်း၏ လုပ်ငန်းတာဝန်များထမ်းဆောင်ရာတွင် ငယ်သားများအားတိကျပြတ်သားသော ညွှန်ကြားချက်များပေးတတ်ရန် လိုအပ်သလိုလုပ်ငန်းအကောင်အ ထည်ဖော်ဆောင်ရွက်ရာတွင် ငယ်သားများအား လိုအပ်သောအထောက်အပံ့များကို အတတ်နိုင်ဆုံး ထောက်ပံ့ပေးရမည် ဖြစ်သည်။ လုပ်ပိုင်ခွင့်များပေးခြင်းအပြင် နောက်ဆုံးလုပ်ဆောင်ချက်များကို အမြဲပြန် စစ်ဆေးခြင်း၊ လုပ်ဆောင်ချက်များအား အမြဲကြီးကြပ်ခြင်းများ ပြုလုပ်ရမည်။ ခေါင်းဆောင်လုပ်သူသည် အထက်ဖော်ပြပါခေါင်းဆောင်မှုစတိုင်ကျင့်စဉ် ၄- ရပ်နှင့် ကင်းကွာ၍ မရပ်တည်နိုင်ပါ။
     ခေါင်းဆောင်မှုစတိုင်ဆိုသည်မှာ သူတပါး၏ဆောင်ရွက်ချက်များအပေါ် လွှမ်းမိုးအသာစီးရနိုင်ရေးအ တွက် မိမိမှမည်သို့မည်ပုံကြိုးပမ်းပြုကျင့်ခြင်းကို ခေါင်းဆောင်မှုစတိုင်ဟုခေါ်သည်။ တနည်းဆိုသော် ညွှန် ကြားခြင်းနှင့် ပံ့ပိုးခြင်းတို့ဆိုင်ရာလုပ်ထုံးလုပ်နည်းများအား ပူးပေါင်းပြီးဆောင်ရွက်အကောင်အထည်ဖော် သွားခြင်းကို ဆိုလိုသည်။
     ခေါင်းဆောင်လုပ်သူများသည် ၎င်းတို့ကြီးကြပ်ကွပ်ကဲသော လက်အောက်ခံငယ်သားများ၏ လက်တ လောလုပ်ဆောင်ချက်များ လုပ်ဆောင်နိုင်စွမ်းရှိမရှိကို အမြဲသတိထားရန် လိုအပ်သည်။ ခေါင်းဆောင်လုပ် သူသည် ငယ်သားများအား-
၁။ ဘာလုပ်ရမည်ကို အရင်ပြောပြပါ။
၂။ ဘယ်လိုလုပ်ရမည် ပြသပါ။
၃။ သူတို့ကိုယ်တိုင်ကြိုးစားကြည့်ခိုင်းပါ။
၎။ လေ့လာစစ်ဆေးပါ။
၅။ အောင်မြင်မှုအတွက် ချီးကျူးပါ။
၆။ ဆုံးရှုံးမှုအတွက် အားပေးလမ်းပြကူညီပါ။
အခန်း (၃)
၁။ ခေါင်းဆောင်မှု၏ အခြေခံအရည်အချင်းများနှင့် သဘောတရားများ။
(က) ခေါင်းဆောင်မှု၏ အခြေခံသဘောတရား (၁၁) ချက်ရှိသည်။
(၁) မိမိကိုယ်ကိုသိရှိပြီး မိမိအရည်အချင်းတိုးတက်စေရန် ဆောင်ရွက်ပါ။
(၂) ကျွမ်းကျင်မှုဆိုင်ရာနှင့် စစ်ဗျူဟာကျင့်သုံးမှုအတတ်ပညာများပြည့်ပါစေ။
(၃) တာဝန်ကို ရှာဖွေ၍ တာဝန်ခံတတ်ပါစေ။
(၄) ခိုင်မာသောဆုံးဖြတ်ချက်များကို အချိန်မှီ ချမှတ်ပါ။
(၅) စံနမူနာပြပါစေ။
(၆) မိမိလက်အောက်ငယ်သားများအကြောင်းကို သိအောင်လုပ်ပြီး ၎င်းတို့၏နေထိုင်မှုနှင့် သက်သာချောင် ချိရေးကို သယ်ပိုးပါ။
(၇) အခြေအနေအရပ်ရပ်ကို မိမိလက်အောက်ငယ်သားများသိရှိစေရန် အမြဲမပြတ်ပြည့်စုံစွာ ရှင်းလင်းပါ။
(၈) မိမိလက်အောက်ငယ်သားများအတွင်း တာဝန်ကိုရှာဖွေ၍ လုပ်ကိုင်တတ်သော အသိစိတ်ဓါတ်မျိုး ထောင်ပေးပါ။
(၉) လုပ်ငန်းတာဝန်ကို ကောင်းစွာသဘောပေါက်နားလည်စေရန် ရှင်းလင်းခြင်း၊ အကောင်အထည်ဖေါ်မှုကို ကြီးကြပ်ကွပ်ကဲခြင်းနှင့် ကောင်းစွာပြီးမြောက်မှုရှိရန် စီမံပါ။
(၁၀) အသင်းအဖွဲ့တခုအဖြစ် တည်ဆောက်ပါ။
(၁၁) မိမိတပ်ဖွဲ့၏ စွမ်းဆောင်နိုင်ရည်နှင့် လိုက်လျောညီထွေမှုရှိအောင် အသုံးချပါ။
(ခ) ခေါင်းဆောင်မှု၌ ရှိအပ်သောအရည်အချင်း (၂၀) ချက်။
(၁) လုပ်ငန်းဆိုင်ရာ အတတ်ပညာရှိခြင်း။
(၂) သတ္တိဗျတ္တိရှိခြင်း၊ ရဲစွမ်းသတ္တိရှိခြင်း။
(၃) ကြိုးစားမှုဇွဲရှိခြင်း။
(၄) ကိုယ်ဟန်အမူအရာကောင်းခြင်း။
(၅) ကိုယ်ကျိုးမဖက်ခြင်း။
(၆) အများက ယုံကြည်ခြင်း။
(၇) သစ္စာရှိခြင်း။
(၈) တက်တက်ကြွကြွရှိခြင်း။
(၉) စိတ်အားထက်သန်ခြင်း။
(၁၀) သနားကြင်နာစိတ်ရှိခြင်း။
(၁၁) သည်းခံတတ်ခြင်း။
(၁၂) ဆင်ခြင်တုံးတရားပြည့်ဝခြင်း။
(၁၃) ဆက်ဆံရေးပြေပြစ်ခြင်း။
(၁၄) အလိုက်သိတတ်ခြင်း။
(၁၅) အကျင့်သီလသမာဓိသိက္ခာနှင့် ပြည့်စုံခြင်း။
(၁၆) ပြတ်သားစွာ ဆုံးဖြတ်တတ်ခြင်း။
(၁၇) စိတ်သဘောထားနူးညံ့သိမ်မွေ့ခြင်း၊ ရိုးသားခြင်း။
(၁၈) တိုးထွင်ညဏ်နှင့် ပြည့်စုံခြင်း။
(၁၉) တရားမျှတမှုရှိခြင်း။
(၂၀) ဟာသညဏ်နှင့် ပြည့်စုံခြင်း။
စစ်ဘက်ခေါင်းဆောင်မှုအရည်အချင်း (၁၆) ချက်။
၁။ ကိုယ်နှုတ်အမူအရာတင့်တယ်ပြေပြစ်ခြင်း။
၂။ ရဲစွမ်းသတ္တိရှိခြင်း။
၃။ အဆုံးအဖြတ်ပေးနိုင်ခြင်း။
၎။ ယုံကြည်စိတ်ချရခြင်း၊ သနားကြင်နာတတ်ခြင်း၊ သည်းခံတတ်ခြင်း။
၅။ ကြံ့ခိုင်၍ ခံနိုင်ရည်ရှိခြင်း။
၆။ စိတ်အားတက်ကြွမှုရှိခြင်း။
၇။ အသိညဏ်ကောင်းခြင်း။
၈။ ရိုးသားဖြောင့်မတ်မှုရှိခြင်း။
၉။ ပြတ်သားစွာ ဆုံးဖြတ်တတ်ခြင်း။
၁၀။ အမှန်တရားကို လက်ကိုင်ထားခြင်း။
၁၁။ အတွေ့အကြုံဗဟုသုတရှိခြင်း။
၁၂။ သစ္စာရှိခြင်း။
၁၃။ မျိုးချစ်စိတ်ရှိခြင်း။
၁၄။ နည်းပရိယာယ်ပြောင်မြောက်ခြင်း။
၁၅။ တကိုယ်ကောင်းစိတ်မရှိခြင်း။ ကိုယ်ကျိုးမငဲ့ခြင်း။
၁၆။ သဘောတရားရေးပြည့်ဝခြင်း စသည့်တို့ဖြစ်သည်။
(ဂ) ခေါင်းဆောင်မှုကျင့်စဉ် (၁၂) ချက်။
(က) ခေါင်းဆောင်နှင့် ဆိုင်ရာအပိုင်း (၆) ချက်။
၁။ မိမိအလုပ်ကို သေချာစွာ နားလည်ထားရမည်။
၂။ စံပြခေါင်းဆောင်တဦး ဖြစ်ရမည်။
၃။ မိမိအကြောင်း၊ မိမိကောင်းစွာ သိထားရမည်။
၎။ တိကျပြတ်သားစွာ ညွှန်ကြားတတ်ရမည်။
၅။ မှန်ကန်သော ဆုံးဖြတ်ချက်ကို အချိန်မှီချမှတ်ရမည်။
၆။ တာဝန်ယူတတ်ရမည်။
(ခ) ငယ်သားများနှင့် ဆိုင်ရာအပိုင်း (၆) ချက်။
၁။ ငယ်သားများ၏ စရိုက်ကိုတတ်သိနားလည်ရမည်။
၂။ ငယ်သားများအား အလုပ်ကိစ္စကို အသိပေးထားရမည်။
၃။ ငယ်သားများအား အဖွဲ့စိတ်ဓါတ်သွက်သွင်းပေးထားရမည်။
၎။ ငယ်သားများအား လုပ်ငန်းအပေါ်စေတနာထားစေရမည်။
၅။ ငယ်သားများ၏ အစွမ်းအစကို အသုံးချတတ်ရမည်။
၆။ ငယ်သားများအား တာဝန်ယူတတ်ရမည်။
(ဃ) ခေါင်းဆောင်များကျဆုံးမှု (၂၀) ချက်။
(က) အတ္တစွမ်းရည်။
၁။ မိမိအလုပ်ကို နားလည်ခြင်း။
၂။ အလုပ်တွင် စိတ်မဝင်စားခြင်း။
၃။ တာဝန်ရှောင်တတ်ခြင်း။
၎။ ရှေ့နောက်မညီညွတ်ကျင့်ကြံဆောင်ရွက်ခြင်း။
၅။ အပြောနှင့် အလုပ်မညီညွတ်ခြင်း။
၆။ အဂတိတရားလိုက်စားခြင်း။
၇။ မောက်မာခြင်း။
၈။ သည်းခံမှုမရှိခြင်း။
၉။ စိတ်တိုခြင်း၊ ထောင့်မကျိုးခြင်း။
၁၀။ ကိုယ့်ကိုကိုယ်အထင်ကြီးခြင်း။
(ခ) ငယ်သားများနှင့် ဆက်ဆံရေး (၁၀) ချက်။
၁။ စည်းကမ်းထိန်းသိမ်းရေးလျော့ရဲခြင်း။
၂။ ငယ်သားများအရေးတွင် စိတ်မဝင်စားခြင်း။
၃။ ငယ်သားများအား ညှာတာမှုကင်းမဲ့ခြင်း။
၎။ ငယ်သားများ၏ လုပ်အားကိုမတရားအသားယူခြင်း။
၅။ ငယ်သားများ၏ အမှားကို ချောင်းဖမ်းတတ်ခြင်း။
၆။ ငယ်သားများနှင့် ရင်းနှီးလွန်းခြင်း။
၇။ ငယ်သားများ၏ ယုံကြည်မှုကို မရရှိခြင်း။
၈။ ငယ်သားများက မကြိုက်မနှစ်သက်ခြင်း။
၉။ ငယ်သားများအား ကောင်းစွာမသင်ပြတတ်ခြင်း။
၁၀။ ငယ်သားများအား အမြဲအပြစ်ရှာ၍ မြည်တွန်ထောက်တီးနေတတ်ခြင်း တို့ဖြစ်သည်။
(င) ခေါင်းဆောင်မှုပေးနည်း (၃) မျိုး။
(က) ခေါင်းဆောင်မှုပေးနည်းကို-
၁။ ကိုယ်တိုင်လက်တွေ့ခေါင်းဆောင်မှု ပေးနည်း။
၂။ နည်းစနစ်အရ ခေါင်းဆောင်မှုပေးနည်းနှင့်
၃။ ရင်းရင်းနှီးနှီးခေါင်းဆောင်မှုပေးနည်းဟူ၍ (၃) မျိုးခွဲခြားထားသည်။
(စ) ခေါင်းဆောင်မှုဗျူဟာအဖြာဖြာ။
၁။ ခေါင်းဆောင်၏ဂုဏ်ကို မြှင့်တင်ပေးခြင်း။
၂။ သတင်းများဖြန့်ချီလှူံ့ဆော်ပေးခြင်း။
၃။ အကျိုးအကြောင်းပြ၍ ခေါင်းဆောင်မှုပေးခြင်း။
၎။ အမိန့်ပေး၍ ခေါင်းဆောင်မှုပေးခြင်း။
၅။ ဂုဏ်ပြုချီးကျူးသည့်နည်းဖြင့် ခေါင်းဆောင်မှုပေးခြင်း။
၆။ ပြစ်တင်ဆုံးမသည့်နည်းဖြင့် ခေါင်းဆောင်မှုပေးခြင်း။
၇။ နှီးနှောတိုင်ပင်၍ ခေါင်းဆောင်မှုပေးခြင်း။
၈။ အဖွဲ့စိတ်ဓါတ်သွတ်သွင်း၍ ခေါင်းဆောင်မှုပေးခြင်း။
(ဆ) ခေါင်းဆောင်မှုအမျိုးအစား။
၁။ ဒီမိုကရေစီခေါင်းဆောင်မှု။
၂။ အာဏာရှင်ခေါင်းဆောင်မှု။
၃။ ဗျူရိုကရေစီခေါင်းဆောင်မှု။
၎။ မျက်နှာလွဲခေါင်းဆောင်မှု တို့ဖြစ်သည်။
(ဈ) ခေါင်းဆောင်အမျိုးအစား။
၁။ အမြော်အမြင်ရှိသော ခေါင်းဆောင် (အောင်ဆန်းစုကြည်၊ အောင်ဆန်း)
၂။ အုပ်ချုပ်စီမံမှုကောင်းသော ခေါင်းဆောင် (ဂျွန်မေဂျာ)
၃။ နာယကကဲ့သို့သော ခေါင်းဆောင်။
၎။ ဖြန်ဖြေပြီးခေါင်းဆောင်မှုပေးတတ်သော ခေါင်းဆောင် (အောင်ဆန်း)
၅။ တိုက်ပွဲဝင်ခေါင်းဆောင် (ဘောလ်ရစ်ရယ်လ်) တို့ဖြစ်သည်။
၁။ ခေါင်းဆောင်ကောင်း၊ ခေါင်းဆောင်စစ်နှင့် စစ်အာဏာရှင်ခြားနားချက်။
ခေါင်းဆောင်ကောင်း
စစ်အာဏာရှင်
၁။ အာဏာကို ခေါင်းဆောင်မှုအထောက်အကူပြုကိ ရိယာအဖြစ်သာ အသုံးပြုသည်။
၂။ အာဏာကို အောက်သို့ခွဲဝေပေးသည်။
၃။ ငယ်သားများရှေ့မှနေ၍ ရှေ့ဆောင်ကာ ခေါင်း ဆောင်မှုပေးသည်။
၎။ နားလည်မှုဖြင့်ဆွဲဆောင်ကာ ငယ်သားများအား စေတနာဖြင့် ကူညီသည်။
၅။ ငယ်သားများ၏ အရည်အသွေးကို မြှင့်တင်၍ အ လုပ်ကိုပြီးမြောက်စေသည်။
၆။ အောင်မြင်မှုအဖုံဖုံအတွက် တို့လုပ်တာဟူသော အဖွဲ့ဖြင့် ဂုဏ်ယူသည်။
၇။ ဆုံးရှုံးမှုအတွက် တာဝန်ယူသည်။
၈။ စုပေါင်းဆောင်ရွက်မှုစနစ်ကို သုံးသည်။
၉။ ငယ်သားများအား သင်ကြားပြသကာရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက်သည်။
၁၀။ ရည်မှန်းချက်အောင်မြင်ရေးအတွက် ငယ်သား များနှင့် ညှိနှိုင်းဆောင်ရွက်သည်။
၁၁။ အဖွဲ့အစည်းသည် ငယ်သားများနှင့် အဖွဲ့အစည်း အတွက် ဖြစ်စေသည်။
၁၂။ အဖွဲ့သားများကို အရာသွင်းစဉ်းစားသည်။
၁။ ခေါင်းဆောင်မှု၏ အဓိကလက်နက်အဖြစ် အသုံး ပြုသည်။
၂။ တဦးတည်းချုပ်ကိုင်ထားသည်။
၃။ မိမိကနောက်မှနေ၍ ငယ်သားများကို ရှေ့မှသွား စေသည်။
၎။ ကြိမ်းမောင်းခြိမ်းခြောက်ကာ ငယ်သားများ၏ လုပ်အားကို ရယူသည်။
၅။ ငယ်သားများ၏ အရည်အသွေးကို ချိုးနှိမ်ကာအ ဓမ္မခိုင်းစေသည်။
၆။ အောင်မြင်မှုအတွက် ငါလုပ်တာဟူသော ငါတ ကောကောစိတ်ဓါတ်ဖြင့် တဦးတည်းဂုဏ်ယူသည်။
၇။ ဆုံးရှုံးမှုအတွက် ငယ်သားများအပေါ်ပုံချသည်။
၈။ တဦးတည်းခေါင်းဆောင်မှုစနစ်ကို သုံးသည်။
၉။ အမိန့်အာဏာကို သုံးကာ အတင်းအဓမ္မခိုင်းစေ သည်။
၁၀။ ရည်မှန်းချက်အောင်မြင်ရေးအတွက် ဖြစ်သည့် နည်းကို အသုံးပြုသည်။
၁၁။ အဖွဲ့သားများသည် မိမိအတွက်သာ ဖြစ်စေ သည်။
၁၂။ အရာသွင်းမစဉ်းစား။
အာဏာခွဲဝေပေးခြင်း။
     ခေါင်းဆောင်ကောင်းတဦးသည် အာဏာနှင့် တာဝန်ကိုငယ်သားများအား အတတ်နိုင်ဆုံးခွဲဝေပေး သည်။ ငယ်သားများ၏ ကိုယ်ပိုင်ညဏ်ဖြင့် လွတ်လပ်စွာစီရင်ဆုံးဖြတ်ခွင့်များ၊ လုပ်ပိုင်ခွင့်များကို လွဲပြောင်း ပေးစေခြင်း ဖြစ်သည်။ ဒီအလုပ်ကို လုပ်ပေးပါ ဟူသည် အာဏာခွဲဝေပေးခြင်းမဟုတ်၊ အလုပ်ခွဲဝေပေး  ခြင်းသာ ဖြစ်သည်။ ဒီအလုပ်ပြီးသွားအောင် အဆင်ပြေသလို ကြည့်လုပ်ပေးပါဆိုမှသာ အာဏာခွဲဝေပေး ခြင်း ဖြစ်ပါသည်။
     အာဏာခွဲဝေပေးရာ၌ မိမိမလုပ်လို၍မိမိအားအပြစ်ဖြစ်လာပါက ပတ်မည်စိုး၍တာဝန်ရှောင်လို၍ ခွဲဝေ ပေးခြင်းမျိုးမဟုတ်ဘဲ လုပ်ငန်းတွင်ကျယ်စေရေးအတွက် ရည်ရွယ်ကာခွဲဝေပေးခြင်းမျိုး ဖြစ်ရမည်။
တိုင်းမှူး၊ ဒု- တိုင်းမှူး၊ တပ်ရဲတာဝန်ခံနှင့် အကြပ်၊ တပ်သားများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ။
နိဒါန်း။
၁။ စစ်တပ်တစ်ခုဖွဲ့စည်းတည်ဆောက်ရာတွင် အရာရှိ၊ အရာရှိငယ်၊ တပ်သားစသည့်ဖြင့် တာဝန်ခံ- မှုအ ဆင့်ဆင့်ဖြင့် ဖွဲ့စည်းကာအုပ်ချုပ်ကွပ်ကဲမှု ရှိသည်။ ထိုကဲ့သို့ အုပ်ချုပ်ကွပ်ကဲရာတွင် အဆင့် (RANK) နှင့် ရာထူး (Apointment) အလိုက် တာဝန်နှင့် လုပ်ပိုင်ခွင့် (                ) အပိုင်းတွင် အသီးသီးကွဲပြား ခြားနားလျက်ရှိသည်။ ဥပမာ- တတပ်လုံးရှိ၊ အရာခံ၊ အကြပ်၊ တပ်သားအားလုံးတိုင်းပြည်နှင့် လူမျိုးအ ပေါ်ဖြစ်စေ၊ မိမိစစ်တပ်အပေါ်ဖြစ်စေ၊ စေတန်ာမှန်ကန်ရန်သော်လည်းကောင်း၊ ၎င်းတို့၏ တာဝန်ရှိမှုအပိုင်း သည် သူတို့အတိုင်းအတာနှင့် သူအတူတူဖြစ်သော်လည်းကောင်း၊ တတပ်လုံး၏ စည်းကမ်းသေဝပ်မှု၊ တိုက်ရည်ခိုက်ရည်ပြည့်ဝရေးနှင့် ဂုဏ်သိက္ခာမြှင့်တင်ရေးတို့တွင် တပ်စိတ်မှူး၏တာဝန်နှင့် လုပ်ပိုင်ခွင့်သည် တပ်စုမှူး၏တာဝန်နှင့် လုပ်ပိုင်ခွင့်နှင့် မတူညီကြသလို၊ အရာရှိငယ်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်သည် အရာရှိ ၏တာဝန်နှင့် လုပ်ပိုင်ခွင့်နှင့် မတူညီဘဲကွဲပြားခြားနားကြသည်။
၂။ ကျစ်လစ်ခိုင်မာမှုရှိပြီး၊ တိုက်ရည်ခိုက်ရည်ပြည့်ဝသော စစ်တပ်တစ်ခုဖြစ်ရန် အမိန့်နာခံမှုနှင့် စည်းကမ်း ရှိမှုသည် အဓိကဖြစ်သည်။ တပ်တွင်းအမိန့်နာခံမှုနှင့် စည်းကမ်းရှိမှုအပိုင်းတွင် အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားအားလုံးတာဝန်ကိုယ်စီရှိကြသော်လည်း အရာရှိငယ်များ (Non commission officer) တွင် ပိုမို၍ တာဝန်ရှိသည်။ အရာရှိငယ်များ (N.C.O) သည် စစ်တပ်တစ်ခု၏ ကျောရိုးမဏ္ဍိုင်များ ဖြစ်သည်။ တတပ် လုံး၏ ဂုဏ်သိက္ခာမြှင့်တင်ရေး၊ စည်းလုံးသိပ်တည်းခိုင်မာမှုရရှိရေး၊ တိုက်ရည်ခိုက်ရည်ပြည့်ဝရေး၊ စစ် အောင်နိုင်ရေး၊ အားလုံးတို့တွင် အဓိကတာဝန်ရှိသောအဆင့်များ ဖြစ်ကြသည်။ လက်အောက်ငယ်သားများ၊ အမိန့်နာခံမှုနှင့် စည်းကမ်းရှိမှုတွင်သော်လည်းကောင်း၊ စနစ်တကျနည်းပေးလမ်းပြဦးဆောင်မှုပြုရန် ကြီးမား သောတာဝန်ဝတ္တရားများ ရှိကြသည်။
၃။ ထိုနည်းတူ ချင်းအမျိုးသားတပ်မတော်သည် အမိန့်နာခံမှုကောင်းသော စစ်တပ်စည်းကမ်းရှိသော စစ် တပ်၊ ကျစ်လစ်ခိုင်မာသိပ်တည်းမှုရှိပြီး၊ တိုက်ရည်ခိုက်ရည်ပြည့်ဝကာ အောင်ပွဲဆင်နိုင်သော စစ်တပ်အဖြစ် ရပ်တည်နိုင်ရေးအတွက် အရာရှိငယ်များ၏အခန်းကဏ္ဍမှာ အလွန်မှအရေးကြီးပြီး၊ ၎င်းတို့၏တာဝန်ရှိသိနား လည်မှုနှင့် လုပ်ငန်းကျွမ်းကျင်လေးစားမှုသည် များစွာလိုအပ်နေပါသည်။
၎။ ထို့ကြောင့် ယခုလက်ရှိအခြေအနေနှင့် လိုက်လျော်ညီထွေဖြစ်အောင် ချင်းအမျိုးသားတပ်မတော်မှ အ ဆင့်ရာထူးဆိုင်ရာတာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပြဌါန်းလိုက်ခြင်းဖြစ်သည်။ ဤတာဝန်နှင့် လုပ်ပိုင်ခွင့်သည် ဤလက်ရှိအခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ပြဌါန်းထားခြင်းသာလျှင်ဖြစ်ပြီး အဖွဲ့အင်အားကြီး လျှင်သလို ပြောင်းလဲမည်ဖြစ်သည်။
အရာရှိ။
(က) အရာရှိဆိုသည်မှာ ဒု- ဗိုလ်အဆင့်မှအထက်အဆင့်များကို ခေါ်သည်။ အရာရှိတွင်-
(၁) ဒု- ဗိုလ်၏ အဆင့်မှဗိုလ်ကြီးအဆင့်ထိကို (Junior officer) ဟူ၍ လည်းကောင်း။
(၂) ဗိုလ်မှူးအဆင့်မှ ဗိုလ်မှူးကြီးအဆင့်ထိကို (Senior officer) ဟူ၍ လည်းကောင်း။
(၃) ဗိုလ်မှူးချုပ်အဆင့်မှ ဗိုလ်ချုပ်ကြီးအဆင့်ထိကို (Higher ranking officer) ဟူ၍ လည်းကောင်း (၃) မျိုး ခွဲခြားထားသည်။
(ခ) အရာရှိငယ်။  အရာရှိငယ်ဆိုသည်မှာ- တပ်ကြပ်အဆင့်မှ အရာခံဗိုလ်အဆင့်ထိကို (Non- commission officer) ဟုခေါ်သည်။
တိုင်းမှူး (Commander of Military Region) ၏ တာဝန်ဝတ္တရားနှင့် လုပ်ပိုင်ခွင့်
၁။ တိုင်းမှူး (Commander of Military Region) သည် တိုင်းဌါနချုပ်အတွင်းရှိ ဌါနအသီးသီးတိုင်း လက် အောက်ခံတပ်ရင်းအသီးသီးနှင့် တပ်မှူး၊ တပ်သားအားလုံးအပေါ် တာဝန်အကြီးဆုံးနှင့် အာဏာအမြင့်ဆုံး ဖြစ်သည်။
၂။ ဗဟိုစစ်ဌါနချုပ်၏ အမိန့်ညွှန်ကြားချက်များကို နာခံရမည်။
၃။ စစ်တိုင်းအတွင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားအားလုံး၏ နိုင်ငံရေးစိတ်ဓါတ်မြှင့်တင်ရေး၊ စည်း ကမ်းသေဝပ်ရေး၊ အုပ်ချုပ်မှုကောင်းမွန်ရေးများ ကီးကြပ်ကွပ်ကဲခြင်းနှင့် တိုင်းစစ်ဌါနနယ်မြေအတွင်း ထောက်ပံ့ရေးနှင့် ဆက်သွယ်မှုကောင်းမွန်ရေး၊ စစ်ပညာလေ့ကျင့်ရေးသယ်ယူပို့ဆောင်ရေးနှင့် ထောက် လှမ်းရေးလုပ်ငန်းများတွင် စနစ်တကျစီစဉ်ဆောင်ရွက်မှုရှိမရှိကြည့်ရှုစစ်ဆေးပြီး လိုအပ်သလိုညွှန်ကြားချက် များ ပေးရမည်။ စစ်နည်းဗျူဟာများ ရေးဆွဲရမည်။
၎။ စစ်တိုင်းအတွင်း နယ်မြေအခြေအနေ၊ လူထုအခြေအနေ၊ မိမိတပ်အခြေအနေ၊ ရန်သူ့စစ်တပ်၏ လှုပ်ရှား မှုအခြေအနေတို့ကို လေ့လာသုံးသပ်ပြီး လိုအပ်သလိုအမိန့်ပေးညွှန်ကြားခြင်း၊ တပ်စခန်းနေရာကြိုတင်ပြင် ဆင်ခြင်းများ ပြုလုပ်ရမည်။
၅။ စစ်တိုင်းအတွင်း လက်အောက်ခံတပ်မှူးများထံမှ လစဉ်အစီရင်ခံစာ၊ ၃- လအစီရင်ခံစာ၊ ၆- လအစီရင် ခံစာနှစ်ချုပ်အစီရင်ခံစာနှင့် အရေးပေါ်အစီရင်ခံစာများတောင်းဆိုပြီး လိုအပ်သလိုအရေးပေါ်ညွှန်ကြားချက် များ၊ စစ်ဆင်ရေးညွှန်ကြားချက်များနှင့် လိုအပ်သောညွှန်ကြားချက်အမိန့်များ ပေးပို့ရမည်။
၆။ စစ်တိုင်းအခြေအနေနှင့် လုပ်ငန်းအခြေအနေများကို ဗဟိုစစ်ဌာနချုပ်၊ စစ်ရုံးချုပ်သို့ ၃- လတကြိမ်၊ ၆- လတကြိမ်နှင့် နှစ်ချုပ်အစီရင်ခံစာများပုံမှန်ပေးပို့ရမည့်အပြင် အရေးပေါ်အစီရင်ခံစာများကိုလည်း လိုအပ် လျှင်လိုအပ်သလို ပေးပို့ရမည်။
၇။ စစ်တိုင်းအတွက် ရသုံးငွေစာရင်းများပြုလုပ်ခြင်း၊ ခွဲဝေသုံးစွဲခြင်းနှင့် အထက်အောက်ရှင်းတမ်းများပြု လုပ်ကာ အထက်စစ်ရုံးချုပ်သို့အစီရင်ခံခြင်းများ ပြုလုပ်ရမည်။
၈။ တိုင်းစစ်အတွင်း ငွေစာရင်းများကြည့်ရှုစစ်ဆေးခြင်း၊ ဆေးဌါနမှဆေးဝါးပစ္စည်းများပြည့်စုံလုံလောက် မှုရှိမရှိ ကြည့်ရှုစစ်ဆေးခြင်း၊ မိုင်းနှင့် လက်နက်ပြင်ဆင်ရေးစနစ်တကျရှိမရှိ စစ်ဆေးခြင်းများပြုလုပ်ပြီး လို အပ်ပါက တာဝန်ခံများအားလုံးလိုအပ်သလို စီစဉ်ဆောင်ရွက်ရန် အမိန့်ပေးညွှန်ကြားရမည်။
၉။ စစ်တိုင်းလက်အောက်ခံများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆွေးနွေးညှိနှိုင်းခြင်းအကြံညဏ်များပေး ခြင်းများ ပြုလုပ်ရမည်။
၁၀။ စစ်တိုင်းအတွင်း တပ်စည်းကမ်း၊ စည်းမျဉ်းဥပဒေများအတိုင်း လိုက်နာဆောင်ရွက်ရန် အမိန့်ပြဌါန်း ချက်များကို အခါအားလျော်စွာ ထုတ်ပြန်ရမည်။
၁၁။ ဗဟိုစစ်ဌါနချုပ်၊ စစ်ရုံးချုပ်မှ ချမှတ်ပေးသောစစ်ဆင်ရေးအစီအစဉ်များအပေါ် စစ်တိုင်းအခြေအနေနှင့် ကိုက်ညီအောင်လိုအပ်သော အစီအစဉ်များကို ချမှတ်အကောင်အထည်ဖော်ရမည်။
၁၂။ စစ်တိုင်းအတွင်း ဖေါ်ပြပါအမိန့်များကို လိုအပ်သလိုထုတ်ပြန်ရမည်။
အပိုင်း (ခ) အမိန့်နှင့် ပတ်သက်၍-
၁။ ပူးတွဲတာဝန်ထမ်းဆောင်စေခြင်း အမိန့်
၂။ တပ်ဆင့်တာဝန်ထမ်းဆောင်စေခြင်း အမိန့်
၃။ ရောက်ရှိခြင်း အမိန့်
၎။ ထွက်ခွာခြင်း အမိန့်
၅။ အမည်စာရင်းခေတ္တပယ်ဖျက်ခြင်း အမိန့်
၆။ တာဝန်မှရုပ်သိမ်းခြင်း အမိန့်
၇။ တိုင်းစစ်ခုံရုံဖွဲ့စည်းခြင်း အမိန့်
၈။ တပ်တွင်း နေ့စဉ်အချိန်ဇယားအမိန့်သတ်မှတ်ခြင်း အမိန့်
၉။ တားမြစ်နယ်မြေသတ်မှတ်ခြင်း အမိန့်
၁၀။ တပ်တွင်း နေ့စဉ်အထွေထွေတာဝန်ချထားခြင်း အမိန့်
အပိုင်း- ၂ (က) သည် အရာရှိများအတွက်သာဖြစ်ပြီး တိုင်းအနေဖြင့် လက်တလောထုတ်ပြန်ရန် မလို။
အပိုင်း- ၂ (ခ) အမိန့်နှင့် ပတ်သက်၍-
၁။ အမည်စာရင်းသွင်းခြင်း အမိန့်
၂။ ပြစ်ဒဏ်ပေးခြင်း အမိန့်
၃။ အမည်ပြောင်းလဲခြင်း အမိန့်
၎။ အမည်ပြင်ဆင်ခြင်း အမိန့်
၅။ အင်အားတိုးခြင်း အမိန့်
၆။ ပြင်းထန်စွာ သတိပေးခြင်းအမိန့်
၇။ ရှောင်တခင်ခွင့်အမိန့် (တစ်နှစ်တွင် (၁၀) ရက်ထိသာပေးနိုင်ပြီး ဆက်တိုက်မပေးရ)
၈။ ဆေးဝါးကုသခွင့် အမိန့်
၉။ ခွင့်မဲ့ပျက်ကွက်ခြင်း အမိန့်
၁၀။ တပ်ပြေးကြေညာခြင်း အမိန့်
၁၁။ အဖမ်းခံရခြင်း အမိန့်
၁၂။ အသက်ပေးလှူခြင်း အမိန့်
၁၃။ ဒဏ်ရာရရှိခြင်း အမိန့်
၁၄။ တိုက်ပွဲတွင် ပျောက်ဆုံးခြင်း အမိန့်
၁၅။ တိုက်ပွဲဒဏ်ရာဖြင့် သေဆုံးခြင်း အမိန့်
၁၆။ မတော်တဆသေဆုံးခြင်း အမိန့်
၁၇။ အနာရောဂါဖြင့် သေဆုံးခြင်းအမိန့်
၁၃။ အထက်မှ (သို့) အခြားတိုင်းမှ လွတ်ပေးလိုက်သောဌါနဆိုင်ရာပုဂ္ဂိုလ် (သို့) လုပ်ငန်းဆိုင်ရာတွင် တပ်ဖွဲ့ အသီးသီးအား လုပ်ငန်းရည်ရွယ်ချက်အောင်မြင်စေရန် လိုအပ်သလိုအကူအညီများ ပေးရမည်။
၁၄။ ကြေးနန်းဆက်သွယ်ရေးဌါနကို တိုက်ရိုက်ကြီးကြပ်ကွပ်ကဲရမည်။

ဒု- တိုင်းမှူး၏ တာဝန်ဝတ္တရားများ။
၁။ တိုင်းမှူး၏အမိန့်ညွှန်ကြားချက်ကို နာခံပြီးတိုင်းမှူး၏လုပ်ငန်းတာဝန်များကို ကူညီဆောင်ရွက်ရမည်။
၂။ စစ်တိုင်းလုံခြုံရေးနှင့် စစ်မြေပြင်လုံခြုံရေးအတွက် ညွှန်ကြားစီစဉ်ကွပ်ကဲကြီးကြပ်ရမည်။
၃။ စစ်တိုင်းအတွင်း တပ်မှူးများ၏စည်းကမ်းသေဝပ်မှုကို ကြီးကြပ်ကွပ်ကဲရမည်။
၎။ တိုင်းမှူးမရှိသည့်အချိန် တိုင်းမှူး၏တာဝန်လွှဲအပ်ချက်အရ တိုင်းမှူးတာဝန်ကို ထမ်းဆောင်ရမည်။
တပ်ရဲတာဝန်ခံ၏ တာဝန်ဝတ္တရားများ။
၁။ စစ်တိုင်းရုံးကို အုပ်ချုပ်ကွပ်ကဲရမည်။
၂။ တပ်တွင်းရှိတပ်မှူး၊ တပ်သားအားလုံး၏ကိုယ်ရေးရာဇဝင်မှတ်တမ်းများ၊ တပ်သားစာရင်းများ၊ တပ်တွင်း ဝင်ငွေထွက်ငွေစာရင်းများ၊ လက်နက်ခဲယမ်းမီးကျောက်ပစ္စည်းစာရင်းများ၊ ဆေးဝါးပစ္စည်းစာရင်းများကို စ နစ်တကျပြုစုထားရှိရမည်။
၃။ စစ်ဘက်ဆိုင်ရာ အရေးကြီးစာရွက်စာတမ်းများ၊ လျှို့ဝှက်စာရွက်စာတမ်းများကို လုံခြုံစွာထိန်းသိမ်းရ မည်။
၎။ တိုင်းမှူး၏ ညွှန်ကြားချက်အရ လျှို့ဝှက်ညွှန်ကြားမှုများကို သက်ဆိုင်ရာတပ်မှူးများသို့ ပို့ပေးရမည်။
၅။ စစ်ဘက်ဆိုင်ရာအခမ်းအနားများကို စီစဉ်ကြီးကြပ်ရမည်။
၆။ တပ်တွင်းလုံခြုံရေးအတွက် လိုအပ်သောကင်းအမျိုးမျိုးနှင့် ပတ်သက်၍မိမိကိုယ်တိုင်တာဝန်ယူကွပ်ကဲ သွားရမည်။
၇။ တိုင်းမှူး၏ အမိန့်အရစစ်ဆင်ရေးတစ်ခုတွင် ဖြစ်စေ၊ တပ်အရွှေ့အပြောင်းတွင် ဖြစ်စေ၊ လက်နက်ခဲ ယမ်းမီးကျောက်၊ စစ်ပစ္စည်းများနှင့် သယ်ယူပို့ဆောင်ရေးအစရှိသည့်တို့ကို အသေးစိတ်စီစဉ်ပေးရမည်။
၈။ စစ်တိုင်းတွင် ဌါနအသီးသီးမှအမှုထမ်းအားလုံးမိမိတို့ဆိုင်ရာလုပ်ငန်းများတွင် တာဝန်ကျေပွန်စွာထမ်း ဆောင်ခြင်းရှိမရှိစစ်ဆေးကြည့်ရှုခြင်း၊ စည်းကမ်းများလိုက်နာမှုရှိမရှိစစ်ဆေးခြင်း၊ တပ်ဂုဏ်သက္ခာမြှင့်တင် ကာကွယ်မှုများရှိမရှိ စစ်ဆေးခြင်းများပြုလုပ်ပြီး မိမိကိုယ်တိုင်စံပြအဖြစ် ပြုမူနေထိုင်ကျင့်ကြံရမည်။
၉။ ဗဟိုစစ်ဌါနချုပ်သို့ ပေးပို့ရမည့်ငွေစာရင်းအစီရင်ခံစစာများနှင့် လုပ်ငန်းအစီရင်ခံစာများပြင်ဆင်ပေးမည့် အပြင် အရေးပေါ်အစီရင်ခံစာများကို ပြင်ဆင်ပေးရမည်။ လက်အောက်ခံတပ်မှူးများထံမှ လစဉ်၊ ၃- လပတ် အစီရင်ခံစာ၊ ၆- လပတ်အစီရင်ခံစာ၊ နှစ်ချုပ်အစီရင်ခံစာများကို တိုင်းမှူး၏အခွင့်အရေးအာဏာဖြင့် တောင်းယူရမည်။
၁၀။ တပ်မှူးတပ်သားများ၏ ခရီးသွားလက်မှတ်များထုတ်ပေးရမည်။
၁၁။ နေ့စဉ်တာဝန်ကျ၊ တာဝန်မှူးများအား စနစ်တကျစီစဉ်ရမည်။
၁၂။ လစဉ်တပ်တွင်းအခြေအနေများနှင့် ရန်သူစစ်ရေးအခြေအနေများကို လေ့လာသုံးသပ်ပြီး တပ်တွင်း စည်းကမ်းများလိုအပ်သလို ရေးသားထုတ်ပြန်ညွှန်ကြားသွားရမည်။
၁၃။ တိုင်းမှူး (သို့) ဒု- တိုင်းမှူးမရှိချိန် (သို့) လက်လှမ်းမမှီသောအချိန် (သို့) အရေးတကြီးအရေးယူ ဆောင်ရွက်ရန် လိုအပ်သောအချိန်များတွင် တိုင်းမှူးကိုယ်စားလက်အောက်ခံတပ်မှူးများအား တိုက်ရိုက် အမိန့်ပေးညွှန်ကြားနိုင်သည်။ ထိုသို့ အမိန့်ပေးညွှန်ကြားချက်များပေးပြီးကြောင်း တိုင်းမှူးအားအမြန်ဆုံးအ ကြောင်းကြားရမည်။
၁၄။ စစ်တိုင်းအတွင်းစစ်စည်းကမ်းဖောက်ဖျက်ကျူးလွန်သူများအား တိုင်းမှူး (သို့) ဒု- တိုင်းမှူးနှင့် ညှိနှိုင်း ပြီးထိုက်သင့်သလို အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရမည်။
၁၅။ စစ်ဥပဒေ၊ အမိန့်ညွှန်ကြားချက်များကို ဖောက်ဖျက်ထိပါးမည့်မည်သည့်အပြုအမူမျိုးကိုမဆို ဟန့်တား ရမည်။ အချိန်ကြာမြင့်စွာက ထုတ်ပြန်ခဲ့သောတည်ဆဲအမိန့်ညွှန်ကြားချက်နှင့် စည်းကမ်းများကို ပြန်လည် ထုတ်ပြန်ရမည်။
၁၆။ တပ်တွင်း၊ တပ်မှူး၊ တပ်သားများ၏ အခက်အခဲပြသာနာများကို ရဲဘော်ရဲဘက်စိတ်ထားဖြင့် ကူညီ ဖြေရှင်းပေးခြင်း၊ လိုအပ်ပါက အထက်သို့တင်ပြပေးခြင်းများ ပြုလုပ်ရမည်။
ထောက်လှမ်းရေးမှူးတာဝန်ဝတ္တရားများ
၁။ ရန်သူ၏နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ တပ်တွင်းအခြေအနေများကို နည်းအမျိုးမျိုးဖြင့် စုံ စမ်းရယူရမည်။
၂။ စုံစမ်းထောက်လှမ်းရေးပညာများသင်ကြားပေးရမည်။
၃။ ရန်သူ၏တည်နေပုံ၊ စခန်းမြေပုံ၊ မိမိ၏တာဝန်ကျတိုင်း (သို့) နယ်မြေ၏ဧရိယာမြေပုံကို အသေးစိတ်ရေး ဆွဲရမည်။
၎။ နယ်မြေနှင့် တပ်တွင်းလုံခြုံရေးအတွက် ကာကွယ်ထောက်လှမ်းရေးအစီအစဉ်များကို စနစ်တကျလုပ် ဆောင်ရမည်။
၅။ လျှို့ဝှက်စာရွက်စာတမ်းနှင့် လျှို့ဝှက်လုပ်ငန်းဟူသမျှကို တာဝန်ယူထိန်းသိမ်းရမည်။
၆။ ထောက်လှမ်းရေးမှူးသည် လိုအပ်ပါက တိုင်းမှူးနယ်လှည့်တိုင်း လိုက်ပါသွားရမည်။
၇။ ထောက်လှမ်းရေးမှူးသည် ရသမျှထိုးဖောက်ထောက်လှမ်းရေးသတင်းများ၊ ကာကွယ်ထောက်လှမ်းရေး သတင်းများနှင့် လုံခြုံရေးသတင်းများကို တပ်မှူး (သို့) တိုင်းမှူးထံအမြဲတမ်း အစီရင်ခံရမည်။
၈။ လပ်အောက်ခံထောက်လှမ်းရေးမှူးများ၏ အစီရင်ခံစာကို အထက်တပ်မှူးထံသို့ အမြဲတင်ပြရမည်။
၉။ စစ်ရုံးချုပ်သို့ လချုပ် ဖြစ်စေ၊ အရေးပေါ် ဖြစ်စေ၊ တပ်မှူးထံတင်ပြပြီး အစီရင်ခံရမည်။
၁၀။ လက်အောက်ခံထောက်လှမ်းရေးမှူးများထံသို့ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အကြံညဏ်များပေးခြင်း နှင့် လိုအပ်သလို ညွှန်ကြားချက်များပေးရမည်။
၁၁။ ရန်သူထံမှ ထုတ်ဝေသောစာရွက်စာတမ်းများကို ရှာဖွေစုဆောင်းလေ့လာပြီး အထက်တာဝန်ရှိတပ်မှူး ထံ တင်ပြရမည်။
၁၂။ ရန်သူနယ်မြေအတွင်း လျှို့ဝှက်အဖွဲ့ပစ္စည်းများတိုးချဲ့ဖွင့်လှစ်ရမည်။
၁၃။ ဖမ်းဆီးသုံ့ပန်းနှင့် မသင်္ကာသူများအား စစ်ချက်ယူ၍ သက်ဆိုင်ရာသို့ ပို့ပေးရမည်။
ဆေးမှူး၏ တာဝန်ဝတ္တရားများ။
၁။ ဆေးပစ္စည်းနှင့် ကိရိယာတန်ဆာပလာများကို ရှာဖွေစုဆောင်းရမည်။
၂။ ဆေးသင်တန်းများဖွင့်လှစ်သင်ကြားပေးရမည်။
၃။ ဆေးဌါန၏ ဝင်ငွေထွက်ငွေစာရင်းနှင့် ဆေးအဝင်အထွက်စာရင်းလူနာစာရင်းများကို စနစ်တကျစီစဉ်ပြု လုပ်ထားရမည်။
၎။ ရာသီအလိုက်လက်အောက်ခံဆေးမှူးများသို့ ကျန်းမာရေးညွှန်ကြားချက်များထုတ်ပြန်ရမည်။
၅။ တပ်တွင်းကျန်းမာရေးအခြေအနေများကို သက်ဆိုင်ရာတပ်မှူးထံသို့ လစဉ်ဖြစ်စေ၊ အရေးပေါ်ဖြစ်စေ အ စီရင်ခံရမည်။ လက်အောက်ခံဆေးမှူးများထံမှ လစဉ်အစီရင်ခံစာများကို ရယူကာလိုအပ်သလိုပြန်လည် ညွှန်ကြားရမည်။
၆။ တပ်တွင်းဆေးပစ္စည်းများနှင့် လူနာများ၏လုံခြုံမှုအတွက် တပ်ရေးတာဝန်ခံနှင့် ဆွေးနွေးတိုင်ပင်ကာ လို အပ်သလိုစီစဉ်ဆောင်ရွက်ရမည်။
၇။ ဆေးဘက်ဆိုင်ရာဌါနကို စနစ်တကျစီမံကွပ်ကဲအုပ်ချုပ်ရမည်။
၈။ တပ်တွင်းဆေးမှူးသည် တပ်ရဲ့တာဝန်ခံ၏စီမံကွပ်ကဲမှုကို လိုက်နာရမည်။
အရာခံဗိုလ်၏ တာဝန်ဝတ္တရားများ။
၁။ အရာခံဗိုလ်သည် တပ်ရင်းတရင်းအတွင်း တဦးတည်သာရှိသည်။ တပ်ခွဲဒု- အရာခံဗိုလ်အဆင့်အောက် အကြပ်တပ်သားများအားလုံးအပေါ် အာဏာအရှိဆုံးနှင့် တာဝန်အကြီးဆုံးဖြစ်သည်။ တပ်ခွဲ ဒု- အရာခံဗိုလ် အဆင့် အောက်အကြပ်၊ တပ်သားအားလုံး၏ စည်းကမ်းသေဝပ်မှုကို လေ့လာစုံစမ်းစစ်ဆေးပြီး ပြုပြင်ချုပ် ကိုင်ရမည်။
၂။ တပ်ရင်းအတွင်း လက်အောက်ခံအရာခံအကြပ်၊ တပ်သားအားလုံး၏ အခြေအနေအားလုံးနှင့် နေ့စဉ်အ လုပ်တာဝန်ဝတ္တရားအခြေအနေများကို ရယူ၍တပ်ရင်းမှူး (သို့) တပ်ရေးဗိုလ်ကြီးထံ သတင်းပေးပို့ရမည်။
၃။ တပ်ရင်းမှူးအမိန့်အရ စောင့်ကြပ်လုပ်ဆောင်ရမည့်နေရာ၊ အလုပ်တာဝန်များကို အရာခံ၊ အကြပ်၊ တပ် သားများအား စနစ်တကျတာဝန်ခွဲဝေပေးရမည်။
၎။ တပ်ရင်းမှူး၊ တပ်ရေးဗိုလ် (သို့) တပ်ရင်းရုံးတိုင်းမှူးအား အမြဲတမ်းအထောက်အကူပြုရမည်။
၅။ တပ်ရင်းအတွင်းရှိ အရာခံ၊ အကြပ်၊ တပ်သားများအား စည်းကမ်းအရနှင့် နိုင်ငံရေးသဘောတရားအရ ချုပ်ကိုင်သွားရမည်။
၆။ တပ်ရင်းအတွင်းအပြင် အထက်အရာရှိများ၏ လုံခြုံရေးများကို အမြဲတမ်းတာဝန်ယူကြည့်ရှုစစ်ဆေးရ မည်။
၇။ တပ်တွင်းစည်းကမ်းဖောက်ဖျက်သူများ၊ ပြစ်မှုငယ်ကျူးလွန်သူများကို အရေးယူပြုပြင်ရမည်။
၈။ တပ်တွင်း တရားဥပဒေစိုးမိုးရေး၊ တပ်တွင်းစိတ်ဓါတ်မြှင့်တင်ရေး၊ တပ်တွင်းပျော်ရွှင်ရေးနှင့် တပ်တွင်း စည်းလုံးညီညွတ်ရေးတာဝန်ဝတ္တရားများကို တာဝန်ယူလုပ်ဆောင်ရမည်။
၉။ တပ်တွင်း ဒု- အရာခံဗိုလ်အောက်အကြပ်၊ တပ်သားအားလုံး၏ အခက်အခဲပြသာနာများကို အနီးကပ် လေ့လာပြီး ရဲဘော်ရဲဘက်စိတ်ဓါတ်အပြည့်အဝဖြင့် တူညီဖြေရှင်းပေးရမည်။
၁၀။ တပ်တွင်းအထွက်အဝင်ကို ကြပ်မတ်စစ်ဆေးရမည်။
၁၁။ တပ်ရင်းနယ်မြေအတွင်း အခွင့်အရှိသွားလာသူလူစိမ်းများအား အရေးယူစစ်ဆေးရမည်။
၁၂။ လက်အောက်ခံ ဒု- အရာခံဗိုလ်များထံမှ နေ့စဉ်မနက်တကြိမ်၊ ညနေတကြိမ်အစီရင်ခံစာတင်ပြခြင်းများ ရယူပြီး လိုအပ်သလိုပြန်လည်ညွှန်ကြားချက်များ ပေးရမည်။
၁၃။ တပ်ရင်းအတွင်း ထုတ်ပြန်ထားသောအမိန့်ညွှန်ကြားချက်များ၊ ပြန်တမ်းများ၊ ကြေညာချက်များ၊ ထုတ် ပြန်ချက်များကို တပ်မတော်သားများအား ရှင်းပြခြင်း၊ အခွင့်မှပြန်လာသူများအား ရှင်းပြခြင်း၊ ရှေ့တန်းမှပြန် လာသူများအား ရှင်းပြခြင်းများပြုလုပ်ရမည်။
၁၄။ တပ်ရင်းအတွင်း ဒု- အရာခံဗိုလ်အောက်အကြပ်၊ တပ်သားအားလုံးအပေါ်အာဏာအရှိဆုံးနှင့် တာဝန် အကြီးဆုံးဖြစ်သည်နှင့် အညီ အချိန်ကိုလေးစားတန်ဖိုးထားမှု၊ လုပ်ငန်းကိစ္စအရပ်ရပ်၌ တာဝန်ကျေပွန်မှု၊ ဇွဲ လုံ့လစိုက်ထုတ်မှု၊ စည်းကမ်းနှင့် အမိန့်များကို လေးစားလိုက်နာမှုများတွင် တတပ်လုံး၏စံပြ ဖြစ်ရမည်။
၁၅။ တပ်ရင်းနယ်နိမိတ်အတွင်း အကြပ်၊ တပ်သားများ၏ စည်းကမ်းနှင့် စနစ်တကျနေထိုင်မှုကို ထိန်းသိမ်း စောင့်ရှောက်ရမည်။
၁၆။ တပ်ရင်းအတွင်းမှ လူအင်အား၊ လက်နက်ခဲယမ်းမီးကျောက်စာရင်း၊ အသုံးအဆောင်ပစ္စည်းစာရင်းများ အပြင် ရန်သူသတင်းအခြေအနေ၊ မိမိလက်အောက်ငယ်သားများ၏ အခြေအနေများအား တပ်ရင်းမှူးထံ (သို့) တပ်ရေးဗိုလ်ကြီးထံ အစီရင်ခံတင်သွင်းခြင်းများပြုလုပ်ခြင်းနှင့် အမြဲစစ်ဆေးခြင်းများ ပြုလုပ်ရမည်။
ဒု- အရာခံဗိုလ်၏ တာဝန်ဝတ္တရားများ။
၁။ ဒု- အရာခံဗိုလ်အဆင့်သည် တပ်ကြပ်ကြီး၊ တပ်ကြပ်၊ ဒု- တပ်ကြပ်၊ တပ်သားအားလုံးအပေါ် အဆင့်အ မြင့်ဆုံးဖြစ်သည်နှင့် အညီ ခေါင်းဆောင်ပိုင်ခွင့်၊ တာဝန်ယူအုပ်ချုပ်ပိုင်ခွင့်၊ အလုပ်တာဝန်ခွဲဝေပေးပိုင်ခွင့်၊ အ မိန့်အာဏာရှိသူ ဖြစ်သည်။
၂။ တပ်ခွဲအတွင်းရှိ အကြပ်၊ တပ်သားအားလုံး၏ စည်းကမ်းလိုက်နာမှုကို လေ့လာစစ်ဆေးကြပ်မတ်သွား ရမည်။
၃။ တပ်ခွဲအတွင်းပြစ်မှုငယ်ကျူးလွန်သူများအား အရေးယူပြုပြင်ရမည်။
၎။ တပ်ခွဲအတွင်း အကြပ်၊ တပ်သားများအား လိုအပ်သလိုတန်းစီခေါ်စစ်ဆေးရမည်။
၅။ တပ်ခွဲမှုမှ ချမှတ်သော အမိန့် (သို့) တပ်ရင်းမှချမှတ်သော အမိန့်ညွှန်ကြားချက်များအား တပ်ခွဲတွင်းရဲ ဘော်များ လိုက်နာအောင် ကွပ်ကဲရမည်။
၆။ တပ်တွင်းရှိ အကြပ်၊ တပ်သားများအား အလုပ်တာဝန်ခွဲဝေပေးရမည်။
၇။ တပ်ခွဲအတွင်း နေ့စဉ်လုပ်ငန်း၊ အခြေအနေအရပ်ရပ်နှင့် ပတ်သက်၍ တပ်ခွဲမှူးနှင့် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ရမည်။
၈။ တပ်ခွဲလူအင်အား စာရင်း၊ လက်နက်ခဲယမ်းမီးကျောက် စာရင်းများအပြင် လက်အောက်ငယ်သားများ၏ အခြေအနေများကို အမြဲတမ်းကြည့်ရှုစစ်ဆေးပြီး အထက်သို့လိုအပ်သလိုအစီရင်ခံတင်ပြရမည်။
၉။ တပ်ခွဲမှူး၏အမိန့်အရ စောင့်ကြပ်ရမည့်နေရာများကို အကြပ်ငယ်သားများအား စနစ်တကျတာဝန်ခွဲဝေ ပေးရမည်။
၁၀။ တပ်ခွဲအတွင်း အကြပ်၊ တပ်သားအားလုံး၏ အခက်အခဲပြသာနာများကို အနီးကပ်လေ့လာပြီး ရဲဘော်ရဲ ဘက်စိတ်ဓါတ်အပြည့်ဖြင့် ကူညီဖြေရှင်းပေးရမည်။
၁၁။ တပ်ခွဲအတွင်း စားဝတ်နေရေး၊ ဆေးဝါးကုသရေး၊ စိတ်ဓါတ်မြှင့်တင်ရေး၊ တပ်တွင်းတရားဥပဒေစိုးမိုး ရေး၊ စည်းကမ်းထိန်းသိမ်းရေး၊ ထောက်လှမ်းရေးလုပ်ငန်းများကို တပ်ခွဲမှူးနှင့် တိုင်ပင်ညှိနှိုင်းကြီးတာဝန်ယူ လုပ်ဆောင်ရမည်။
၁၂။ တပ်ခွဲအတွင်း အထွက်အဝင်များကို စနစ်တကျစစ်ဆေးကြည့်ရှုရမည်။
၁၃။ တပ်ခွဲနယ်နိမိတ်အတွင်း အကြပ်၊ တပ်သားများ၏ စည်းကမ်းနှင့် စနစ်တကျနေထိုင်မှုကို ထိန်းသိမ်း စောင့်ရှောက်ရမည်။
တပ်စုမှူး (သို့) တပ်ကြပ်ကြီး၏ တာဝန်ဝတ္တရားများ။
၁။ တပ်စုမှူးသည် မိမိတပ်စုအတွင်းရှိ တပ်ကြပ်၊ ဒု- တပ်ကြပ်၊ တပ်သားအားလု့းအပေါ် အာဏာအမြင့်ဆုံး နှင့် တာဝန်အရှိဆုံးဖြစ်သည်။
၂။ တပ်စုအတွင်းရှိ တပ်ကြပ်၊ ဒု- တပ်ကြပ်၊ တပ်သားများစည်းကမ်းလိုက်နာမှုရှိအောင် သွန်သင်ထိန်း ကျောင်းပေးခြင်း၊ တိုက်ရည်ခိုက်ရည်မြှင့်တင်လာအောင် လေ့ကျင့်ပညာပေးခြင်း၊ အမြဲအဆင်သင့်ဖြစ် အောင် ပြင်ဆင်ခြင်း၊ တပ်စုဂုဏ်သိက္ခာမကျအောင် နေထိုင်ကျင့်ကြံမှုများတွင် ဦးဆောင်တာဝန်ယူရမည်။
၃။ တပ်စုအတွင်းရှိ လက်နက်ခဲယမ်းမီးကျောက်၊ စစ်အသုံးအဆောင်ပစ္စည်းမှန်သမျှကို စနစ်တကျစာရင်းပြု စုထားပြီး မကြာခဏစစ်ဆေးခြင်းများ ပြုလုပ်ရမည်။
၎။ မိမိတပ်စုအတွင်းရှိ ရဲဘော်များအား စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေးကိစ္စများတွင် တိုးတက်မှုရှိလာစေရန် တပ်တွင်းပညာပေးစည်းရုံးလှူံ့ဆော်မှုများ ပြုလုပ်ရမည်။
၅။ တပ်စိတ်၏ အစီရင်ခံစာများအပေါ် ပြန်လည်ညွှန်ကြားခြင်းနှင့် တပ်စုတွင်းအခြေအနေစုံကို အထက်သို့ အစီရင်ခံခြင်းများ ပြုလုပ်ရမည်။
၆။ တပ်စုအတွင်းရှိတပ်စိတ်များအား အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ညွှန်ကြားခြင်း၊ နေရာချ ထားပေးခြင်းများ ပြုလုပ်ရမည်။
၇။ မိမိတပ်စုအတွင်းရှိ လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရမည်။
၈။ မိမိတပ်စုအတွင်းရှိ တပ်စိတ်များထံသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း၊ အကြံပေးဆွေးနွေးခြင်း၊ တန်းစီ ခေါ်စစ်ဆေးခြင်းများ ပြုလုပ်ရမည်။
၉။ မိမိနှင့် သက်ဆိုင်သောတပ်ခွဲမှူများနှင့် အမြဲတမ်းညှိနှိုင်းမှုပြုလုပ်ခြင်း၊ အကြံညဏ်များတောင်းခံခြင်း ပြု လုပ်ရမည်။
၁၀။ မိမိတပ်စုအတွင်းရှိ ရဲဘော်များ၏ ပြစ်မှုသေးကျူးလွန်မှုများကို တာဝန်ယူဖြေရှင်းရမည်။ တပ်တွင်းစည်း ကမ်းများကို ထိခိုက်နစ်နာစေရမည့်အဆင့်ရှိလာပါက သက်ဆိုင်ရာတပ်ခွဲမှူးထံ သတင်းပို့တင်ပြရမည်။
၁၁။ မိမိတပ်စုအတွင်းရှိ တပ်ကြပ်၊ ဒု- တပ်ကြပ်၊ တပ်သားများ၏အခက်အခဲပြသာနာများကို အနီးကပ် ကြည့်ရှုလေ့လာပြီး ရဲဘော်ရဲဘက်စိတ်ဓါတ်အပြည့်အဝဖြင့် ကူညီဖြေရှင်းပေးရမည်။
၁၂။ တပ်စုအတွင်းတာဝန်အရှိဆုံးဖြစ်သည်နှင့် အညီ အမိန့်နာခံမှု၊ စည်းကမ်းရှိမှု၊ ဝတ်စားဆင်ယင်မှု၊ ပြုမူ နေထိုင်မှုများတွင် လက်အောက်ခံရဲဘော်များ၏ စံပြအဖြစ် ကျင့်ကြံနေထိုင်ရမည်။
၁၃။ တပ်ရင်းတပ်ခွဲအတွင်း ထုတ်ပြန်ထားသောအမိန့်ပြန်တမ်းများညွှန်ကြားချက်များကို ရဲဘော်များအား စ နစ်တကျသိရှိနားလည်အောင် ရှင်းပြခြင်းများ ပြုလုပ်ရမည်။
၁၄။ တပ်စုအတွင်း ရဲဘော်အားလုံး၏ကျန်းမာရေး၊ သန့်ရှင်းရေးများတွင် တာဝန်ယူကြီးကြပ်ရမည်။

တပ်စိတ်မှူး (သို့) တပ်ကြပ်၏ ဝတ္တရားများ။
၁။ တပ်စိတ်မှူးသည် တပ်စိတ်အတွင်းအာဏာအမြင့်ဆုံးနှင့် တာယန်အရှိဆု့း ဖြစ်သည်။
၂။ တပ်စိတ်မှူးသည် တပ်စိတ်အတွင်းရှိရဲဘော်များအားလုံး လုပ်ငန်းတာဝန်ခွဲဝေပေးရမည်။
၃။ တပ်စိတ်မှူးသည် လက်နက်ခဲယမ်းမီးကျောက်ကိရိယာများ၊ စစ်အသုံးအဆောင်ပစ္စည်းများ၊ တပ်သားစာ ရင်းများ စနစ်တကျပြုစုခြင်းနှင့် မပျောက်မပျက်အောင် ကြီးကြပ်ခြင်းများ ပြုလုပ်ရမည်။
၎။ တပ်စိတ်အတွင်းတပ်သားများအား တန်းစီခေါ်ခြင်း၊ တပ်စိတ်အတွင်း ဆွေးနွေးပွဲမျာပြုလုပ်အကြံညဏ် ပေးခြင်း၊ စိတ်ဓါတ်မြှင့်တင်ပေးခြင်း၊ ဆိုဆုံးမခြင်း၊ ညွှန်ကြားခြင်းများ ပြုလုပ်ရမည်။
၅။ တပ်စိတ်ကင်းနှင့် ပတ်သက်၍ကင်းချခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်ရမည်။
၆။ တပ်စိတ်အတွင်းတပ်သားများ၏ အမိန့်နာခံမှု၊ စည်းကမ်းရှိမှုနှင့် စစ်ဓလေ့ထုံးတမ်းစဉ်လာများ လိုက်နာမှု များကို ကြီးကြပ်ကွပ်ကဲရမည်။
၇။ တပ်စိတ်တွင်း ရဲဘော်များ၏အခက်အခဲများကို အနီးကပ်လေ့လာပြီး ဖခင်များသဖွယ်ကူညီဖြေရှင်းပေးရ မည်။ တပ်စုမှူးထံတပ်စိတ်အခြေအနေများကို လိုအပ်သလိုတင်ပြရမည်။
၈။ တပ်စိတ်အတွင်း ပြစ်မှုကျူးလွန်သူ၊ စည်းကမ်းဖောက်ဖျက်သူရဲဘော်များအား လိုအပ်သလိုအရေးယူပြု ပြင်ပေးရမည်။
၉။ တပ်သားများတိုက်ရည်ခိုက်ရည်ပြည့်ဝစေရန် လေ့ကျင့်သွန်သင်ပေးရမည်။
ဒု- တပ်စိတ်မှူး၊ ဒု- တပ်ကြပ်၏ တာဝန်ဝတ္တရားများ။
၁။ ဒု- တပ်စိတ်မှူးသည် တပ်စိတ်အတွင်းတပ်သားများအပေါ် ဒုတိယအာဏာအရှိဆုံးနှင့် တာဝန်အရှိဆုံး ဖြစ်သည်။
၂။ တပ်စိတ်မှူးအား အမြဲတမ်းအကူအညီပေးရမည်။
၃။ တပ်စိတ်မှူးမရှိချိန်တပ်စိတ်မှူးတာဝန်ကို ခေတ္တတာဝန်ယူရမည်။
၎။ တပ်စိတ်အတွင်း တပ်သားများအားအမိန့်နာခံမှု၊ စည်းကမ်းရှိမှုနှင့် စစ်ဓလေ့ထုံးတမ်းစဉ်လာများအား လိုက်နာမှုရှိစေရန် စံနမူနာပြရမည်။ အမြဲစည်းရုံးသိမ်းသွင်းရမည်။
၅။ တပ်သားများ၏ အခက်အခဲလိုအပ်ချက်များအား အမြဲမပျက်လေ့လာပြီး မိခင်များသဖွယ်ကူညီဖြေရှင်း ပေးရမည်။
၆။ တပ်သားများ၏ အခြေအနေကို အမြဲလေ့လာပြီးတပ်စိတ်မှူးထံ တင်ပြရမည်။
၇။ တပ်စိတ်အတွင်း စားရေးသောက်ရေးကို တာဝန်ယူဦးဆောင်မှုပြုလုပ်ရမည်။
၈။ တပ်စိတ်အတွင်း စက်ကလေးကိုင်ဆောင်ရမည်။
၉။ တပ်စိတ်အတွင်း ပြစ်မှုသေးကျူးလွန်သူရဲဘော်များအား အရေးယူပြုပြင်ရမည်။
တပ်မတော်သားတိုင်း၏ တာဝန်ဝတ္တရားများ။
၁။ အထက်အမိန့်ကို နာခံရမည်။
၂။ စည်းကမ်းသေဝပ်မှု ရှိရမည်။
၃။ ဖျက်လတ်သွက်လက်မှု ရှိရမည်။
၎။ အမြဲတမ်းအဆင်သင့် ရှိရမည်။
၅။ အမြဲသတိအနေအထား ရှိရမည်။
၆။ တက်ကြွနိုးကြားမှု ရှိရမည်။
၇။ အထက်လူကြီးများ၊ တပ်သားအချင်းချင်းရိုသေလေးစားမှု ရှိရမည်။
၈။ အချိန်လေးစားရမည်။ တိကျရမည်။
၉။ အခက်အခဲအကြပ်အတည်းကို ရင်ဆိုင်ရဲရမည်။ ဒဏ်ကို ခံနိုင်ရည်ရှိရမည်။
၁၀။ သစ္စာရှိရမည်။ ရိုးသားဖြောင့်မတ်စွာ နေထိုင်ရမည်။
၁၁။ အကျင့်စာရိတ္တကောင်းမွန်ရမည်။
၁၂။ ရဲဘော်အချင်းချင်းကြား ရဲဘော်ရဲဘက်စိတ်ဓါတ်ထားရှိရမည်။
၁၃။ ခိုင်မြဲသည့်ယုံကြည်ချက် ရှိရမည်။
၁၄။ မိမိကိုယ်ကို ထိန်းချုပ်နိုင်ရမည်။
၁၅။ အထက်မှ ပေးအပ်သောတာဝန်ကို ကျေပွန်စွာထမ်းဆောင်ရမည်။
၁၆။ မိမိကိုယ်ကို ယုံကြည်မှုရှိရမည်။
၁၇။ ကျန်းမာရေးဂရုစိုက်ရမည်။
၁၈။ မိမိလက်နက်ကိရိယာကို ကောင်းမွန်စွာထိန်းသိမ်းကိုင်တွယ်ရမည်။
၁၉။ မိမိလက်နက်၊ ကျည်ဆံ၊ ကျဉ်များကို မကြာခဏတိုက်ချွတ်၊ ရေတွက်ရမည်။
၂၀။ ပေါင်းသင်းဆက်ဆံရေး ပြေပြစ်ရမည်။
၂၁။ ပတ်ဝန်းကျင်အခြေအနေကို လေ့လာရမည်။ ဝေဖန်နိုင်ရမည်။
၂၂။ သပ်ရပ်စွာ ဝတ်စားဆင်ယင်မှု ရှိရမည်။

စခန်းတာဝန်ခံ၏ တာဝန်ဝတ္တရားများ။
၁။ တပ်တွင်းတပ်မှူးများ ကိုယ်စားတာဝန်ထမ်းဆောင်ရမည်။
၂။ တပ်တွင်းလက်နက်သိုလှောင်တိုက်များလုံခြုံမှုကို နေ့စဉ်ကြည့်ရှုစစ်ဆေးရမည်။
၃။ တပ်တွင်းပစ္စည်းသိုလှောင်ရုံးများကို ကြည့်ရှုစစ်ဆေးရမည်။
၎။ တပ်တွင်း အကျဉ်းသားများ၊ အကျဉ်းချအချုပ်သားများကို ကြည့်ရှုစစ်ဆေးရမည်။
၅။ တပ်တွင်း အဆောက်အအုံများကို ကြည့်ရှုစစ်ဆေးရမည်။
၆။ တပ်တွင်းကင်းထဲများကို ကြည့်ရှုစစ်ဆေးရမည်။
၇။ တပ်တွင်း တပ်နယ်မြေအတွင်း အခွင့်မရှိသွားလာသော လူစိမ်းများအား စစ်ဆေးအရေးယူရမည်။
၈။ တပ်တွင်း အကြပ်၊ တပ်သားများ၏ စည်းကမ်းနှင့် စနစ်တကျနေထိုင်မှုကိုထိန်းသိမ်းစောင့်ရှောက်ရမည်။
၉။ တပ်တွင်း စည်းကမ်းဖျောက်ဖျက်သူအကြပ်၊ တပ်သားများအား အရေးယူပြုပြင်ရမည်။
၁၀။ တပ်တွင်းအရာရှိများ၏ လုံခြုံရေးကို ကြပ်မတ်ရမည်။
၁၁။ တပ်တွင်း အကြပ်၊ တပ်သားများအား စနစ်တကျတာဝန်ခွဲဝေကြပ်မတ်ရမည်။
၁၂။ တပ်တွင်း အကြပ်၊ တပ်သားများ၏ အခြေအနေနှင့် တပ်တွင်းအခြေအနေများကို ရယူကာအထက်တပ် မှူးထံ နေ့စဉ်ပုံမှန်သတင်းပို့အစီရင်ခံရမည်။
၁၃။ တပ်တွင်းလုပ်ငန်းတာဝန်များနှင့် ပတ်သက်၍အထက်တပ်မှူးနှင့် တိုင်ပင်ညှိနှိုင်းပြီး လုပ်ဆောင်ရမည်။
၁၄။ တပ်တွင်းရေးဆိုင်ရာများ၊ တန်းလျားများ၊ ပျော်ပွဲရွှင်ပွဲများကို ကြည့်ရှုပြီး ကြပ်မတ်ရမည်။
၁၅။ တပ်တွင်းအကြပ်တပ်သားများ၏ အခက်အခဲပြသာနာများကို အနီးကပ်လေ့လာပြီး ရဲဘော်ရဲဘက်စိတ် ဓါတ်အပြည့်အဝဖြင့် ကူညီဖြေရှင်းပေးရမည်။
၁၆။ တပ်တွင်း၊ ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များအား တပ်တွင်းရဲဘော်များကို ရှင်းလင်းပေး ခြင်းများ ပြုလုပ်ရမည်။
၁၇။ တပ်တွင်း လူစစ်တန်းစီတာဝန် ယူရမည်။
ပစ္စည်းထိန်းခြင်း။
၁။ ရိက္ခာများလက်ခံခြင်း၊ ထုတ်ပေးခြင်းများ ပြုလုပ်ရမည်။
၂။ လက်နက်ခဲယမ်းများ၊ အထက်အမိန့်အရထုတ်ပေးခြင်းများစာရင်းအင်းများနှင့် တကွ စနစ်တကျပြုလုပ်ရ မည်။ စာရင်းနှင့် ပစ္စည်းကွာဟမှုရှိပါက အထက်သို့တင်ပြရမည်။
၃။ မိမိထံအပ်နှံထားသော ပစ္စည်းများ၊ လက်နက်ခဲယမ်းမီးကျောက်များအား စနစ်တကျထိန်းသိမ်းခြင်းများ ပြုလုပ်ရမည်။
၎။ ဂိုဒေါင်ထဲသို့ မသက်ဆိုင်သူများအား ဝင်ထွက်သွားခြင်းကို တားမြစ်ရမည်။
စာရေးကြီး
၁။ ရုံးလုပ်ငန်းကိစ္စအဝတွင် တပ်ရေးဗိုလ်ကြီးအား ကူညီလုပ်ဆောင်သွားရမည်။
၂။ တပ်တွင်းရှိ တပ်ကြပ်စာရေးများ၏ လုပ်ငန်းတာဝန်များကို ကြီးကြပ်စစ်ဆေးရမည်။
၃။ ရုံးလုပ်ငန်းဆိုင်ရာပစ္စည်းကိရိယာများကို စနစ်တကျထိန်းသိမ်းထားရှိရမည်။
၎။ စာဝင်စာထွက်များကို စနစ်တကျစီစစ်ထိန်းသိမ်းထားရှိရမည်။
၅။ လျှို့ဝှက်စာရွက်စာတမ်းနှင့် အရေးကြီးစာရွက်စာတမ်းများကို လုံခြုံစွာသိမ်းဆည်းထားရမည်။
၆။ ရုံးစာရေးသည် တပ်ရေးဗိုလ်ကြီး၏ တိုက်ရိုက်ညွှန်ကြားမှုအောက်တွင် ရှိရမည်။
၇။ တပ်တွင်းလုံခြုံမှုအတွက် ရုံးလုပ်ငန်းဆိုင်ရာလုံခြုံမှုအမိန့်စည်းကမ်းများ၊ ရုံးစာရေးအားလုံးတသဝေမ တိမ်းလိုက်နာရန်နှင့် လုံခြုံမှုရှိရန် တာဝန်ယူရမည်။
၈။ တာဝန်ရှိပုဂ္ဂိုလ်များမှအပ ရုံးတွင်းဝင်ထွက်သွားလာခြင်းကို တားမြစ်ရမည်။
၉။ တပ်တွင်းလူအင်အားစာရင်း၊ လက်နက်ခဲယမ်းစာရင်းများကို စနစ်တကျပြုလုပ်ရမည်။
စာရေး
၁။ ရုံးလုပ်ငန်းနှင့် ပတ်သက်၍ မိမိအားခွဲဝေပေးသောလုပ်ငန်းတာဝန်များကို စနစ်တကျကိုင်တွယ်ထိန်း သိမ်းလုပ်ဆောင်ရမည်။
၂။ ရုံးလုပ်ငန်းဆိုင်ရာလုံခြုံမှုအမိန့်နှင့် စည်းကမ်းများကို တသဝေမတိမ်းလိုက်နာရမည်။
၃။ ရုံးလုပ်ငန်းဆိုင်ရာစာရွက်စာတမ်းများကို စနစ်တကျထိန်းသိမ်းထားရှိရမည်။
၁၉၉၆- ခုနှစ်၊ ဇူလိုင်လမှစ၍ အတည်ပြုပြဌါန်းလိုက်သည်။

No comments: